[ZawGyi] ၁။ ဂန္ထဝင်ကစားသမားကြီး ဖရန့်ခ်လမ်းပတ်သာ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာခဲ့ရင် (၄-၃-၃)နဲ့ (၄-၂-၃-၁) ကစားကွက်တို့ကို အသုံးပြုနိုင်ဖွယ်ရှိနေပြီး အေဘရာဟင်မ်၊ မေဆင်မောင့်သ်၊ အမ်ပါဒူနဲ့ အိုဒွိုင်းတို့လို လူငယ်ကြယ်ပွင့်တွေလည်း အခွင့်အရေးအများအပြားရလာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။ ၂။ The Sun သတင်းစာကတော့ ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတချို့ဟာ နည်းပြဆာရီကို လက်လွှတ်လိုခြင်းမရှိဘဲ အီတလီသားကြီးအနေနဲ့ နောက်ရာသီမှာပါ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ပိုကောင်းလာနိုင်တယ်လို့ ယူဆနေကြကြောင်း သတင်းတွေအရ သိရပါတယ်။ ၃။ ဂျူဗင်တပ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီချီကတော့ နည်းပြဆာရီအတွက် ဆွေးနွေးမှုတွေ အပြီးသတ်နိုင်ဖို့အတွက်…

reading now

[ZawGyi] ၁။ မန်ယူနိုက်တက်အသင်းဟာ ပေါလ်ပေါ့ဂ်ဘာကိုသာ ဂျူဗင်တပ်အသင်းကို ရောင်းချခဲ့ရရင် ပေါင် (၄၄)သန်းတန် ညာနောက်ခံလူ ယာအိုကန်ဆယ်လိုကို ကစားသမားအလိုက် လိုချင်နေတယ်လို့ သိရပါတယ်။ ၂။ ပီအက်စ်ဂျီအသင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလဟလတွေသာ ဖြစ်တယ်လို့ အေးဂျင့်ရိုင်အိုလာက ငြင်းဆန်ပယ်ချခဲ့တာကြောင့် အေဂျက်စ်နောက်ခံလူ ဒီလစ်ခ်ျကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။ ၃။ မန်ယူနိုက်တက်ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အရမ်းနီးစပ်နေတဲ့ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်မန်းဇ်ကို ပေါင် (၉၅)သန်းနဲ့ ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားလာကြောင်း သတင်းတွေ…

reading now

၁။ ပီအက်စ်ဂျီအသင်းက ခံစစ်မှူး မာကွင်ဟို့စ်ကို ဂျူဗင်တပ်အသင်းက ခေါ်ယူဖို့ ချဉ်းကပ်နေပါတယ်။ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မာသစ် ဒီလစ်ခ်ျဟာ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့ရင် အဆိုပါ ဘရာဇီးလ်သား အနေနဲ့ ပွဲထွက်ခွင့် ပျောက်ဆုံး ဖွယ်ရှိနေတာမို့ အသင်းပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ၂။ ရီးရဲလ်မက်ဒရစ်အသင်းက ကွင်းလယ်လူ ဒန်နီ စီဘယ်လော့စ်က သူ့ရဲ့ အနာဂတ်ကို ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြီးမှသာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဆိုပါကစားသမားကို ခေါ်ယူဖို့ စပါး၊…

reading now

ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ ပွဲစဉ်ဇယားတွေကို စတင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ မူလကြေညာထားတဲ့အတိုင်း ဇွန်လ ၁၃ ရက်နေ့ ညနေ ၂ နာရီ ခွဲ မှာ ပွဲစဉ် ၃၈၀ လုံးကို တပြိုင်နက်တည်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ပွဲစဉ်ဇယားအရ အဖွဲ့ပွဲစဉ် ရေးဆွဲထားမှုဟာ ယမန်နေ့က ပေါက်ကြားခဲ့တဲ့ ပွဲစဉ်တွေနဲ့ ကိုက်ညီခဲ့ခြင်းမရှိပါဘူး။ အဖွင့်ပွဲစဉ်မှာကတည်းက အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံနေခဲ့ပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းက ချယ်လ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။ ယခု ထုတ်ပြန်လိုက်တဲ့ ပွဲစဉ်ဇယားအရ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ…

reading now

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရိုမီယူ လူကာကူဟာ ချယ်လ်ဆီးနည်းပြဟောင်းဖြစ်ခဲ့ဖူးပြီး လက်ရှိ အင်တာမီလန်နည်းပြသစ် အန်တိုနီယို ကွန်တီကို ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်သလို သူ့အနေနဲ့ စီးရီးအေကို ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းလည်း အရိပ်အမြွက်စကားဆိုခဲ့တယ်လို့ Goal သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ လူကာကူဟာ အင်တာမီလန်အသင်းရဲ့ ခေါ်ယူဖို့ ချိတ်ဆက်ခြင်းခံနေရတဲ့ ကစားသမားဖြစ်ပြီး သူကိုယ်တိုင်ကလည်း မန်ယူအသင်းကနေ ထွက်ခွာပြီး အဆိုပါအသင်းထံ ပြောင်းရွှေ့လိုကြောင်း မကြာခန အရိပ်အမြွက်စကားတွေ ဆိုနေခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းဟာ အဆိုပါကစားသမားအတွက် တန်ကြေး ပေါင် သန်း ၈၀…

reading now

အသက် (၂၇) နှစ်အရွယ် ကစားသမားရဲ့ တန်ဖိုးဟာ ဇန်န၀ါရီလအတွင်းက ယူရို (၂၁၃) သန်းအထိ ရှိခဲ့ပေမယ့် ဇွန်လအတွင်းမှာ ယူရိုသန်း (၁၂၀) သာ ရှိတော့တယ်လို့ CIES က ထုတ်ပြန်ခဲ့ပါတယ်။ နေမာဟာ မက်ဆီရဲ့ လောင်းရိပ် မိနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ နေမာအတွက် ပီအက်စ်ဂျီက ပေါင် (၁၉၈)သန်းအထိ ပေးချေခဲ့ရပြီး ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လက်ရှိအချိန်ထိ သူ့ရဲ့ စံချိန်ကို ချိုးဖျက်နိုင်မယ့် ကစားသမား ထွက်ပေါ်မလာသေးပဲ ရှိနေခဲ့ပါတယ်။…

reading now

၁။ အာဆင်နယ်အသင်းဟာ လာလီဂါကလပ် ဂီတာဖေးအသင်းက တိုဂိုလက်ရွေးစင် ခံစစ်မှူး ဒီဂျိန်း ဒါကိုနမ်ကို ခေါ်ယူဖို့ အကျိတ်အနယ် ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဂီတာဖေးအသင်းဟာ အဆိုပါကစားသမားအတွက် တန်ကြေး ယူရို ၃၅ သန်း (ပေါင် ၃၁.၁၅ သန်း) အလိုရှိနေပါတယ်။ ၂။ အာဆင်နယ်အသင်းဟာ စိန့်အန်တီယန်အသင်းက လူငယ်ကြယ်ပွင့် ခံစစ်မှူး ဝီလီယံ ဆာလီဘားကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ Express သတင်းစာက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ စိန့်အန်တီယန်တို့အကြား ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်ရောက်လာတဲ့အထိ တိုးတက်မှုတွေ…

reading now

ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ရဲ့ ကြိုဆိုမိတ်ဆက်ပွဲအခမ်းအနားကို ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူခဲ့စဉ်ကထက် ပိုမိုပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ချယ်လ်ဆီးကနေ ပြောင်းရွှေ့လာမယ့် ဟာဇက်၇ဲ့ မိတ်ဆက်ပွဲကို ဒီနေ့မှာ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့မိတ်ဆက်ပွဲအခမ်းအနားကို ကြီးကြီးမားမားကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို ပရိသတ်ပေါင်း (၇၀၀၀၀) နီးပါး တက်ရောက်ခဲ့ကြပြီး ရော်နယ်ဒိုကို ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ မနေ့ကညနေပိုင်းမှာ ရီးရဲလ်က…

reading now

၁။ ပြီးခဲ့တဲ့ရာသီတုန်းက ချယ်လ်ဆီးအသင်းမှာ အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မက်တီယို ကိုဗာချစ်ဟာ လာမယ့်ရာသီသစ်မှာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။ ကိုဗာချစ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက ဆန္ဒရှိနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အသင်းဟောင်း အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ပါဝင်စားနေတာဖြစ်ပါတယ်။ ၂။ မန်ချက်စတာ စီးတီးအသင်းဟာ စတုတ်စီးတီး ဂန္တဝင် ခံစစ်မှူးဟောင်း ရိုရီ ဒီလက်ပ်ရဲ့ သားဖြစ်သူ လီယမ် ဒီလက်ပ်ကို ခေါ်ယူဖို့ အလိုရှိနေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အသက်…

reading now

အာဆင်နယ်အသင်းက ဥရုဂွေးလက်ရွေးစင် ကွင်းလယ်လူ လူးကပ်စ် တော်ရဲယားက အင်္ဂလန်မြေမှာ နေထိုင်ရတာဟာ သူ့အတွက် အဆင်ပြေမှုမရှိပဲ အီတလီမြေကို တမ်းတမိကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ အထူးသဖြင့် ဘာသာစကားအခက်အခဲဟာ သူ့အတွက် အတားအဆီးတစ်ခုဖြစ်နေကြောင်းလည်း တော်ရဲယားက ဝန်ခံခဲ့ပါတယ်။ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းဟာ လူးကပ်စ် တော်ရဲယားကို ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ အဆိုပါကစားသမားက ယခုလို အီတလီမြေကို လွမ်းဆွတ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပြီး အပြောင်းအရွှေ့သတင်းတွေကို မီးစာထိုးပေးသလိုဖြစ်လာခဲ့ပါတယ်။ "အပြောင်းအရေ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဘာမှမသိပါဘူး။ ကျွန်တော် ဒီအသင်းမှာ ပျော်ရွှင်နေပါတယ်။…

reading now

error: Content is protected !!