[ZawGyi] ဒါဘီအသင်းဟာ ချယ်လ်ဆီးအသင်း ချိတ်ဆက်နေတဲ့ နည်းပြဖရန့်ခ်လမ်းပတ်အတွက် လျော်ကြေး ပေါင် (၄)သန်း တောင်းခံသွားမှာဖြစ်ကြောင်း Telegraph က ဖော်ပြလာပါတယ်။ နည်းပြဆာရီ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာတော့မယ့် ချယ်လ်ဆီးအသင်းရဲ့ နည်းပြလောင်းစာရင်းထဲမှာ ဂန္ထဝင်ကစားသမားကြီးလည်း ပါဝင်နေတာဖြစ်ပြီး တာဝန်ရှိသူတွေသာမက ပရိသတ်တွေကပါ မျှော်လင့်နေကြပါတယ်။ အသက် (၄၀)အရွယ် လမ်းပတ်ဟာ ခြင်္သေ့ပြာတို့နဲ့အတူ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ အက်ဖ်အေဖလား (၄)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ရယူပေးနိုင်ခဲ့သူဖြစ်ပြီး အခုချိန်မှာတော့ နည်းပြတဦးအဖြစ် အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ဖို့ အခြေအနေဖန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဘီအသင်းကတော့…

reading now

[ZawGyi] အာဆင်နယ်နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ပစ်မှတ် ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ရာဘီယူကတော့ အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ပြင်သစ်သားဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွင့်ရထားသူ ဖြစ်ပါတယ်။ ဒီဇင်ဘာလကတည်းက ပြင်သစ်လီဂူးချန်ပီယံအသင်းအတွက် ပွဲစဉ်တပွဲမှာ ကစားခွင့်မရရှိခဲ့တဲ့ အသက် (၂၄)နှစ်သားဟာ ပဲရစ်မြေကို စွန့်ခွာကာ ဥရောပထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်၊ မန်ယူနိုက်တက်တို့က စိတ်ဝင်စားနေသလို ဂျူဗင်တပ်အသင်းကလည်း ပစ်မှတ်ထားနေတဲ့ ရာဘီယူဟာ အခုချိန်မှာတော့ အီတလီချန်ပီယံနဲ့သာ ဆွေးနွေးနေတယ်လို့ ဆိုလာခဲ့ပါတယ်။ "…

reading now

[ZawGyi] ၁။ နည်းပြယာဂင်ကလော့ပ်ဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား နီကိုးလက်စ်ပီပီကို ခေါ်ယူနိုင်ဖို့အတွက် တိုက်စစ်ကစားသမား ဆာလာကို ရောင်းထုတ်သွားနိုင်ခြေရှိကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ၂။ လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး စတိဗ်နီကိုးလ်ကတော့ နောက်ခံလူ လိုဗရန်ကို ရောင်းချပြီး အေဂျက်စ်အသင်းရဲ့ လူငယ်နောက်ခံကြယ်ပွင့်လေး ဒီလစ်ခ်ျကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းခဲ့ပါတယ်။ ၃။ တိုက်စစ်ကစားသမား ဆေဒီယိုမာနေးဟာ ပြီးပြည့်စုံတဲ့ ကစားသမားတယောက်ဖြစ်ပြီး လီဗာပူးလ်အသင်းကို ကွဲပြားခြားနားမှုတွေဆီ သယ်ဆောင်ပေးနိုင်ခဲ့ကြောင်း အသင်းဖော် ဖာဘင်ညိုက ချီးကျူးပြောဆိုခဲ့ပါတယ်။ ၄။ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့…

reading now

[ZawGyi] ၁။ တိုက်စစ်ကစားသမား အေဒင်ဟာဇက်တယောက် ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့နိုင်အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သူမှာ ချယ်လ်ဆီးဂိုးသမားဟောင်း သီးဘော့ကော်တိုအာဖြစ်တယ်လို့ သိရပါတယ်။ ၂။ ဒီလကုန်ပိုင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လက်ထောက်နည်းပြဖြစ်သူ ဇိုလာကတော့ အသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခြင်း မရှိသေးတာကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဆက်ရှိဖို့ မသေချာဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ၃။ ချယ်လ်ဆီးအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် ကစားသမားအင်အားလိုအပ်တာကြောင့် မနှစ်က အဲဗာတန်အသင်းဆီ အငှားထွက်ကစားကာ ခြေစွမ်းပြသခဲ့တဲ့ နောက်ခံလူ ကတ်ဇူးမားကို အပြီးသတ်ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၄။ ဒီနှစ်နွေအပြောင်းအရွှေ့အပါအဝင် အပြောင်းအရွှေ့ကာလ…

reading now

[ZawGyi] ၁။ ဂျူဗင်တပ်အားကစားဒါရိုက်တာ ဖေဘီယိုပါရာတီချီဟာ ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာအတွက် မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အင်္ဂလန်မြေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ၂။ သတင်းတွေဆက်တိုက်ထွက်ပေါ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်ကို အရခေါ်ယူနိုင်ဖို့အတွက် မန်ယူနိုက်တက်အသင်းက ရေပန်းအစားဆုံး ဖြစ်နေပါသေးတယ်။ အသက် (၂၄)နှစ်အရွယ် ပေါ်တူဂီသားကို လီဗာပူးလ်နဲ့ မန်စီးတီးတို့ကလည်း ပစ်မှတ်ထားနေတာပါ။ ၃။ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ညာနောက်ခံကြယ်ပွင့်လေး ဝမ်ဘစ်ဆာကာကအတွက် ပေါင်သန်း (၇၀)အထိ ဈေးသတ်မှတ်ခဲ့ပြီး ကစားသမားကိုယ်တိုင်က မန်ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့လိုနေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ ၄။…

reading now

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ လက်စတာစီးတီးကြယ်ပွင့် မက်ဂွိုင်းယားကို သူ့အနေနဲ့ စဉ်းစားချင့်ချိန်ဥာဏ်သာ ရှိမယ်ဆိုရင် မန်ယူကို မပြောင်းဖို့ နားလည်လိမ့်မယ်လို့ ယူဆကြောင်း ချယ်ဆီးဂန္တဝင် ခရိတ်ဘာလေက ESPN ကို ပြောဆိုလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ကလပ်အသင်းနဲ့ရော လက်ရွေးစင်အသင်းနဲ့ပါ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ မက်ဂွိုင်းယားကို ခေါ်ယူလိုနေပြီး ချယ်ဆီးကွင်းလယ်ကစားသမားဟောင်း ခရိတ်ဘာလေက မက်ဂွိုင်းယားအတွက် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့အခြေအနေမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။ “မက်ဂွိုင်းယားအနေနဲ့ ဦးနှောက်ရှိမယ်ဆိုရင်၊ စီးတီးက…

reading now

၁။ အေစီမီလန်အသင်းဟာ ဆက်ဆူအိုလိုအသင်းက ၂၃ နှစ်အရွယ် အီတလီ ကွင်းလယ်လူ စတီဖာနို ဆန်ဆီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဆက်ဆူအိုလိုအသင်းဟာ အဆိုပါ အီတလီကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းအထိ အလိုရှိနေပြီး အေစီမီလန်အသင်းကတော့ ယူရို သန်း ၂၀ နဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကူထရိုနီကို အလိုက်ပေးဖို့ စီစဉ်နေပါတယ်။ ၂။ နာပိုလီအသင်းက တောင်ပံတိုက်စစ်ကစားသမား ဒရိုင်းစ် မာတင်စ်ဟာ ဇနီးဖြစ်သူ ကက်ထရင် ခါကော့ဖ်စ်ရဲ့ ရာဇသံကြောင့် တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ကစားဖြစ်မှာမဟုတ်ဘူးလို့…

reading now

[ZawGyi] ဂျူဗင်တပ်အသင်းဟာ နည်းပြဆာရီကို တူရင်မြေကို ခေါ်ယူနိုင်ရန်အတွက် ချယ်လ်ဆီးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းဆီက တရားဝင်အတည်ပြုချက် မရရှိသေးပေမယ့်လည်း အီတလီသားနည်းပြကြီးကတော့ လာမယ့်သောကြာနေ့မှာ စီးရီးအေချန်ပီယံနဲ့ (၃)နှစ် စာချုပ်ချုပ်ဖို့ ရှိနေပါတယ်။ မေလအတွင်းက နည်းပြအယ်လီဂရီနဲ့ လမ်းခွဲထားခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ ဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရန်အတွက် ချယ်လ်ဆီးအသင်းကို လျော်ကြေးပေးချေကာ ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအနေနဲ့ကတော့ ဂျူဗင်တပ်အသင်းဆီကနေ လျော်ကြေး ပေါင် (၅)သန်းနဲ့အထက် ရရှိသွားလိမ့်မယ်လို့ မျှော်လင့်နေပြီး ဂန္ထဝင်ကစားသမားကြီး ဖရန့်ခ်လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ စီစဉ်နေပါတယ်။…

reading now

ရီးရဲလ်မက်ဒရစ် ကစားသမားသစ် အီဒင် ဟာဇက်က ချယ်လ်ဆီးမှာ အသင်းဖော်တွေအဖြစ်ရှိနေခဲ့တဲ့ ကိုဗာဆစ်ကတဆင့် မိုဒရစ်ကို ဆက်သွယ်ခဲ့ပြီး သူ မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ကျောနံပါတ် (၁၀)ကို ပေးနိုင်မလားလို့ ကျီစယ်မေးမြန်းခဲ့ရာမှာ မိုဒရစ်ဘက်က မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ကျောနံပါတ် (၁၀)ကို ၀တ်ဆင်ကစားခဲ့တဲ့ ဟာဇက်က ဘယ်လ်ဂျီယံမှာလည်း အဆိုပါကျောနံပါတ်ကို ၀တ်ဆင်ကစားနေခဲ့သူ ဖြစ်ပါတယ်။ အသက် (၂၈) နှစ်အရွယ် ကစားသမားက ရီးရဲလ်မက်ဒရစ်မှာတော့ အဆိုပါဂျာစီကို ၀တ်ဆင်ကစားခွင့် ရရှိမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပြီး ကျောနံပါတ်အသစ်တစ်ခုကို ရွေးချယ်ရမယ်လို့…

reading now

၁။ အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူဟောင်း အစ္စမေးလ် ဘန်နန်ဆာကို ပြန်လည်ခေါ်ယူသင့်တယ်လို့ မီဒီယာတွေက တိုက်တွန်းရေးသားလိုက်ပါတယ်။ ကွင်းလယ်တိုက်စစ်အတွက် ဖြည့်ဆည်းမှုပြုလုပ်ဖို့ လိုအပ်နေချိန်မှာ ထိပ်တန်းအဆင့် ခြေစွမ်းတွေကြောင့် ဥရောပထိပ်သီးကလပ်တွေ မျက်စကျအောင် အစွမ်းပြသထားတဲ့ ဘန်နန်ဆာကို ပြန်လည်ခေါ်ယူဖို့ တိုက်တွန်း သုံးသပ်မှုတွေ ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အမ်ပိုလီအသင်းထံ မူလ ရောင်းချစဉ်တုန်းက သဘောတူညီချက်တွေအရ အဆိုပါ ၂၁ နှစ်သားကို တန်ဖိုးနှုန်းချိုသာစွာနဲ့ ပြန်လည်ခေါ်ယူခွင့် ရှိနေပါတယ်။ ၂။ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဂျော်ဒီ အိုဆီ-တူတူကို ခေါ်ယူဖို့ ဂျာမနီကလပ်တွေက အပြိုင်ကြိုးစားနေကြဆဲဖြစ်ပါတယ်။…

reading now

error: Content is protected !!