[ZawGyi] အာဆင်နယ်နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ပစ်မှတ် ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် ရာဘီယူကတော့ အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ပြင်သစ်သားဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွင့်ရထားသူ ဖြစ်ပါတယ်။ ဒီဇင်ဘာလကတည်းက ပြင်သစ်လီဂူးချန်ပီယံအသင်းအတွက် ပွဲစဉ်တပွဲမှာ ကစားခွင့်မရရှိခဲ့တဲ့ အသက် (၂၄)နှစ်သားဟာ ပဲရစ်မြေကို စွန့်ခွာကာ ဥရောပထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာပါ။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်၊ မန်ယူနိုက်တက်တို့က စိတ်ဝင်စားနေသလို ဂျူဗင်တပ်အသင်းကလည်း ပစ်မှတ်ထားနေတဲ့ ရာဘီယူဟာ အခုချိန်မှာတော့ အီတလီချန်ပီယံနဲ့သာ ဆွေးနွေးနေတယ်လို့ ဆိုလာခဲ့ပါတယ်။ "…
reading now