[ZawGyi] အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် လောရီယန့်အသင်းရဲ့တိုက်စစ်ကြယ်ပွင့်လေး အလက်ဆစ် ကလော်ဒီ-မော်ရိုက်ကို မိုချန်ဂလာဘတ်အသင်းနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာမှာ အရေးနိမ့်သွားခဲ့ပါတယ်။ ဂန်းနားတို့ဟာ အသက် (၂၁)နှစ်သားလေးအတွက် (၂)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပြီး ပယ်ချခြင်းခံရပေမယ့် ယူရိုသန်း (၂၀) [ပေါင် ၁၇.၈၃သန်း] ဝန်းကျင်နဲ့ ဈေးတည့်သွားလိမ့်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရလည်း ကစားသမားလေးကိုယ်တိုင်က အမ်းမရိတ်မြေထံ ပြောင်းရွှေ့ဖို့ သဘောတူညီထားတဲ့အတွက် အာဆင်နယ်အသင်း အပိုင်ခေါ်ယူနိုင်တော့မယ်ဆိုပြီး တွက်ဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းက ဂန်းနားတို့ထက် ပြောင်းရွှေ့ကြေးပိုပေးက ကြိုးစားလာခဲ့ချိန်မှာတော့ အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပြီး…
reading now