[ZawGyi] ၁။ မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ပစ်မှတ်ထားနေတဲ့ အေဂျက်စ်နောက်ခံကြယ်ပွင့်လေး ဒီလစ်ခ်ျကို စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာပါတယ်။ ဘာနေဗြူးအသင်းဟာ ရာမို့စ်နေရာမှာ အစားထိုးဖို့အတွက် နယ်သာလန်သားလေးကို ချိန်ရွယ်နေတာပါ။ ၂။ စပိန်ထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့နေရမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ချိတ်ဆက်နေတဲ့ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ သိရပါတယ်။ ၃။ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားပြန်လည်ဆွတ်ခူးနိုင်ဖို့ဆိုရင် တိုက်စစ်ကြယ်ပွင့်နေမာကို နူးကမ့်ဆီ ပြန်လည်ခေါ်ယူဖို့ လိုအပ်တယ်လို့ ဘရာဇီးလ်ဂန္ထဝင်ရီဗယ်လ်ဒိုက သုံးသပ်ခဲ့ပါတယ်။ ၄။ အင်တာမီလန်အသင်းဟာ နည်းပြစပယ်လက်တီနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ လာမယ့်ရာသီ…

reading now

[ZawGyi] မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးလူကာကူကို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်ပေးတော့မှာဖြစ်တဲ့အတွက် ခေါ်ယူဖို့ ပစ်မှတ်ထားနေကြတဲ့ ဂျူဗင်တပ်အသင်းနဲ့ အင်တာမီလန်အသင်းတို့အတွက် သတင်းကောင်းတရပ် ဖြစ်လာခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဒီနှစ်ရာသီကုန်မှာ အားလပ်ရက်ရယူထားရာကနေ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ အနာဂတ်အတွက် ဆွေးနွေးဖို့ ဒီတပတ်မှာ လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့ပါတယ်။ ဗြိတိန်သတင်းစာတွေကတော့ ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာချင်နေတဲ့အတွက် မန်ယူနိုက်တက်ဟာ ဆက်လက်ထိန်းသိမ်းထားလိုစိတ်မရှိတော့ဘဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးသာ ရမယ်ဆိုရင် ရောင်းချသွားမယ်လို့ အသိပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်ခန့်က အဲဗာတန်အသင်းကနေ အသက် (၂၆)နှစ်သားကို ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့…

reading now

၁။ အီဒင် ဟာဇက်ကဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့အကြားမှာ ပေါင် ၁၁၅ သန်းတန် သဘောတူညီချက်လည်း ရရှိထားပြီလို့ဆိုပါတယ်။ ၂။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ Corriere dello…

reading now

၁။ ပေါ်တိုအသင်းဟာ သူတို့ရဲ့ နောက်ခံလူ ဖီလစ်ပီကို ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ နဲ့ ရောင်းချဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ခံလူ အများအပြား အသင်းက ထွက်ခွာဖို့ ရှိနေတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အသင်းခေါင်းဆောင် ဂိုဒင်ရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ပြီး ဖီလစ်ပီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ၂။ ဘာစီလိုနာအသင်းဟာ အသင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ပြန်လည် ခေါ်ယူဖို့အတွက် ငွေသားတစ်ချို့တစ်ဝက်နဲ့ ဖီလစ်ပီ ကော်တင်ဟို ဒါမှမဟုတ် အူစမာနီ ဒမ်ဘီလီတို့…

reading now

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရိုမီယူ လူကာကူဟာ စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိသွားပြီဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ မန်ယူအသင်းကနေ ထွက်ခွာဖို့ စိတ်ဆန္ဒပြင်းပြနေသူဖြစ်ပြီး ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့လိမ့်မယ်လို့ ပြီးခဲ့တဲ့ရာသီဝက်ကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရောက်ရှိလာပြီးနောက်ပိုင်းမှာ ပွဲထွက်ကစားသမားနေရာကို လူငယ်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ထံ လွှဲပေးခဲ့ရတာမို့ အသင်းမှာ မပျော်မရွှင်ဖြစ်နေသူဖြစ်ပါတယ်။ အင်တာမီလန်အသင်းကို မကြာခင်မှာ ကိုင်တွယ်တော့မယ့် ချယ်ဆီးနည်းပြဟောင်း အန်တိုနီယို…

reading now

[ZawGyi] ၁။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါက အသင်းအနေနဲ့ ချန်ပီယိံဂ်ပြိုင်ပွဲနဲ့ ၃ နှစ်ဆက်တိုက် ဝေးကွာရတဲ့အဖြစ်မျိုးမဖြစ်အောင် စွမ်းဆောင်ကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဖလားကိုသာ အရမယူနိုင်ခဲ့ဘူးဆိုရင် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကိုပဲ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ "ကျွန်တော်တို့အတွက် ဒီရာသီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာ ရလဒ်ဆိုးတွေကြုံခဲ့ရတာမို့ အသင်းရည်မှန်းထားတဲ့ ပစ်မှတ်နဲ့ ကပ်ပြီး လွဲချော်သွားခဲ့ပါတယ်။ တကယ်လို့များ ကျွန်တော်တို့ ယူရိုပါလိဂ်ဖလားကို…

reading now

၁။ လာလီဂါကလပ် အီဘာအသင်းဟာ ဘာစီလိုနာအသင်းကနေ အငှားခေါ်ယူထားတဲ့ လူငယ်ခံစစ်မှူး မာ့ခ် ကူကူရယ်လာကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အီဘာအသင်းဟာ ကူကူရယ်လာကို ခေါ်ယူဖို့အတွက် ယူရို ၂ သန်းသာ ပေးချေခဲ့ရပါတယ်။ ၂။ ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ အသင်းဥက္ကဌ ပီးရက်ဇ်ကို တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ La Sexta ရဲ့သတင်းအရ သိရပါတယ်။ ရာမို့စ်ဟာ ယခုနွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး အာရှတိုက်ကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ၃။ အီတလီစီးရီးအေကလပ်အေစီမီလန်အသင်းအနေနဲ့…

reading now

ဘာစီလိုနာအသင်း တာဝန်ရှိသူတွေဟာ လက်ရှိ နည်းပြ အာနက်စတို ဗယ်လ်ဗာဒီကို ထုတ်ပယ်ဖို့ စီစဉ်နေပြီဖြစ်ပြီး ၎င်းရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြလောင်း ၄ ဦးစာရင်း ပြုစုထားပြီးဖြစ်တယ်လို့ စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Football London က ဖော်ပြလိုက်ပါတယ်။ ကာတလန်ကလပ်က တာဝန်ရှိသူတွေဟာ လက်ရှိရာသီမှာ ဆုဖလား ၃ လုံး ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်ကနေ အံ့အားသင့်ဖွယ် လွဲချော်ခဲ့တဲ့ သူတို့အသင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိနေကြတာကြောင့် လက်ရှိနည်းပြ ဗယ်လ်ဗာဒီကို…

reading now

၁။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူချင်တယ်ဆိုရင် အဆိုပါကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင် ၁.၂ သန်းအထိ ပေးချေရဖို့ရှိနေတယ်လို့ AS သတင်းစာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး The Sun က ဖော်ပြခဲ့ပါတယ်။ နေမာဟာ လက်ရှိ ပီအက်စ်ဂျီအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၆၂၂၀၀၀ အထိ ရရှိနေသူဖြစ်ပြီး မက်ဒရစ်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် လစာ ၂ ဆ အထိ တိုးမြှင့်ရရှိဖို့ အလိုရှိနေတယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ ၂။ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်…

reading now

[ZawGyi] ၁။ အက်စပန်ညိုအသင်းဟာ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ သူတို့ရဲ့ အဓိက ခံစစ်မှူး မာရီယို ဟာမိုဆိုကို အသင်းမှာ ဆက်လက်ထိမ်းသိမ်းဖို့ ကိုင်တွယ်ရာမှာ ခက်ခဲရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် အဆိုပါကစားသမားကို ရောင်းထုတ်ပစ်ဖို့ စဉ်းစားနေတယ်လို့ Football London က ဖော်ပြခဲ့ပါတယ်။ အက်စ်ပန်ညိုအနေနဲ့ အဆိုပါကစားသမားကို မက်ဒရစ်အသင်းထံကနေ ခေါ်ယူစဉ်တုန်းက ပေါင် ၇ သန်းတန် ပြန်လည်ခေါ်ယူခွင့် သဘောတူညီချက် ရှိနေတာမို့ ရီးရဲလ်က ပြန်လည်ခေါ်ယူသွားမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။ ၂။ ရီးရဲလ်ဘက်တစ်အသင်းက…

reading now

error: Content is protected !!