[ZawGyi] ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီဟာ ဆာရီအနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာချိန်ကျခဲ့ရင် ချယ်လ်ဆီးနည်းပြရာထူးကို အရယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ နည်းပြဆာရီဟာ အယ်လီဂရီလမ်းခွဲထားတဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြနေရာကို တာဝန်ယူကိုင်တွယ်ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီး အသင်း (၂)သင်းကြား ညှိနှိုင်းမှုတွေကိုသာ စောင့်နေသူပါ။ Star Sport သတင်းဌာနကတော့ အီတလီသားနည်းပြရဲ့နေရာကို အစားထိုးဖို့ လိုအပ်လာတဲ့ ခြင်္သေ့ပြာတို့ဟာ နောက်ထပ်အီတလီသားတဦးဖြစ်တဲ့ အယ်လီဂရီကို ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အယ်လီဂရီအနေနဲ့ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ခဲ့တဲ့မှတ်တမ်းတွေရ လေးစားလောက်စရာ အရည်အသွေးတွေရှိနေပမယ့်လည်း ဂန္ထဝင်ကစားသမားဖြစ်သူ ဖရန့်ခ်လမ်းပတ်ကိုလည်း…

reading now

ဂျူဗင်တပ် ဂန္တဝင် ကစားသမားကြီး အန်ဒရေ ပီယာလိုက လက်ရှိ ဂျူဗီတိုက်စစ်မှူး စီ ရော်နယ်ဒိုတစ်ယောက် အနာဂတ်မှာ ဘယ်လိုအသင်းမျိုးကို ပြောင်းရွှေ့မလဲဆိုတာကို သုံးသပ်ပြောဆိုလိုက်ပါတယ်။ ပီယာလိုက အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် စီ ရော်နယ်ဒိုအနေနဲ့ အနာဂတ်အတွက် ရွေးချယ်စရာတွေ များပြားနေဆဲဖြစ်ပြီး သူစဉ်းစားရမှာက ဘယ်အချိန်မှာ တူရင်မြေကို စွန့်ခွာမလဲဆိုတာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပီယာလိုက စီ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာမယ်ဆိုရင် မေဂျာလိဂ်နဲ့ အာရှလိုနေရာမျိုးတွေမှာ သွားရောက်ကစားနိုင်ပေမယ့် သူ့ရဲ့ အရည်အသွေးကြောင့် ဥရောပမြေက ထိပ်တန်းကလပ်တွေမှာ ဆက်ပြီး…

reading now

၁။ မန်ချက်စတာစီးတီးအသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ အီလ်ကေး ဂွန်ဒိုဂန်ကို ရောင်းထုတ်ဖို့ အစီအစဉ်မရှိပဲ စာချုပ်သက်တမ်းကုန်ဆုံးချန် ၂၀၂၀ ခုနှစ်အထိ အသင်းမှာ ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂွန်ဒိုဂန်ဟာ လာမယ့်ရာသီကုန်ကျမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ ၂။ မိုနာကိုအသင်းဟာ သူတို့အသင်းက အသက် ၂၀ အရွယ် လူငယ်နောက်ခံလူ ရိုနယ် ပီယာရီ-ဂါဘရီယယ်ကို ဘွန်ဒက်စ်လီဂါကလပ် မိန့်ဇ်အသင်းထံ ရောင်းချိဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အဆိုပါ လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း မိန့်ဇ်အသင်းဘက်က အတည်ပြုထားပြီး မကြာခင်…

reading now

၁။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုအပြောင်းအရွှေ့ကာလမှာ အသင်းကို အကြီးအကျယ် ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ရှိနေပြီး အသင်းမှာ ဆက်ရှိနေဖို့ အာမခံချက်ရှိတဲ့ ကစားသမား ၁၇ ဦးသာရှိတယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသင်းမှာ ဆက်ရှိနေဖို့ အခြေအနေရှိနေတဲ့ ကစားသမားတွေစာရင်းမှာ ရာမို့စ်၊ ကာဗာယယ်၊ အိုဒရီယိုဇိုလာ၊ ဗာရန်း၊ နာချို၊ မာဆယ်လို၊ ကက်စမဲရိုး၊ မိုဒရစ်၊ ကရူးစ်၊ ဗယ်လ်ဗာဒီ၊ ဗက်စ်ကွက်ဇ်၊ အဆန်စီယို၊ ဘန်ဗီမာ၊ ဗီနီးစီးယပ်စ်တို့နဲ့ အသင်းကို အသစ်ရောက်ရှိလာမယ့် ရိုဒရိုင်ဂို နဲ့ မီလီတာအိုတို့ပါဝင်တယ်လို့ သိရပါတယ်။…

reading now

၁။ နယ်သာလန်သတင်းစာ De Telegraaf ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ မာတင် အိုဒီဂတ်နဲ့ အေဂျက်စ်အသင်းရဲ့ အားကစားဒါရိုက်တာ မာ့ခ် အိုဗားမားစ်တို့အကြား သီးခြားဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အေဂျက်စ်အသင်းဟာ နော်ဝေလက်ရွေးစင် လူငယ်ကြယ်ပွင့် အိုဒီဂတ်ကို ၂ ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက နယ်သာလန်အမှတ်ပေးပြိုင်ပွဲဝင် ဗီတက်ဆီအသင်းမှာ အငှားလာရောက်ကစားခဲ့ဖူးပြီး ၉ ဂိုးသွင်းယူကာ ၁၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၂။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ အီဒင် ဟာဇက်ကို ခေါ်ယူဖို့အတွက်…

reading now

ချယ်လ်ဆီးအသင်းကို ယူရိုပါလိဂ်ဖလားနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ အီတလီလူမျိုးနည်းပြ မော်ရီဇီယို ဆာရီဟာ စီးရီးအေချန်ပီယံကလပ် ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီလိုက်ပြီလို့ ယုံကြည်နားလည်ထားကြောင်း Goal သတင်းဌာနက ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အီတလီကလပ်ဟာ ဆာရီရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်မှုရှိနေပြီး တစ်နှစ်ကို ယူရို ၇ သန်းရရှိမယ့် မြင့်မားတဲ့လစာနှုန်းထားမျိုးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တဲ့ အပေါ် ဆာရီက သဘောတူလက်ခံခဲ့တာဖြစ်ပါတယ်။ ဆာရီ အနေနဲ့ အဆိုပါ သဘောတူညီချက် ရရှိပြီးတဲ့နေောက်မှာ အသင်းက ထွက်ခွာခွင့်ပြုဖို့ ချယ်လ်ဆီးအသင်းထံ တောင်းဆိလိုက်ပြီဖြစ်တယ်လို့လည်း…

reading now

၁။ ဂျူဗင်တပ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ပူပူနွေးနွေးရယူထားတဲ့ အီတလီလူမျိုးနည်းပြ မော်ရီဇီယို ဆာရီကို တစ်နှစ်လုပ်ခ ပေါင် ၆.၂ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ သူတု့အသင်းက အသက် ၆၀ အရွယ်နည်းပြကြီးကို လာမယ့်ရာသီမှာ အသင်းမှာ ဆက်ပြီး ထားမထား လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားတော့မှာဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။ ၂။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာတော့မယ့် ကွင်းလယ်လူ အေဒရီယန် ရာဘီယော့ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာပြီဖြစ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက အဆိုပါကစားသမားကို…

reading now

[ZawGyi] ၁။ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ဘယ်နောက်ခံလူ ဖိလစ်ပီလူးဝစ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် (၃၀)အရွယ် ကစားသမားဟာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ (၅၄)ပွဲအထိ ကစားခဲ့သူ ဖြစ်ပါတယ်။ ၂။ ပြောင်းရွှေ့ကြေးပေါင်သန်း (၁၀၀)သတ်မှတ်ထားတဲ့ ကွင်းလယ်လူ မီလင်ကိုဗစ်-ဆာဗစ်အတွက် ဂျူဗင်တပ်အသင်းဟာ ပြောင်းရွှေ့ကြေးသက်သာစေဖို့ ရူဂါနီနဲ့ အော်ဆိုလီနီတို့ကို အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ၃။ စပယ်လက်တီနဲ့ လောလောလတ်လတ်လမ်းခွဲထားခဲ့တဲ့ အင်တာမီလန်အသင်းဟာ နည်းပြသစ်အဖြစ် ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဒီနေ့မှာပဲ တရားဝင်ကြေညာခဲ့ပါတယ်။ ၄။…

reading now

[ZawGyi] အင်တာမီလန်အသင်းရဲ့နည်းပြသစ် အန်တိုနီယိုကွန်တီကတော့ သူ့အနေနဲ့ မန်ယူနိုက်တက် တိုက်စစ်မှူး လူကာကူနဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ပြောကြားခဲပေမယ့် အလက်ဆစ်ဆန်းချက်ဇ်ကိုတော့ ငြင်းဆန်သွားခဲ့ခြင်း မရှိပါဘူး။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားရတာ မပျော်မရွှင်ဖြစ်နေတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ဆန္ဒရှိပါကထွက်ပါလို့ ခွင့်ပြုထားခဲ့ပြီး သင့်တော်တဲ့ပြောင်းရွှေ့ကြေးရရင် လက်ခံသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အခြားတစ်ဖက်မှာလည်း တိုက်စစ်ကစားသမားတဦးဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ဒီနှစ်နွေမှာ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး အေးဂျင့်ဖြစ်သူ ဖာနန်ဒိုဖီလီဆီဗစ်ခ်ျဟာ အီတလီမြေကိုသွားရောက်ကာ ဂျူဗင်တပ်၊ အင်တာမီလန်တို့နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ကွန်တီဟာ ဒီနေ့…

reading now

[ZawGyi] ၁။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အေဒင်ဟာဇက်ကို ပေါင် (၁၀၆)သန်းနဲ့ စတင်ကမ်းလှမ်းပြင်ဆင်နေပါတယ်။ နောက်ခံလူရာမို့စ်ကတော့ ဘယ်လ်ဂျီယံသားဟာ ဘာနေဗြူးကို ပြောင်းရွှေ့လာခဲ့ရင် အများကြီးအကျိုးပြုမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ၂။ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ရာမို့စ်ကိုယ်တိုင်ကလည်း နောက်ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောကြားသွားပါတယ်။ ရာမို့စ်က ဘာနေဗြူးမှာသာ ကစားသမားဘဝကုန်ဆုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။ ၃။ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အသက်…

reading now

error: Content is protected !!