[Unicode] ဘာစီလိုနာအသင်းရဲ့ ကင်းထောက်တွေဟာ ဖလာမင်ဂိုနဲ့ ဂရီမီရိုအသင်းတို့ကစားခဲ့တဲ့ ကိုပါလီဘာတာဒိုရေးစ်ဖလား ဆီမီးဖိုင်နယ်ပွဲကို စောင့်ကြည့်ခဲ့ပြီး ရိုဒရီဂိုကာအီဝိုနဲ့ အဲဗာတန်ဆိုးရက်စ်တို့ရဲ့ခြေစွမ်းကို အကဲခတ်ခဲ့ကြပါတယ်။ တိုက်စစ်ကြယ်ပွင့်မာတင်စ်အနေနဲ့ နာပိုလီအသင်းနဲ့သာ စာချုပ်သစ်ချုပ်ဆိုပြီး ဆက်လက်ကစားသွားသင့်တယ်လို့ ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာက အကြံပြုတိုက်တွန်းခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘေယန်မြူးနစ် ဝါရင့်တိုက်စစ်ကစားသမား သောမတ်စ်မူလာကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ စီးရီးအေထိပ်တန်းကလပ် အင်တာမီလန်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ လာမယ့်နွေအပြောင်းအရွှေ့မှာ တိုက်စစ်မှူးရော်နယ်လ်ဒိုနေရာကို အစားထိုးနိုင်ဖို့အတွက် အမ်ဘာပေနဲ့ ဟာလန်းတို့လို လူငယ်သွေးသစ်တွေကို ပေါင်သန်း (၂၀၀)ကျော်အသုံးပြုကာ ခေါ်ယူသွားဖို့ ရှိနေပါတယ်။…
reading now