[Unicode] စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဆာလာနဲ့ စပါးတိုက်စစ်ကြယ်ပွင့် ဆွန်ဟောင်မင်တို့ကို ခေါ်ယူဖို့အတွက် ကင်းထောက်တွေ စေလွှတ်ကာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဂါရက်ဘေးလ်ရဲ့အေးဂျင့်ဖြစ်သူကတော့ သူ့ကစားသမားဟာ တရုတ်မြေကို ပြောင်းရွှေ့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ရီးယဲလ်မက်ဒရစ်အသင်းအတွက် ကစားဖို့သာ အာရုံစိုက်ထားတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ LA ဂလက်စီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်က စီးရီးအေထက် လာလီဂါကိုသာ ပြန်လာဖွယ်ရှိနေကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ ဆွီဒင်သားကြီးဟာ နာပိုလီ၊ အင်တာမီလန်အသင်းတို့နဲ့ သတင်းတွေ ထွက်နေတာပါ။ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး…
reading now