အေစီမီလန် ၂-၂ ရိုမာ ဒီနေ့ပွဲစဉ်မှာတော့ အေစီမီလန်အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ဂျရူး၊ဆလီမာ၊ဘာရင်၊လီယိုတို့ကိုထားပါတယ်။ ကွင်းလယ်မှာတော့ ဘန်နာဆာ၊တိုနာလီတို့ရှိနေကာ ခံစစ်ပိုင်း မှာလည်း ကာလာဘရီယာ၊ကာလူလူ၊တိုမိုရီ၊သီယိုတို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။ ရိုမာအသင်းကတော့ ၃-၄-၂-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ အာဘရာဟမ်၊ဒိုင်ဘာလာ၊ ဇာနီလိုတို့ရှိနေကာ ကွင်းလယ်မှာတော့ ဇာလီစကီ၊ပယ်လီဂရီနီ၊ခရစ်စတန်တီ၊ဆီလစ်တို့ကိုထားပါတယ်။ ခံစစ် ပိုင်းမှာတော့ အိုင်ဘန်းဇ်၊စမောလင်း၊မန်ချီနီတို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။ စီးရီးထိပ်တန်းပြိုင်ဘက်နှစ်သင်းုဖြစ်တဲ့ အေစီမီလန်နဲ့ ရိုမာအသင်းတို့ရဲ့ထိပ်တိုက်ရင်ဆိုင်မှုကတော့ ကြည့်ကောင်းသလို အတော်လည်းပြင်းထန်ခဲ့ပါတယ်။ ပွဲစကတည်းက နှစ်သင်းစလုံးကဂိုးရဖို့အတွက် အကြိတ် အနယ်ကစားခဲ့ကြပါတယ် ပွဲချိန် ၂၆ မိနစ်မှာတော့ အေစီမီလန်ကစားသမား လီယိုဟာ…
reading now