ဗီလာ ၁-၀ ချဲလ်ဆီး အဓိကကစားသမားတွေသိပ်မပါတဲ့ ဒီနေ့ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းဟာ ဗီလာအသင်းကို အသားစီးနဲ့ ကစားနိုင်ခြင်းမရှိဘဲ ၁-၀ ဂိုး ရလဒ်နဲ့အရှုံးပေးခဲ့ရပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ဗီလာအသင်းဟာ တိုက်စစ်ပိုင်းမြားဦးမှာတော့ ဝက်ကင်ကိုထားကာ သူ့ရဲ့အနောက်မှာတော့ ဒေါက်ဂလက်လူးဝစ်ဇ်၊ ရိုင်ကီ၊ဘိုင်လေတို့ကိုထားကာ ကွင်းလယ်မှာတော့ မက်ဂျင်၊ကာမာရာတို့ကိုထားရှိပါ တယ်။ ခံစစ်ပိုင်းမှာတော့ ဆီမွန်ယန်း၊အန်ဂိုယို၊မင့်စ်၊ဒစ်နီတို့နဲ့ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ တိုက်စစ်ပိုင်းမှာ ဘရိုဂျာ၊အူဘာမီယန်တို့ကိုထားကာ ကွင်းလယ်မှာတော့ ဝက်စတာ၊ဟတ်ချင်ဆန်၊ဂျော်ဂျင်ဟို၊လူးဝစ်ဟားတို့ကို ပွဲထုတ်ထားပါတယ်။ ခံစစ်ပိုင်းမှာတော့ ကူကူရယ်လာ၊ ဟန်းဖရေး၊ဂီချစ်၊ဘရွတ်ကင်းတို့နဲ့ ခင်းကျင်းထားတာလည်းဖြစ်ပါတယ်။ ပွဲစပြီး ၂ မိနစ်လောက်အတွင်းမှာ ဗီလာအသင်းက ပွဲကိုစိုးမိုးကစားထားနိုင်ခဲ့ပါတယ်။ ပွဲချိန်…
reading now