[ZawGyi] အာဂျင်တီးနားတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီက ကျင်းပနေဆဲ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို အခုထက်ထိ မရရှိသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ သောကြာနေ့က မာရာကာနာမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းကို (၂)ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေအပါအဝင် (၄)ပွဲကစားပြီးချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကြယ်ပွင့်အဖြစ် တင်စားခြင်းခံရတဲ့ မက်ဆီကတော့ ပယ်နယ်တီကနေတဆင့်သာ သွင်းဂိုး (၁)ဂိုးပဲ ရယူထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ဘရာဇီးလ်အသင်းနဲ့ ကစားရမယ့်ပွဲမတိုင်မီမှာ ဘာစီလိုနာကြယ်ပွင့်က သူ့နိုင်ငံအသင်းအတွက် အကောင်းဆုံးပုံစံကို ပေးဆပ်နိုင်ခြင်း မရှိသေးဘူးလို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။…

reading now

[ZawGyi] ၁။ ပီအက်စ်ဂျီကွင်းလယ်ကြယ်ပွင့် အေဒရီယန်ရာဘီယူကတော့ နောက်ဆုံးမှာတော့ ဂျူဗင်တပ်အသင်းဆီပဲ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ပဲရစ်မြေကနေ အလွတ်ထွက်ခွာခွင့်ရရှိထားတဲ့ ပြင်သစ်သားဟာ တူရင်အသင်းနဲ့ (၅)နှစ်စာချုပ်ခဲ့ပြီး တနှစ်လုပ်ခ ပေါင် (၆)သန်း ရရှိသွားမယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ဟာ ရာဘီယူရဲ့ အေးဂျင့်ဖြစ်သူကိုလည်း ကော်မရှင်ကြေး ပေါင် (၉)သန်း ပေးချေခဲ့ရပါသေးတယ်။ ၂။ မန်ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း အန်တိုနီယိုဗလင်စီယာကတော့ သူ့မွေးရပ်မြေ အီကွေဒေါကလပ်အသင်းတသင်းဖြစ်တဲ့ လီဂါဒီကွီတိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ မန်ယူနိုက်တက်အတွက် ဆယ်စုနှစ်တစုကျော်ကြာ ကစားပေးခဲ့တဲ့ ဗလင်စီယာဟာ ဒီနှစ်နွေမှာ စာချုပ်သက်တမ်းကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။…

reading now

[ZawGyi] ၁။ တောင်ပံတိုက်စစ်ကြယ်ပွင့် ဇာဟာကတော့ ခရစ်စတယ်ပဲလေ့စ်အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့ပါတယ်။ သူ့အနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်နေတာဖြစ်ပြီး မကြာမီ ဂန်းနားတွေဆီက ကမ်းလှမ်းမှုရောက်လာလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ပဲလေ့စ်ကတော့ သူတို့ရဲ့ကြယ်ပွင့်အတွက် ပေါင်သန်း (၈၀) ဈေးသတ်မှတ်ထားပါတယ်။ ၂။ ခေါ်ယူချင်တဲ့အသင်း ရှာမတွေ့တာကြောင့် တိုက်စစ်ကစားသမား ဂါရက်ဘေးလ်အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ရှိဖို့ များသွားခဲ့ပါပြီ။ စပိန်ထိပ်သီးကလပ်ရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာပါ ပါဝင်ကစားဖွယ် ရှိနေပါတယ်။ ၃။ အာဆင်နယ်၊ ဝက်စ်ဟမ်းနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းတွေဟာ ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ရရှိထားတဲ့ ဝါရင့်နောက်ခံလူ ဂယ်ရီကာဟေးလ်ကို…

reading now

[ZawGyi] ၁။ ဆီဗီလားအသင်းဟာ အေဂျက်စ်အသင်းက တောင်ပံကစားသမား ဟာကင် ဇီယက်ခ်ျကို ခေါ်ယူဖို့ ပစ်မှတ်ထားလာနေပါတယ်။ အေဂျက်စ်ဘက်ကတော့ အဆိုပါ ၂၆ နှစ်သားအတွက် တန်ကြေး ပေါင် သန်း ၃၀ သတ်မှတ်ထားပါတယ်။ ၂။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဘရာဟင် ဒီယက်ဇ်ဟာ အသင်းမှာ ဆက်နေဖို့သာ စိတ်ဆန္ဒရှီနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ စပိန် ကြယ်ပွင့်ဟာ နည်းပြဇီဒန်းရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ၃။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ ဇီနဒင်း ဇီဒန်းဟာ…

reading now

[ZawGyi] အေစီမီလန်အသင်းဟာ ဥရောပဘဏ္ဍာရေးမျှခြေစည်းမျဉ်း (FFP Rules) နဲ့ ညိစွန်းခဲ့တဲ့အတွက် လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရကြောင်း သိရပါတယ်။ စီးရီးအေထိပ်သီးကလပ်ကို ဥရောပပြိုင်တွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ကြောင်း နိုင်ငံတကာအားကစားခုံရုံး (CAS) က တရားဝင်အတည်ပြု ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေအမှတ်ပေးဇယား အဆင့် (၅)နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ မီလန်သားတွေဟာ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားခဲ့တာပါ။ ဒါပေမယ့်လည်း အီလီယော့သ်ကုမ္ပဏီမပိုင်မီ နောက်ဆုံး (၃)နှစ်အတွင်း ငွေကြေးသုံးစွဲမှုတွေဟာ FFP စည်းမျဉ်းက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီညွတ်ခဲ့တာကြောင့်…

reading now

[ZawGyi] ၁။ ဝီလီယံ ဆာလီဘားအတွက် ညှိနှိုင်းနေကြတဲ့ အာဆင်နယ်အသင်းနဲ့ စိန့်အန်တီယန်အသင်းတို့အကြားမှာ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ သဘောတူညီချက် ရရှိသွားပြီဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက်ညှိနှိုင်းနေတယ်လို့ ESPN က ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာလီဘားကို အငှားချဖို့ကိုလည်း လက်ခံခဲ့တယ်လို့ အဆိုပါသတင်းက ဖော်ပြခဲ့ပါတယ်။ ၂။ BBC Sports ရဲ့ နာမည်ကျော် သတင်းထောက် ဒေးဗစ် အော့စတိန်းက အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ နောက်ခံလူ ရှကိုဒရန် မူစတာဖီရဲ့ ခြေစွမ်းကို…

reading now

[ZawGyi] ၁။ အေစီမီလန်အသင်းနဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေတဲ့ အာဆင်နယ်ကွင်းလယ်လူ လူးကပ် တ်ေရဲယားက သူ့အနေနဲ့ လန်ဒန်အသင်းမှာကစားရတာကို ပျော်ရွှင်နေကြောင်း ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။ ဒါဟာ ကောလဟာလတွေ ဆက်တိုက် ထွက်ပေါ်လာပြီးတဲ့နောက်မှာ ကာယကံရှင် တော်ရဲယားကိုယ်တိုင် ပထမဆုံး ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းစကားဖြစ်ပါတယ်။ "မီလန်က ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိရှိထားပါဘူး။ ကျွန်တော့်ဆီလည်း ဆက်သွယ်ပြောဆိုထားတာမျိုးလည်း မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ရှိနေရတာကို ပျော်ရွှင်နေပါတယ်" လို့ တော်ရဲယားက…

reading now

၁။ မက်တီယို ကိုဗာချစ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး သဘောတူညီချက် ရရှိထားပြီဖြစ်ပေမယ့် အပြောင်းအရွှေ့ဖြစ်လာမလာကတော့ မသေချာသေးဘူးလို့ Goal က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဖီဖာရဲ့ ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရတဲ့အသင်းဖြစ်ပြီး အဆိုပါ ပြစ်ဒါဏ်ကို CAS တရားရုံးထံ အယူခံဝင်ထားတာကြောင့် အယူခံကျရှုံးခဲ့မယ်ဆိုရင် အငှားခေါ်ယူထားတဲ့ ဟီဂူအင်နဲ့ ကိုဗာချစ်တို့ ၂ ဦးလုံးကိုပါ ခေါ်ယူခွင့် ရတော့မှာမဟုတ်တာကြောင့် ခုချိန်မှာ ချယ်လ်ဆီးအသင်းက ကြိုတင်ခေါ်ယူထားခဲ့ရင်တောင်မှ အပြောင်းအရွှေ့ကို ပြန်ပယ်ဖျက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တခြားတစ်ဖက်မှာလည်း ကိုဗာချစ်ကို…

reading now

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ပီယာရီ အမ်းမရစ် အူဘာမီယန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားဖို့ ရှိနေတယ်လို့ Express သတင်းစာက ဖော်ပြလိုက်ပါတယ်။ အီတလီသတင်းစာ Tutto Sport ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ရာမှာတော့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ ပူးတွဲဂိုးသွင်းရွှေဖိနပ်ဆုရှင် အူဘာမီယန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခါးသီးလှတဲ့ပြိုင်ဘက် အာဆင်နယ်အသင်းက တိုက်စစ်မှူး ပီယာရီ-အမ်းမရစ် အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း…

reading now

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် အာရွန်ဝမ်ဘစ္စကာအနေနဲ့ အကြောက်တရားကင်းကင်းနဲ့ ကစားဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းအတွက် ကစားပေးနေတဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်းရူနီက ဝမ်ဘစ္စကာအနေနဲ့ မန်ယူမှာ ဘယ်လိုကစားသင့်တယ်ဆိုတာကို အကြံပေးစကား ပြောဆိုခဲ့ပါတယ်။ “အကြောက်တရားကင်းကင်းနဲ့ ကစားပါ။ မန်ချက်စတာယူနိုက်တက်အသင်းက ထူးခြားအံ့သြစရာကောင်းတဲ့အသင်းတစ်သင်းပါ။ ကမ္ဘာပေါ်က အကောင်းဆုံးမဟုတ်ပေမယ့် အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ” လို့ ရူနီက ပြောဆိုခဲ့ပါတယ်။ “မင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကို ရင်ထဲထည့်ပြီး…

reading now

error: Content is protected !!