ချယ်လ်ဆီးအသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းထံ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာဟာ လန်ဒန်ကလပ်အသင်းထံ ပြန်လည် ရောက်ရှိလာနိုင်ချေရှိနေတယ်လို့ Daily Telegraph သတင်းစာက ဖော်ပြလိုက်ပါတယ်။ မိုရာတာဟာ ၂၀၁၆ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းထံကနေ ချယ်လ်ဆီးအသင်းထံကို ပေါင် သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လန်ဒန်ကလပ်မှာ ၂ ရာသီအတွင်း ၇၂ ပွဲပါဝင်ကစားကာ ၂၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ခြေစွမ်းမတည်ငြိမ်မှုကြောင့် နည်းပြဆာရီက ပြီးခဲ့တဲ့ ရာသီဝက်မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းထံ…

reading now

အာဆင်နယ်အသင်းဟာ သူတို့အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား မီဆွတ် အိုဇေးလ်ကို ရောင်းထုတ်တော့မှာဖြစ်တာကြောင့် ခေါ်ယူလိုတဲ့ ဆန္ဒရှိရင် ခေါ်ယူနိုင်ကြောင်း ပြည်ပကလပ်အသင်းတွေထံ လိုက်လံကမ်းလှမ်းနေတယ်လို့ Daily Star သတင်းစာက ဖော်ပြခဲ့ပါတယ်။ လန်ဒန်ကလပ်က တာဝန်ရှိသူတွေဟာ လစာနှုန်းထားမြင့်မားပြီး ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုံးကန်နေရတဲ့ မီဆွတ် အိုဇေးလ်ကို ရောင်းချဖို့ စိတ်ဆန္ဒရှိနေကြပြီး ဝယ်လက်ပေါ်ထွက်လာဖို့ မျှော်လင့်နေပေမယ့် ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာတာမျိုး မရရှိသေးဘူးလို့သိရပါတယ်။ ဒါကြောင့်လည်း စီးရီးအေကလပ်အသင်းတွေဖြစ်ကြတဲ့ အင်တာမီလန်၊ နာပိုလီနဲ့ ဂျူဗင်တပ်အသင်းတွေထံ ဝယ်ယူလိုက ရောင်းချသွားမှာဖြစ်ကြောင်း အာဆင်နယ်အသင်းဘက်က ပြီးခဲ့တဲ့ အပတ်တုန်းက ကမ်းလှမ်းမှု…

reading now

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားဟာ နယူးကာဆယ်အသင်းက ကွင်းလယ်ကြယ်ပွင့် ရှောင် လောင်းစတပ်ဖ်ကို ယခုတစ်ပတ်အတွင်းမှာ အပြီးသတ်ခေါ်ယူပေးဖို့ အသင်းရဲ့ ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝါ့ဒ်ကို တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။ Daily Star ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားဟာ လောင်းစတပ်ဖ်ကို ခေါ်ယူခွင့်ရဖို့ အသည်းအသန်အလိုရှိနေပြီး အဆိုပါကစားသမားဟာ သူ့ရဲ့ ဦးစားပေးကွင်းလယ်ပစ်မှတ်လည်းဖြစ်တယ်လို့ သိရပါတယ်။ ပေါင် ၂၅ သန်း တန်ကြေး သတ်မှတ်ခံထားရတဲ့ အဆိုပါ အင်္ဂလန်လူငယ်ကွင်းလယ်လူကို ခေါ်ယူဖို့ အသင်းရဲ့ ဒုဥက္ကဌဖြစ်သူ အက်ဒ် ဝုဒ်ဝါ့ဒ်က…

reading now

ချယ်လ်ဆီးအသင်းရဲ့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကြံပေးအရာရှိသစ် ပီတာ ချက်က ဖရန့်ခ် လမ်းပတ်ဟာ နည်းပြသစ်ရာထူးအတွက် ချယ်လ်ဆီးအသင်းဆွေးနွေးနေတဲ့ တစ်ဦးတည်းသော ပစ်မှတ်မဟုတ်ဘူးလို့ အတည်ပြုပြောဆိုလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာမယ်လို့ သတင်းတွေ ကြီးနေတဲ့ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းဆွေးနွေးနေတဲ့ ပစ်မှတ်တွေထဲက တစ်ဦးသာဖြစ်တယ်လို့ ချက်က ပြောဆိုခဲ့ပြီး အခြေအနေတွေဟာ ဘာမဆိုဖြစ်လာနိုင်နေတယ်လို့လည်း ဆိုခဲ့ပါတယ်။ ရာထူးသစ်ကို စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ပီတာချက်ကတော့ “အသင်းဘက်က နည်းပြသစ်ရှာဖွေနေပြီးတော့ သူတို့တွေနဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ အားလုံးဟာ အလွတ်သဘောအနေအထားမျိုးသာဖြစ်ပြီးတော့ ဖရန့်ခ်ဟာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော် နည်းပြလောင်းအားလုံးနဲ့ စကားပြောဆိုသွားမှာဖြစ်ပြီးတော့ သူတို့…

reading now

[ZawGyi] ၁။ ဘာစီလိုနာ၊ မန်ယူနိုက်တက်၊ အာဆင်နယ်အသင်းတို့ရဲ့ပစ်မှတ် ပီအက်စ်ဂျီကွင်းလယ်လူ အေဒရီယန်ရာဘီယူကတော့ ဂျူဗင်တပ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုခံယူနေပြီ ဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် ပြင်သစ်သားကို တူရင်အသင်းဟာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ ၂။ လီဗာပူးလ်အသင်းဟာ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမားဟောင်း ဖီလစ်ပီကော်တင်ညိုကို ပြန်လည်ခေါ်ယူသွားဖို့ ကြိုးစားနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၃။ ပြင်သစ်ထိပ်သီးကလပ် လီယွန်အသင်းနဲ့ သဘောတူညီမှုရရှိထားပေမယ့် အန်ဒွန်ဘီလီနဲ့ စပါးတို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုမရတဲ့ အခြေအနေကို အခွင့်အကောင်းယူပြီး မန်ယူနိုက်တက်ဟာ ပြင်သစ်သားကို…

reading now

[ZawGyi] ၁။ လီယွန်နယ်မက်ဆီဟာ အာဂျင်တီးနားအတွက် အရာအားလုံးပေးဆပ်ထားကြောင်း ဒီမာရီယာက ဆိုခဲ့ကာ ဝေဖန်ခံနေရတဲ့ အသင်းဖော်ဘက်ကနေ ရပ်တည်ခဲ့ပါတယ်။ " လီယွန်က ကောင်းကောင်းစွမ်းဆောင်ပြထားတယ်ထင်ပါတယ်။ ပုံမှန်အတိုင်း သူဂိုးမသွင်းနိုင်ပေမယ့် သူတာဝန်သူ ကျေနေပါတယ်။ ကွင်းထဲမှာ အမြဲတမ်းပြေးနေတယ်။ အရာအားလုံးပေးဆပ်ထားတယ်။ " လို့ ပီအက်စ်ဂျီကြယ်ပွင့်က ပြောကြားခဲ့ပါတယ်။ ၂။ ပါဘလိုဆာရာဘီယာကို လက်လွှတ်ထားရသလို ဘန်ယက်ဒါကိုသာ ရောင်းချရဖွယ်ရှိနေတဲ့ ဆီဗီလာအသင်းဟာ နယ်သာလန်ကလပ် ပီအက်ဗွီအသင်းရဲ့ တိုက်စစ်မှူး လုခ်ဒီယောင်ကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ၃။ ခံစစ်ကြယ်ပွင့်လေး လူကာပယ်လီဂရီနီဟာ စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းကို…

reading now

[ZawGyi] ဘရာဇီးလ်နောက်ခံကြယ်ပွင့် သီယာဂိုဆေးဗားလ်ကတော့ လီယွန်နယ်မက်ဆီဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားဆိုပြီး ချီးကျူးပြောဆိုခဲ့ပါတယ်။ ကျင်းပနေဆဲ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံနေပြီး မက်ဆီအနေနဲ့ မျှော်မှန်းထားသလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိသေးတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဒါပေမယ့်လည်း ဆေးဗားလ်ကတော့ ဘလွန်ဒီအောဆု (၅)ကြိမ်ရရှိထားတဲ့ ဘာစီလိုနာကြယ်ပွင့်ဟာ အခမ်းနားဆုံးသော ကစားသမားတယောက်ဆိုတာ သံသယဖြစ်စရာမလိုဘူးလို့ ယုံကြည်နေတာပါ။ " ကျွန်တော့်အတွက်ကတော့ မက်ဆီဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးပါပဲ။ အခမ်းနားဆုံးသော ကစားသမားတဦးလည်း ဖြစ်ပါတယ်။ " လို့ ပီအက်စ်ဂျီနောက်ခံလူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။…

reading now

[ZawGyi] ၁။ ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ကိုဗာချစ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် အက်ပလီကေးရှင်းမှာ မတော်တဆ ကြေငြာမိခဲ့ပါတယ်။ " ပထမအငှားလာရောက်ကစားခဲ့မှုအတွက်ရော၊ အခုလို အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက်ပါ အရမ်းပျော်မိပါတယ်။ " ဆိုပြီး ခရိုအေးရှားသား ဖွင့်ဟလာတဲ့ အင်တာဗျူးကို တင်မိခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါအင်တာဗျူးကို ချယ်လ်ဆီးအသင်း ပြန်ဖျက်သွားခဲ့ပါတယ်။ ၂။ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး တင်ဝီယာဟာ ပြိုင်ဘက်လိုင်လီအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ပဲရစ်မှာ ပွဲထွက်အခွင့်အရေးနည်းပါးနေတဲ့ တိုက်စစ်မှူးလေးကို လိုင်လီအနေနဲ့ ယူရို (၁၀)သန်း ပေးချေခေါ်ယူခဲ့တာပါ။…

reading now

[ZawGyi] ၁။ စပါးဥက္ကဌဒန်နီယဲလ်လီဗိုင်းက ရီးယဲလ်မက်ဒရစ်အသင်းထံ ဆက်သွယ်ခဲ့ပြီး ကွင်းလယ်ကြယ်ပွင့်အဲရစ်ဆင်ကို ကမ်းလှမ်းဖို့ကိစ္စအတွက် ဆွေးနွေးခဲ့ပါတယ်။ အသက် (၂၇)နှစ်သားဟာ စပါးအသင်းရဲ့စာချုပ်သစ်ကို ငြင်းဆန်ထားသူ ဖြစ်ပါတယ်။ ၂။ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း (၃)နှစ်ကျန်ရှိနေသေးတဲ့ တိုက်စစ်ကြယ်ပွင့်လေး အမ်ဘာပေဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ပြင်သစ်သားလေးဟာ အနာဂတ်ကာလမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပါတယ်။ ၃။ ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်ကစားသမား နေမာကို ခေါ်ယူချင်တယ်ဆိုရင် ပေါင်သန်း (၁၃၀)နဲ့ ကစားသမား (၂)ဦးအလိုက်ပေးဖို့ ပီအက်စ်ဂျီအသင်းက တောင်းဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဘရာဇီးလ်သားကတော့…

reading now

[ZawGyi] ၁။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဟားမက်စ်ရိုဒရီဂွတ်ဇ်ကို ခေါ်ယူဖို့ အလေးအနက်ထားလာတယ်လို့ သိရပါတယ်။ ကိုလံဘီယာသားကိုယ်တိုင်က နည်းပြဆီမြွန်နီရဲ့အသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။ ၂။ ရိုးမားအသင်းဟာ ကာဂလီယာရီအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်လေး နီကိုလိုဘာရဲလာကို ယူရို (၃၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းတွေ ရှိလာခဲ့ကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ ၃။ အန်တိုနီယိုဂရစ်ဇ်မန်းဟာ နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ်သားဟာ နူးကမ့်မှာ တနှစ်ခုပ်ခ ယူရို (၁၇)သန်းအထိ ရရှိသွားလိမ့်မယ်လို့လည်း သိရပါတယ်။ ၄။ စီးရီးအေထိပ်သီးကလပ်…

reading now

error: Content is protected !!