ဆဲလ်တစ်အသင်းဟာ ကီယန် တိုင်ယာနီအတွက် အာဆင်နယ်အသင်းရဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းချက်ကို သဘောတူလက်ခံလိုက်ပြီဖြစ်တယ်လို့ Daily Star သတင်းစာက ဖော်ပြလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပေါင် သန်း ၂၀ + ထပ်ဆောင်းဆုကြေးငွေ ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ဆဲလ်တစ်အသင်းဘက်က လက်ခံလိုက်ကြောင်း သတင်းတစ်ချို့ ယမန်နေ့ကတည်းက စတင်ထွက်ပေါ်လာခဲ့ပေမယ့် အတည်ပြုနိုင်တဲ့သတင်းအရင်း အမြစ်တွေ မရှိခဲ့တာမို့ ကောလဟာလ သာသာအခြေအနေသာရှိနေခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းချက်ဟာ ဆဲလ်တစ်အသင်းလိုအရှိတဲ့ ပေါင် ၂၅ သန်းနဲ့လည်း ကိုက်ညီနေတဲ့အပြင် ကာယကံရှင်ကစားသမား ကိုယ်တိုင်ဟာလည်း…

reading now

၁။ ဘရူနို ဖာနန်ဒက်စ်အတွက် မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို စပို့တင်း လစ္စဘွန်းဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ တန်ကြေး ယူရို သန်း ၇၀ သတ်မှတ်ထားတဲ့ ဖာနန်ဒက်စ်အတွက် ယူရို ၃၅ သန်းတည်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် ခုလို ပယ်ချခံရတာလို့ သိရပါတယ်။ ၂။ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပဇစ်အသင်းဟာ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူကို ခေါ်ယူနိုင်ဖို့ နီးစပ်လာနေတယ်လို့ Sky Germany…

reading now

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းက အသက် ၂၄ နှစ်အရွယ် ခံစစ်မှူး ကတ် ဇူးမားအတွက် တန်ကြေး သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ Daily Star သတင်းစာက ဖော်ပြလိုက်ပါတယ်။ လန်ဒန်ကလပ်ဟာ အဆိုပါ ပြင်သစ် လက်ရွေးစင်အတွက် တန်ကြေး ပေါင် သန်း ၃၀ နဲ့အထက် ပမာဏရရှိခဲ့မယ်ဆိုရင် လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အဲဗာတန်အသင်းအတွက်တော့ အခွင့်အလမ်းကောင်း ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ချယ်လ်ဆီး ခံစစ်မှူး ကတ် ဇူးမားကို အပြီးသတ်ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေတဲ့အသင်းဖြစ်ပါတယ်။…

reading now

အာဆင်နယ်အသင်းအနေနဲ့ ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား ဝီးလ်ဖရက်ဒ် ဇာဟာကို မခေါ်ယူသင့်ဘူးလို့ အသင်းရဲ့ ဂန္တဝင်ဟောင်းတွေဖြစ်ကြတဲ့ ရေးပါလာနဲ့ ဒေးဗစ် ဆီးမန်းတို့က သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဇာဟာရဲ့ တန်ကြေးနဲ့ ခြေစွမ်းဟာ ထိုက်တန်မှုမရှိဘူးလို့ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးလုံးက ယူဆနေကြတာဖြစ်ပြီး အဆိုပါကိစ္စကို အာဆင်နယ်အသင်းရဲ့ ဂျာစီသစ် မိတ်ဆက်ပွဲမှာ ပြုလုပ်တဲ့ Sky Sports နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂန္တဝင် ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက "(ဇာဟာကို အာဆင်နယ် ဂျာစီနဲ့ မြင်ရမလားဆိုရင်) ကျွန်တော့်မှာ အဲ့လို ထင်မြင်မှုမျိုးမရှိပါဘူး။…

reading now

၁။ စပါးအသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန် အဲရစ်ဆင်ကို ရောင်းချဖို့ဆန္ဒရှိကြောင်း ရီးရဲလ်မက်ဒရစ်အသင်းထံ ကမ်းလှမ်းခဲ့တယ်လို့ Marca ရဲ့သတင်းအရ သိရပါတယ်။ စပါးအသင်းဥက္ကဌ ဒန်နီယယ် လီဗိုင်းဟာ မက်ဒရစ်အထွေထွေဒါရိုက်တာ ဟိုဆေး အိန်ဂျယ် ဆန်းချက်ဇ်ကို ဖုန်းနဲ့ဆက်သွယ်ပြီး ကမ်းလှမ်းခဲ့တာလို့ အဆိုပါသတင်းက ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်လက်ရွေးစင်ဟာ လာမယ့်ရာသီကုန်မှာ စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာမို့ လီဗိုင်းက ရသမျှ တန်ကြေးနဲ့ ရောင်းထုတ်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ စပါးအသင်းဟာ ၂၀၁၈ နွေရာသီတုန်းက အဲရစ်ဆင်အတွက် ယူရိုသန်း…

reading now

တောင်ပံတိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းနဲ့ မကြာသေးခင်ကမှ စာချုပ်သက်တမ်းကုန်ဆုံးထားတဲ့ အယ်လ်ဂျီးရီးယားလက်ရွေးစင် တောင်ပံကစားသမား ယာစင်း ဘရာဟီမီကို ခေါ်ယူဖို့ သဘောတူညီချက် ရရှိသွားခဲ့ပြီဖြစ်တယ်လို့ talkSPORT က ဖော်ပြခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်အတွက် BBC ရဲ့ အာဖရိက အကောင်းဆုံးကစားသမားဆုရှင် ဘရာဟီမီကို အာဆင်နယ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး စာချုပ်လက်မှတ်ထိုးခအဖြစ် ယူရို ၄ သန်း ပေးချေသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်းဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ ကစားသမားနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ပြီး အာဖရိကဖလားပြိုင်ပွဲအပြီးမှာ အပြောင်းအရွှေ့ကို…

reading now

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ခရစ်စတယ်ပဲလေ့စ် ညာနောက်ခံကစားသမား အာရွန် ဝမ်ဘစ္စကာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဒါလော့ကို အသင်းကနေ ယခုနွေရာသီမှာ ထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝမ်ဘစ္စကာကို ပေါင် ၄၅ သန်းနဲ့ စနေနေ့က အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်အင်္ဂလန်သားဟာ နည်းပြဆိုးလ်ရှားရဲ့ အဓိက ညာနောက်ခံလူဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့နွေရာသီတုန်းက နည်းပြဟောင်း မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့ ပေါ်တိုအသင်းကနေ မန်ယူအသင်းထံ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဒါလော့ဟာ…

reading now

၁။ အာဆင်နယ်အသင်းက ပိုလန်လူငယ်ကြယ်ပွင့် ခရစ္စတီယန် ဘီလစ်ဟာ အသင်းမှာ ခံစစ်မှူးသစ် ခေါ်ယူဖြည့်တင်းမှုတွေပြုလုပ်မယ်ဆိုရင် လန်ဒန်ကလပ်ကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ ဘီလစ်ကို လက်လွှတ်လိုခြင်းမရှိပေမယ့် ခံစစ်တန်းကိုပြင်ဆင်ဖို့အတွက် နောက်ထပ်ခံစစ်မှူးသစ်ခေါ်ယူဖို့ လုံးဝသေချာနေတဲ့အသင်းဖြစ်ပါတယ်။ ယူရို ယူ-၂၁ ပြိုင်ပွဲမှာ ခြေစွမ်းကောင်းပြသခဲ့တဲ့ ဘီလစ်ကိုခေါ်ယူဖို့ အင်္ဂလန်ကလပ်တွေအပြင် အီတလီ၊ စပိန်၊ ဂျာမနီ၊ ဟော်လန်နဲ့ ဘယ်လ်ဂျီယံအခြေစိုက်ကလပ်အသင်းပေါင်း မြောက်များစွာက ချိတ်ဆက်နေပါတယ်။ ၂။ အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်အသင်းက အသက် ၂၀ အရွယ် ပြင်သစ် လူငယ် နောက်ခံလူ ဒန်-အေဇယ်…

reading now

၁။ ဘာစီလိုနာအသင်းက ကွင်းလယ်လူ ဒန်းနစ် ဆွာရက်ဇ်ဟာ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တာ ဗီဂိုအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၁၃.၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အာဆင်နယ်အသင်းထံ အပြီးသတ်သဘောတူညီချက်ပါဝင်တဲ့ ရာသီဝက်အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပေမယ့် ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သူဖြစ်ပါတယ်။ ၂။ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ နောက်ခံလူတွေဖြစ်ကြတဲ့ မားကို့စ် အလွန်ဆိုနဲ့ ဒေဗီဒီ ဇာပါကော့စတာတို့ကို လက်လွှတ်ရဖို့ ပိုမိုနီးစပ်လာနေပြီဖြစ်တယ်လို့ The Star သတင်းစာက ဖော်ပြခဲ့ပါတယ်။ ကစားသမား ၂…

reading now

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး အန်တွိုင်း ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ကိစ္စကို မကြာခင်မှာကြေညာတော့မှာဖြစ်တယ်လို့ Goal က ရေးသားခဲ့ပါတယ်။ ဂရစ်ဇ်မန်းရဲ့ စာချုပ်ဖျက်သိမ်းခ ယူရု သန်း ၁၂၀ (ပေါင် ၁၀၇ သန်း) ဟာ ဒီကနေ့ မနက် ၁၂ နာရီမှာ စတင်အသက်ဝင်ခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအသင်းဘက်ကလည်း အဆိုပါ ပမာဏကို ပေးချေမယ်လို့ ကတိကဝတ်ပြုထားတာမို့ ဗုဒ္ဓဟူးနေ့မှာ အပြောင်းအရွှေ့ကို ကြေညာတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂)လလောက်ကတည်းက အပြောင်းအရွှေ့အတွက် ကစားသမားနဲ့ နူးကမ့်ကလပ်ကြားမှာ ပုဂ္ဂိုလ်ရေး…

reading now

error: Content is protected !!