အာဆင်နယ်အသင်းဟာ ၂၀၁၈-၁၉ ရာသီအတွက် ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီကို ပေါင် ၆ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ မာတီနယ်လီဟာ အာဆင်နယ်အသင်းကို ပြီးခဲတဲ့ ဧပြီလကတည်းက ရောက်ရှိတော့မယ်လို့ သတင်းကြီးနေခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ချိန်ကို စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့ သတင်ေးတွကဆိုပါတယ်။ ခုချိန်မှာတော့ အာဆင်နယ်ကစားသမားသစ်ဖြစ်လာခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ် ကြယ်ပွင့်လေးနဲ့ Arsenal အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်တို့ရဲ့ အင်တာဗျူးကို အာဆင်နယ်အသင်းပရိတ်သတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။ မေး။ မင်္ဂလာပါ ဂါဘရီယယ်၊ အာဆင်နယ်အသင်းကနေ ကြိုဆိုပါတယ်။ အာဆင်နယ်အသင်းပရိတ်သတ်တွေကတော့ မင်း…

reading now

အာဆင်နယ်အသင်းက နိုက်ဂျီးရီးယား ကွင်းလယ်တိုက်စစ်ကစားသမား အဲလက်စ် အီဝီုဘီက သူ့အနေနဲ့ တောင်ပံမှာ ထွက်ကစားဖို့ထက် ကွင်းလယ်တိုက်စစ်မှ ပြန်ကစားခွင့်ရဖို့ ပိုမိုအလိုရှိနေတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ အီဝိုဘီကို တောင်ပံမှာ ထွက်ကစားဖို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက စတင် တာဝန်ပေးခဲ့တာဖြစ်ပြီး သူ့နေရာကို ဆက်ခံခဲ့တဲ့ အူနိုင်း အမ်မရီကလည်း တောင်ပံမှာသာ ဆက်လက်ကစားစေခဲ့တာဖြစ်ပါတယ်။ ကာယကံရှင် အီဝိုဘီကတော့ သူ့အနေနဲ့ ကွင်းလယ် ဗဟိုဘက်ကို ပိုရောက်တဲ့ နေရာမျိုးမှာ ကစားခွင့်ရဖို့ ပိုမိုအလိုရှိတယ်လို့ Goal ရဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး တစ်ဖက်မှာလည်း နည်းပြ…

reading now

လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားကို အာဆီယံ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းကျင်းပမယ်လို့ ပြီးခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။ ဒီအဆိုအရ အာဆီယံ ဒေသတွင်းက နိုင်ငံ ၁၀ နိုင်ငံပေါင်းပြီး ကမ္ဘာ့ဖလားကို ကျင်းပဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မလေးရှား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဒါတို ဟမီဒင် မိုဟာမက် အေမင်ကတော့ ၁၀ နိုင်ငံပေါင်းပြီး အိမ်ရှင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ပဲ အများဆုံး ၄ နိုင်ငံအထိသာ ပူးပေါင်း ကျင်းပဖို့သာ ဖြစ်နိုင်လိမ့်မယ်လို့ ဝေဖန်ထောက်ပြခဲ့ကြောင်း…

reading now

၁။ ဗလင်စီယာအသင်းဟာ ဗီလာရီးရဲလ်လ်အသင်းက ရုရှား တောင်ပံကစားသမား ဒန်းနစ် ချီရီရှက်ဗ်ကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက် ရရှိသွားခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ၂၈ နှစ်သား ချီရီရှက်ဗ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗလင်စီယာအသင်းမှာ အငှားလာရောက်ကစားဖူးပြီး သွင်းဂိုး ၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ၂။ မန်စီးတီး၊ ဂျူဗင်တပ်နဲ့ ဘာစီလိုနာအသင်းတွေဟာ စပို့တင်း လစ္စဘွန်းအသင်းက လူငယ် ကြယ်ပွင့် တောင်ပံကစားသမား ဖီးလစ်ဇ် ကော်ရီယာကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။ ပေါ်တူဂီကလပ်ဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့…

reading now

အဲရစ်ဆင်ရဲ့အပြောင်းအရွှေ့ကို လာမယ့်ရက်သတ္တပတ်အတွင်း ရီးရဲလ်မက်ဒရစ်နဲ့ စပါး ၂ သင်းလုံးက တရားဝင်အတည်ပြု ထုတ်ပြန်ဖွယ်ရှိနေတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ မာတင် ရှုထ်က မီဒီယာတွေကို အရိပ်အမြွတ် ပြောကြားခဲ့ကြောင်း Marca သတင်းဌာနက ရေးသားလိုက်ပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ အဲရစ်ဆင်ဟာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ညှိနှိုင်းမှု အချို့စတင်ပြုလုပ်ဖို့ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်း အသင်းနဲအေးဂျင့်ဖြစ်သူနဲ့အတူ ဆွေးနွေးမှုစတင်တော့မယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြပါတယ်။ သတင်းတွေအရ မက်ဒရစ်အသင်းနဲ့ စပါးအသင်းတို့ဟာ အဆိုပါအပြောင်းအရွှေ့အတွက် လျှို့ဝှက်သဘောတူညီမှုတစ်ရပ် ရထားပြီးပြီလို့ ဆိုပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့…

reading now

၁။ အာဆင်နယ်အသင်းနဲ့ အယ်လ်ဂျီးရီးယား တောင်ပံကစားသမား ယာစင်း ဘရာဟီမီတို့အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ယမန်နေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို Goal နဲ့ Sky Sports တို့က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ကစားသမားတို့အကြား လက်မှတ်ထိုးကြေး ယူရို ၄ သန်း ပေးချေဖို့ သဘောတူညီချက် ရရှိထားကြောင်း အဆိုပါသတင်းတွေက အတည်ပြုခဲ့ပေမယ့် လစာနဲ့ အပိုဆုကြေး ခံစားခွင့်တွေကတော့ ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ၂။ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းဟာ သူတို့ရဲ့ ခံစစ်မှူး အာရေး ကော်မက်အတွက်…

reading now

ကိုပါအမေရိကဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ဟာ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာတွ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ဘရာဇီးလ်ပရိသတ်တွေဟာ အာဂျင်တီးနားကြယ်ပွင့် လိုင်ယွန်နယ် မက်ဆီကို ပစ်မှတ်ထား လှောင်ပြောင်သရော်နေကြတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ လီယွန်နယ်မက်ဆီဟာ လက်ရွေးစင်အသင်းနဲ့ကစားရတဲ့အချိန်တိုင်း ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပြီး လက်ရှိ ကိုပါအမေရိက ပြိုင်ပွဲမှာလည်း ပါရာဂွေအသင်းနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူထားတဲ့ သွင်းဂိုး တစ်ဂိုးသာ သွင်းယူထားနိုင်သေးပြီး ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ ဗင်နီဇွဲလားအသင်းကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ မက်ဆီက ကိုပါအမေရိကပြိုင်ပွဲမှာ ခြေစွမ်းမပြသနိုင်တာဟာ အိမ်ရှင်နိုင်ငံ ဘရာဇီးလ်ရဲ့ကွင်းအခြေအနေကြောင့်လို့…

reading now

၁။ စပိန်ထိပ်သီးကလပ်အသင်းတစ်သင်းဟာ လာကာဇက် အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ပြုလုပ်ဖို့ အာဆင်နယ်အသင်းနဲ့ လာမယ့်အပတ်မှာ ညှိနှိုင်းမှုပြုလုပ်သွားမှာဖြစ်တယ်လို့ Yahoo Sports က ဖော်ပြခဲ့ပါတယ်။ အဆိုပါအသင်းဟာ ဘယ်အသင်းဖြစ်တယ်ဆိုတာကို အတိမကျမသိရှိရသေးပေမယ့် ဘာစီလိုနာနဲ့ အက်လသက်တီကိုတို့ထဲက တစ်သင်းဖြစ်နိုင်တယ်လို့ သတင်းကဆိုပါတယ်။ ၂။ ဆောက်သမ်တန်အသင်းဟာ လီဗာပူးလ်အသင်းက တိုက်စစ်မှူး ဒန်နီ အင်းဂ်စ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အင်းဂ်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆောက်သမ်တန်အသင်းမှာ အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့သူဖြစ်ပြီး နည်းပြ ဟက်ဆန်ဟျူတယ်က သူ့ရဲ့ ခြေစွမ်းကို နှစ်ခြိုက်တာကြောင့် ခုလို စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ၃။…

reading now

ချယ်လ်ဆီးအသင်းနဲ့ ဒါဘီကောင်တီနည်းပြ ဖရန့်ခ် လမ်းပတ်တို့အကြား ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့ပြီး ပုဂ္ဂိုလ်ရေး အချက်အလက်တွေနဲ့ ဝန်ထမ်းခန့်ထားမှုပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီချက် ရရှိသွားပြီဖြစ်တယ်လို့ Goal သတင်းဌာနက ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းဘက်က ပရိတ်သတ်တွေ အလိုရှိနေတဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့်ခ် လမ်းပတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ပြီဆိုတဲ့ သတင်းစကားကို မကြာခင်မှာ ထုတ်ပြန်ကြေညာတော့မှာဖြစ်ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်း မျှော်လင့်ထားတဲ့အတိုင်း ရာသီကြို ခြေစမ်းခရီးစဉ်မစတင်ခင်မှာ ချယ်လ်ဆီး…

reading now

မန်ယူအသင်းအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ တွဲဖက်ကစားဖို့ ချယ်လ်ဆီးကွင်းလယ်လူ အန်ဂိုလို ကန်တေကို ခေါ်ယူသင့်တယ်လို့ အသင်းရဲ့ ဂိုးသမားဟောင်း မာ့ခ် ဘော့စ်နစ်ခ်ျက တိုက်တွန်းလိုက်ပါတယ်။ သြစတြေးလျလက်ရွေးစင် ဂိုးသမားဟောင်း ဘော့စ်နစ်ခ်ျက ပေါ့ဘာရဲ့ ခြေစွမ်းကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်နိုင်ဖို့ လက်ရွေးစင်အသင်းဖော် ကန်တေကသာ စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး သူတို့ ၂ ဦးကို အိုးလ်ထရက်ဖို့ဒ်မှာ တွဲဖက်ကစားနိုင်အောင် မန်ယူအသင်းတာဝန်ရှိသူတွေအနေနဲ့ စီမံသင့်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်ကတော့ ပေါ့ဘာက အကောင်းဆုံးဆိုပြီး ခံစားမိပါတယ်။ ကျွန်တော်သာဆို ပေါ့ဘာကို ဝန်းရံပြီး…

reading now

error: Content is protected !!