[UNICODE] နယ်သာလန် ၁-၀ ဘယ်ဂျီယံ ထိပ်သီးအသင်းနှစ်သင်းရဲ့အားပြိုင်မှုမှာတော့ နယ်သာလန်က အိမ်ကွင်းမှာ မပြတ်သားတဲ့ရလဒ်နဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ နယ်သာလန်ဟာ ဒီပွဲမှာ ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဘာဂ်ဝင်၊ဂျန်ဆန်၊ ကလာဆန်တို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဘာဟတ်စ်၊ ဒီရွန်တို့ကို အသုံးပြုခဲ့ပြီး ဒါလေဘလိုင်းနဲ့ ဒန်ဖရိုင်းစ်တို့ကို Wing Back တွေအဖြစ် ကစားစေခဲ့တာပါ။ နောက်တန်းမှာတော့ အကီ၊ ဗန်ဒိုက်ချ်နဲ့ တင်ဘာတို့ကို ကစားစေခဲ့ပါတယ်။ဘယ်ဂျီယံကလည်း ၃-၄-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ကာ ဘတ်ရှူအာယီ၊ ဟာဇက်၊ ဒီဘရိုင်း၊ ဝီဆယ်၊…

reading now

[UNICODE] ဒိန်းမတ် ၂-၀ ပြင်သစ် ဒိန်းမတ်ကတော့ အိမ်ကွင်းမှာ မာကျောတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ နာမည်ကြီးပြင်သစ်ကို အလဲထိုးလိုက်ပါတယ်။ ပြင်သစ်ဟာ ဒီပွဲမှာ ၃-၄-၁-၂ ကစားကွက်နဲ့ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာ အမ်ဘာပေ၊ ဂျရူးနဲ့ ဂရစ်ဇ်မန်းတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ကာမာဗင်ဂါ၊ ချူအာမန်နီတို့ကို အသုံးပြုခဲ့ပြီး မန်ဒီ၊ ပါဗက်စ်တို့ကို Wing Back အဖြစ် ကစားစေခဲ့ပြီး နောက်တန်းမှာ အူပါမီကာနို၊ ဆာလီဘာ၊ ဘာဒီယာရှင်းတို့ကို ပွဲထုတ်ခဲ့ပါတယ်။ ဒိန်းမတ်က ၄-၃-၃ ကစားကွက်ကို ကျင့်သုံးခဲ့ပြီး ဒမ်းစတက်၊…

reading now

[UNICODE] အာဂျင်တီးနားကွင်းလယ်လူ ဒီပေါလ်ရဲ့ အသင်းခေါင်းဆောင်မက်ဆီအပေါ် ကာကွယ်ပုံတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက သဘေကျခဲ့တာဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒီပေါလ်ဟာမက်ဆီရဲ့ဘော်ဒီဂတ်ဖြစ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့တဲ့အကြောင်းရင်းရှိပါတယ။် အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲစဉ်အဖြစ် ဟွန်ဒူးရပ်စ်အသင်းနဲ့ ခြေသွေးခဲ့တဲ့ပွဲစဉ်မှာတော့ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အာဂျင်တီးနားရဲ့ခြေစွမ်းက လုံးဝအားရစရာကောင်းမွန်လွန်းခဲ့ပြီးမက်ဆီက နှစ်ဂိုးနဲ့ လော်တာရိုမာတီနက်ဇ်တို့က အနိုင်ဂိုးတွေကို သွင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ ၃၅ နှစ်အရွယ် တိုက်စစ်မှူးမက်ဆီဟာ အာဂျင်တီးနားအတွက် ပထမပိုင်းမှာ ပင်နယ်တီဂိုးသွင်းယူခဲ့ပြီး ၆၉ မိနစ်မှာတော့ ပွဲသိမ်းဂိုးကို လှလှပပ သွင်းယူသွားခဲ့တာပါ။ ဒီပွဲစဉ်မှာ…

reading now

[UNICODE] လီဗာပူး ၂-၁ မန်ယူ လီဗာပူးဂန္ထဝင်တွေနဲ့ မန်ယူဂန္ထဝင်တို့ရဲ့ ချစ်ကြည်ရေး ရန်ပုံငွေပွဲစဉ်မှာတော့ လီဗာပးူဂန္ထဝင်တွေက နောက်ကနေ လိုက်ကစားပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပးူဂန္ထဝင်အသင်းဘက်မှာ ဂိုးသမားအဖြစ် ဒူဒက်၊ ဟန်ချော့ဇ်၊ ဗီနယ်၊ မက်ဆီရိုဒရီဂွတ်ဇ်၊ ဆစ်ဆိုခို၊ အလွန်ဆို၊ ဒေါင်းနင်း၊ ဗိုရိုနင်တို့ပွဲထွက်ကစားခဲ့ပြီး ဂလင်းဂျွန်ဆင်၊ လူးဝစ်ဂါစီယာ၊ ရော်ဘီကိန်း၊ ပွန်ဂိုလီတို့က လူစားလဲကစားခဲ့ပါတယ်။ မန်ယူဂန္ထဝင်အသင်းဘက်မှာတော့ ရိုနီဂျွန်ဆင်၊ ဂျက်စတမ်း၊ ဒန်နီပေ့ါ၊ ဗလန်စီယာ၊ မိုက်ကယ်ကာရစ်၊ ဒါရင်းဖလက်ချာ၊ ဒါရန် ဂစ်ဆင်၊ ဘာဘာတော့ဗ်၊ ဖရေဆာကမ်းဘဲလ်တို့က…

reading now

[UNICODE] အာဆင်နယ်နဲ့ စပါးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပွဲစဉ် ၂ မှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အာဆင်နယ်က ခြေစွမ်းပြခဲ့ပြီး ခါးသီးတဲ့ဒါဘီပြိုင်ဘက်ကိုအိမ်ကွင်းမှာ ပြတ်သားစွာ အလဲထိုးခဲ့တာပါ။ ဒီပွဲစဉ်က မှတ်မှတ်ရရ အချက်တွေအကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။ ရပ်တန့်လို့မရတဲ့ မီဒမ်မာ မြောက်လန်ဒန်ဒါဘီပွဲမှာလည်း အာဆင်နယ်ရဲ့ဂိုးသွင်းစက် မီဒမ်မာဟာ ရပ်တန့်လို့ မရခဲ့ပါဘူး။ အာဆင်နယ်အတွက် အချိန်တိုအတွင်းမှာပဲ ဂိုး ၁၀၀ ကျော်သွင်းထားတဲ့ မီဒမ်မာဟာ စပါးနဲ့ပွဲမှာလည်း နှစ်ဂိုးသွင်းပေးခဲ့ပါတယ်။ မီဒမ်မာဟာ အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲအတွင်း စပါးနဲ့…

reading now

[UNICODE] စပိန် ၁-၂ ဆွစ်ဇာလန် စပိန်ကတော့ အိမ်ကွင်းမှာ တိုက်စစ်ပိုင်း အားနည်းချက်နဲ့အတူ ဆွစ်ဇာလန်ကို အရေးနိမ့်ခဲ့ပြီး အုပ်စုပထမနေရာကို လက်လွှတ်ခဲ့ရပါတယ်။ စပိန်အနေနဲ့ ဒီပွဲမှာ ၄-၃-၃ ကစားကွက်ကို ကျင့်သုံးခဲ့ပြီး တိုက်စစ်မှာဆာရာဘီယာ၊ ဖာရန်တောရက်စ်နဲ့ အဆန်စီယိုတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ပတ်ဒရီ၊ ဘတ်စကွက်စ်၊ ဂါဗီတို့ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာ အယ်လ်ဘာ၊ ပေါတောရက်စ်၊ ဂါစီယာနဲ့ အက်ပီကျူတာတို့ကို ကစားစေခဲ့ပါတယ်။ ဆွစ်ဇာလန်အနေနဲ့ ၄-၂-၃-၁ ကစားကွက်ကိုခင်းကျင်းခဲ့ပြီး ရှာကွီရီ၊ အယ်ဘိုလို၊ ရီကာဒိုရိုဒရီဂို၊ ဂျာကာ၊ ဖရူလာတို့ကို…

reading now

[UNICODE] ချက်ဇ် ဝ-၄ ပေါ်တူဂီ ပေါ်တူဂီကတော့ အိမ်ကွင်းမှာ အားရစရာကော်ငးတဲ့ ကစားပုံနဲ့ချက်မြေမှာ ဂိုးပြတ် အလဲထိုးခဲ့နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအနေနဲ့ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ စီရော်နယ်ဒို၊ လီယာအို၊ဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့ကိုတွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ကာဗယ်ဟို၊ နီဗက်စ်တို့ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာတော့ ဒါလော့၊ ဒီရက်စ်၊ ပါရဲရား၊ မာရီယိုရိုင်တို့ကို ကစားစေခဲ့တာပါ။ အိမ်ရှင်ချက်ဇ်ကလည်း ၃-၄-၃ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဘာရက်ချ်၊ ရှဟစ်၊ဇီမာ၊ ကော်ဖယ်တို့ကို အမာခံထားပြီး ပေါ်တူဂီကို ရင်ဆိုင်ခဲ့တာပါ။ ဒီပွဲမှာ ပေါ်တူဂီရဲ့…

reading now

[UNICODE] မက်ဂွဲရားပြဿနာ မန်ယူမှာတောင် အရန်ခုံထိုင်ရပြီး နေရာမရတော့တဲ့ မက်ဂွဲရားကို အီတလီနဲ့ပွဲမှာပွဲထုတ်ခဲ့တာက ဆောက်ဂိတ်ရဲ့ လိုက်မမှီနိုင်တဲ့ လုပ်ရပ်တစ်ခုပါ။ လက်ရှိမက်ဂွဲရားရဲ့ ပြဿနာက ယုံကြည်မှု ပျောက်ဆုံးနေတာပါ။ ဆက်တိုက်ဆိုသလို ဝေဖန်မှုတွေ ခံရပြီး ပွဲထွက်ခွင့်ပါ ပျောက်ဆုံးခဲ့ပြီးနောက် မက်ဂွဲရားရဲ့ ယုံကြည်မှုက အောက်ဆုံးအထိ ကျဆင်းသွားခဲ့ပုံပါပဲ။ အီတလီနဲ့ပွဲမှာ မက်ဂွဲရားကခြေက အဆိုးကြီး မဟုတ်ခဲ့ပေမယ့် အားကိုးစရာလည်း မကောင်းခဲ့ပါဘူး။ အဖြေထက် မေးခွန်းတွေ များခဲ့တဲ့ ပွဲ အီတလီနဲ့ပွဲမှာ ဆောက်ဂိတ်အနနဲ့ အဖြေထက် နောက်ထပ်မေးခွန်းတွေကိုပဲ ပိုပြီး ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်ဆိုရင်…

reading now

[UNICODE] ဘရာဇီး ၃-၀ ဂါနာ ဘရာဇီးကလည်း ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲမှာ အကောင်းဆုံးပုံစံကို ပြသခဲ့ပြီး ပြိုင်ဘက်တိုင်း သတိထားရမယ့် ခြေစွမ်းမျိုးကို ပြသခဲ့ပါတယ်။ ဘရာဇီးအနေနဲ့ ဒီပွဲမှာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီးတိုက်စစ်မှာ ရီချာလီဆန်၊ ဗင်နီဆီးယက်စ်၊ ရာဖင်ဟာ၊ နေမာတို့ကို အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်မှာ ကက်စမဲရိုးနဲ့ ပါကွယ်တာအတွဲကို ခင်းကျင်းခဲ့ပြီး နောက်တန်းမှာ တဲလက်စ်၊ မာကွင်ဟို့စ်၊ သီယာဂိုဆေးလ်ဗား၊ မီလီတာယိုတို့ကို ကစားစေခဲ့တာပါ။ ဂါနာကလည်း ၄-၁-၄-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီးအဖာနာဂျန်၊ အာရူး၊ ရာမန်တို့လို ကစားသမားတွေနဲ့…

reading now

[UNICODE] အာဂျင်တီးနား ၃-၀ ဟွန်ဒူးရပ်စ် အာဂျင်တီးနားကတော့ ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲမှာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ အကောင်းဆုံးသော ခြေစွမ်းခြေစနဲ့အတူ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အာဂျင်တီးနားဟာ ဒီပွဲမှာ ၄-၃-၃ ကစားကွက်ကိုခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ မက်ဆီ၊ မာတီနက်ဇ်၊ ဂိုမက်ဇ်တို့အတွဲကို ခင်းကျင်းခဲ့ပါတယ်။ ကွင်းလယ်မှာ လိုဆယ်လို၊ ပါရီဒက်၊ ဒီပေါလ်တို့ကို တွဲပေးခဲ့ပြီး ခံစစ်မှာ တက်ဂလီယာဖီဂို၊ လီဆန်ဒရိုမာတီနက်ဇ်၊ ပစ်ဇယ်လာ၊ မိုလီနာတို့ကို အသုံးပြုခဲ့တာပါ။ ဟွန်ဒူးရပ်စ်ကလည်း ၄-၃-၃ ကစားကွက်ကိုအသုံးပြုခဲ့ပြီးသူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ အာဂျငတိးနားကို ရင်ဆိုင်ခဲ့တာပါ။ အဓိက…

reading now

error: Content is protected !!