[UNICODE] တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်မှာတော့ တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့မျက်နှာ ညိုမဲစွဲနေခဲ့တာကို ထိတ်လန့်ဖွယ်ရာတွေ့မြင်ခဲ့ရပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ ချက်ဇ်နဲ့ ကစားခဲ့တဲ့ ယူရိုနေရှင်းလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမား ဗက်လစ်နဲ့ ထိခိုက်မိပြီး မျက်နှာမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ကွင်းအတွင်းမှာပဲ စီရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် သွေးထွက်သံယိုဖြစ်ခဲ့ရပြီး အခြေအနေ ဆိုးရွားခဲ့တာပါ။ ဒါပေမယ့် စီရော်နယ်ဒိုဟာ အသင်းအပေါ် ပေးဆပ်လိုစိတ်အပြည့်နဲ့ ဆေးကုသမှုခံယူပြီး တစ်ပွဲလုံး မရပ်မနား ဆက်ကစားခဲ့ပါတယ်။ ဗက်လစ်နဲ့ စီရော်နယ်ဒိုတို့ဟာ ဘောလုံးယှဉ်လုဖို့ ကြိုးပမ်းခဲ့ရာမှာတော့ အိုလံပီယာကော့စ်ဂိုးသမားရဲ့လက်မောင်းက စီရော်နယ်ဒိုရဲ့မျက်နှာကို မတော်တဆ…

reading now

[UNICODE] မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးတို့အကြားက အပြောင်းအရွှေ့ဇာတ်လမ်းကလည်း လွမ်းမောစရာပါပဲ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဘယ်လောက်နီးစပ်ခဲ့သလဲဆိုတဲ့အကြောင်း အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုက ဖော်ထုတ်ခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်စဉ်မှာ သူ့ကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာ မန်စီးတီးက ထိပ်ဆုံးက ပါဝင်တယ်လို့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ စီရော်နယ်ဒိုအနေနဲ့ မန်စီးတီးနဲ့ အပြောင်းအရွှေ့ညှိနှိုင်းဖို့အတွက် မန်ချက်စတာကို ရောက်လာခဲ့တာပါ။ ဒါပေမယ့် အချိန်တိုအတွင်းမှာပဲ စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဇာတ်ညွှန်းက ပြောင်းလဲခဲ့ပြီး သူ့အနေနဲ့ မန်စီးတီးအစား…

reading now

[ေUNICODE] ပါ်တူဂီ - စပိန် (၂၈-၉-၂၀၂၂ မြန်မာစံတော်ချိန် မနက် ၁:၁၅) ဒီတစ်ပတ်မှာတော့ ဥရောပပွဲတွေကို ရပ်နားပြီး နိုင်ငံတကာပွဲစဉ်တွေကို ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ။် ဥရောပ ရပ်ဝန်းမှာတော့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားနေကြတာပါ။ဒီနေ့ညမှာတော့ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲက ပရိသတ်တွေကို အသင့်စောင့်ကြိုနေပါတယ်။ ဒီပွဲစဉ်ကတော့ ပေါ်တူဂီနဲ့ စပိန်တို့ ထိပ်တိုက်တွေ့ဆုံနေကြတဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲပါ။ ပွဲအကြောင်းပေါ်တူဂီက ပြီးခဲ့တဲ့ပွဲစဉ်မှာ ချက်ဇ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြသထားပါတယ်။ အဲဒီပွဲစဉ်မှာထူးခြားတာက မန်ယူကစားသမားတွေဖြစ်ကြတဲ့ ဒါလော့၊ ဖာနန်ဒက်စ်တို့ခြေစွမ်းပြခဲ့ပြီး စီရော်နယ်ဒိုကလည်း ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတ်ယ။…

reading now

[UNICODE] အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွဲရားကတော့ ဂျာမနီနဲ့ပွဲမှာလည်း သူ့ရဲ့အရည်အသွေးကောင်းတွေကို ထုတ်ပြခဲ့ပါတယ်။ မက်ဂွဲရားနဲ့ ပတသ်က်ပြီး ပရိသတ်တွေရဲ့စိတ်ထဲမှာ မကောင်းမြင်တဲ့ အဆိုးမြင်ဝါဒီက ဘယ်လိုမှ ချွတ်လို့မရအောင် စွဲကပ်နေခဲ့ပြီုလို့ဆိုရမှာပါ။ ဂျာမနီနဲ့ကစားခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဉ်မှာလည်း မက်ဂွဲရားက ပွဲမစခင်ကတည်းက ပရိသတ်တစ်ချို့ရဲ့ လှောင်ပြောင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ မက်ဂွဲရားဟာ ဒီရာသီ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အရန်ခုံမှာထာထိုင်ပြီး ချန်လှပ်ခံခဲ့ရပေမယ့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်မှာ အေးရာအေးကြောင်း နေရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ အီတလီကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း မက်ဂွဲရားတစ်ယောက် ပွဲထွက်ခွင့်ရခဲ့ပြီး အဲဒီပွဲစဉ်မှာလည်း ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို…

reading now

[UNICODE] ဟန်ဂေရီ ဝ-၂ အီတလီ အီတလီကတော့ ဇောင်းထနေတဲ့ ဟန်ဂေရီကို အဝေးကွင်းမှာ ပြတ်ပြတ်သားသား ပညာပေးပြီး နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ အီတလီဟာ ဒီပွဲမှာ ၃-၅-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ရက်စပါဒိုရီနဲ့ ဂျီနွန်တိုတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ခရစ္စတန်တီ၊ ဂျော်ဂျင်ဟို၊ ဘာရယ်လာတို့ကို အသုံးပြုခဲ့ပြီး ဒီမာကိုနဲ့ လိုရန်ဇိုတို့ကို Wing Back တွေအဖြစ် အသုံးတော်ခံခဲ့တာပါ။ နောက်တန်းမှာ အာဆာဘီ၊ ဘိုနုချီ၊ တိုရွိုင်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ အိမ်ရှင် ဟန်ဂေရီက ၃-၄-၂-၁…

reading now

[UNICODE] အင်္ဂလန် ၃-၃ ဂျာမနီ အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ အထည်ကြီးပျက်နှစ်သင်းတွေ့ဆုံမှုကတော့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ မြိုင်ဆိုင်ခဲ့ပြီး ဝင်ဘလေမှာ သရေရလဒ် ခွဲယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ဒီပွဲမှာ ၃-၄-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ကိန်း၊ စတာလင်၊ ဖိုဒန်တို့ကို တွဲပေးခဲ့ပါတ်ယ။ ကွင်းလယ်မှာ ဒက်ကလန်ရိုက်၊ ဘယ်လင်ဟမ်တို့ကို အသုံးပြုခဲ့ပြီး လုရှောခ်နဲ့ ရီစီဂျိမ်းစ်တို့ကို Wing Back တွေအဖြစ် ကစားစေခဲ့တာပါ။ ဂျာမနီကလည်း ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုကာ ကိုင်ဟာဗက်ဇ်၊ ဆာနေး၊ မူဆီယာ၊ ဟော့မန်း၊…

reading now

[UNICODE] ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်ကတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးတိုက်စစ်မူှး ဟာလန်းထက် အာဆင်နယ်တိုက်စစ်မူှး ဂျေဇူးက ပိုကောင်းတဲ့ ခေါ်ယူမှုဖြစ်ခဲ့တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်ဟာ ဂျေဇူးကို မန်စီးတီးထံကနေ ပေါင် ၄၅ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ မန်စီးတီးကတော့ ဟာလန်းကို ဒေါ့မွန်ကနေ စာချုပ်ပါအချက်အလက်အတိုင်း ပေါင် ၅၁ သန်းပေးပြီး ခေါ်ယူခဲ့တာပါ။ နှစ်ယောက်စလုံးကတော့ သက်ဆိုင်ရာအသင်းတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ကိုယ်စီပြသထားခဲ့ပါတယ်။ ဟာလန်းဟာ မန်စီးတီးအတွက် ၁၀ ပွဲကစားပြီးချိန်မှာ ၁၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျေဇူးကတော့ ၇ ပွဲကစားပြီးချိန်မှာ…

reading now

[UNICODE] ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးအမ်ဘာပေဟာ ကစားသမားဘ၀ အဆိုးရွားဆုံး ဂိုးပေါက်ကန်သွင်းချက်ကို ပြုလုပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဒိန်းမတ်ကိုနှစ်ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲမှာ အမ်ဘာပေရဲ့ ဂိုးပေါက်ကန်သွင်းချက်တစ်ခုက ဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ။ ပြင်သစ်ဟာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဒိန်းမတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ဒိုဘတ်၊ အန်ဒရေတို့နဲ့ သွင်းဂိုးနဲ့အတူ ဒိန်းမတ်မြေမှာ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒမ့်ချက်စ်ရဲ့အသင်းဟာ အဆိုပါပွဲစဉ်မှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကိုသာ ပြသခဲ့ပြီး ကစားပုံက ဘယ်လိုမှ အားရစရာ မရှိခဲ့တာ တွေ့မြင်ရပါတယ်။ ဒီပွဲစဉ်မှာ တိုက်စစ်မူှး အမ်ဘာပေရဲ့ စွမ်းရည်ကလည်း စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ ဒုတိယပိုင်းမှာ ပြင်သစ်ဟာ…

reading now

[UNICODE] ချဲလ်ဆီး ၂-၀ မန်စီးတီး ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးစူပါလိဂ်ပွဲစဉ် (၂) မှာတော့ ချဲလ်ဆီးက အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ဒီရာသီ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ ကာဘိုင်၊ ဖလာမင်း၊ အဲရစ်ဆင်၊ ဂျိမ်းစ်၊ ရီတန်တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာပါ။ မန်စီးတီးကလည်း ယူရိုဗိုလ်လုပွဲရဲ့ အနိုင်ဂိုးရှင် ကယ်လီ ဦးဆောင်လာကာ ရှောလ်၊ ကွန့်စ်၊ ဟမ့်၊ ဂရင်းဝုဒ်တို့ရဲ့ စုဖွဲ့မှုနဲ့ ချဲလ်ဆီးကိုရင်ဆိုင်ခဲ့ပါတ်ယ။ ပွဲအစကတည်းက အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲက…

reading now

[UNICODE] အင်္ဂလန် - ဂျာမနီ (၂၇-၉-၂၀၂၂ မြန်မာစံတော်ချိန် မနက် ၁:၁၅) ဒီတစ်ပတ်မှာတော့ ဥရောပလိဂ်ပြိုင်ပွဲတွေအစား နိုင်ငံတကာပွဲတွေကို ယှဉ်ပြိုင်ကစားလျက်ရှိနေကြတာပါ။ ဥရောပရပ်ဝန်းမှာတော့ နေးရှင်းလိဂ်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ကစားလျက်ရှိနေကြတာပါ။ ဒီတစ်ပတ်ပွဲစဉ်တွေမှာတော့ အင်္ဂလန်နဲ့ ဂျာမနီတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲကြီးပွဲကောင်း ပါဝင်နေပါတယ်။ ဒီအချိန်မှာ အင်္ဂလန်အသင်းပြောရရင်တော့ စိတ်ချမ်းသာစရာတစ်ကွက်မှ မရှိလှပါဘူး။ နေးရှင်းလိဂ်ဘီကို တန်းဆင်းသွားခဲ့ရတာက အင်္ဂလန်တို့ရဲ့ဂုဏ်သိက္ခာတွေ တော်တော်လေး ထိခိုက်စရာလို့ ဆိုရမှာပါ။ဆောက်ဂိတ်အနေနဲ့ ဖိအားတွေအတော်များနေပြီး ဒီပွဲက သူ့အတွက ်အလွန်အရေးကြီးှလှပါတယ်။ အင်္ဂလန်ရဲ့ခြေစွမ်းကို ကြည့်ရင်တော့ လုံးဝအားရစရာမကောင်းပါဘူး။ အသင်းက ခံစစ်၊…

reading now

error: Content is protected !!