စင်ကာပူ ၃-၂ မြန်မာ မြန်မာအသင်းဟာ AFF Cup ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ စင်ကာပူအိမ်ကွင်းပွဲစဉ်မှာတော့ အိမ်ရှင်စင်ကာပူအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ စင်ကာပူအသင်းဟာ ဒီနေ့ပွဲစဉ်မှာတော့ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ အေနူအာ၊ဖန်ဒီ၊ရမ်လီတို့ကို့ထားကာ ကွင်းလယ်မှာတော့ ဟူဇန်၊ဆူလီမန်၊ရှာဟီရင်၊ နော်တို့ကိုထည့်သွင်းကာ ခံစစ်ပိုင်းမှာတော့ ကူမာ၊ဟမ်ဇာ၊ဟာရမ်တို့နဲ့ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းကတော့ဒီနေ့ပွဲစဉ်မှာ ၄-၃-၃ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ တိုက်စစ်ပိုင်းမှာတော့ ဟိန်းထက် အောင်၊ အောင်ကောင်းမာန်၊မောင်မောင်လွင်တို့ကိုထားပြီး ကွင်းလယ်မှာတော့ လွင်မိုးအောင်၊ကျော်မင်းဦး၊ လင်းထက်စိုးရှိနေပါတယ်။ ခံစစ်ပိုင်းမှာတော့ နန္ဒကျော်၊သီဟထက်အောင်၊ရဲမင်းသူ၊ဟိန်းဖြိုးဝင်းတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ စင်ကာပူအသင်းကအကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ခဲ့သလို မြန်မာအသင်းကလည်း…
reading now