ရိန်းနက်စ် ၁-၀ ပီအက်စ်ဂျီ ဒီနေ့ပွဲစဉ်မှာတော့ ရိန်းနက်စ်အသင်းဟာအိမ်ကွင်းမှာတော့ ပြင်သစ်ပထမတန်းရဲ့အကောင်းဆုံးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ၁ -၀ ဂိုးနဲ့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ပီအက်စ်ဂျီအ သင်းအတွက်တော့ ဒုတိယမြောက်လိဂ်ပွဲရှုံးနိမ့်ခြင်းလည်းဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ရိန်းနက်စ်အသင်းက ၃-၄-၃ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ တိုက်စစ်ပိုင်းမှာတော့ ဒီဇိုင်းယားဒျူ၊မူဂါ၊ဂူရီတို့ကိုထားကာကွင်းလယ်မှာတော့ ထရာအိုရီ၊မာဂျာ၊အူဂိုချူကူ၊ထရူဖက်တို့ရှိနေစေပါတယ်။ ခံစစ်ပိုင်းမှာတော့ ဝုဟ်၊ရိုဒန်၊အာသာသီတီတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ ၃-၄-၂-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာရှေ့တန်းမှာတော့ အီကစ်တီကီ၊နေမာ၊ မက်ဆီတို့ကိုထားကာ ကွင်းလယ်မှာတော့ ဘားနက်၊ဗစ်တင်ဟာ၊ဇာရီအမ်မရီ၊မူကီလီတို့ကိုရှိနေစေပါတယ်။ ခံစစ်ပိုင်းမှာတော့ ပီရီယာ၊မာကွင်ဟို၊ရာမို့စ်တို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ပီအက်စ်ဂျီအသင်းဟာပွဲစကတည်းက ဂိုးရဖို့အတွက် အပြင်းအထန်တိုက်စစ်ဆင်ကစားခဲ့ပါ တယ်။ ဒါပေမယ့်ပွဲချိန်…
reading now