မာလိန်မှူးတန်ဟတ်ရဲ့ သွင်သင်ပဲ့ကိုင်မှုအောက်မှာ မန်ချက်စတာမြိုလေး စည်ပင်ဝပြောနေပါတယ်။ ဖာဂူဆန်ခေတ်လွန် ဗရမ်းဗတာ ဖြစ်လွန်းနေတဲ့ မန်ယူဟာ အခုတော့ ကျက်သရေရှိစွာနဲ့ ဗိုင်းကောင်းကျောက်ဖိ ဖြစ်လာခဲ့ပါပြီ။ ရာသီအစ ၂ ပွဲဆက် ရုပ်ပျက်ဆင်းပျက် ရှုးခဲ့တာကလွဲရင် မန်ယူမှာ အပြစ်ရှာစရာ ဘာရှိလိုလဲ။ တန်ဟတ်ဟာ အိုးထရက်ဖိုဒ်ကွင်းထဲက ပျောက်ဆုံးနေတဲ့ သရဲနီဝိညာဉ်တွေကို ပြန်လည် မျှားယူလာသူ၊ ၃ မိနစ် မန်ယူကို ပြန်အသက်သွင်းခဲ့သူ၊ သရဲနီတိုရဲ့ အနိုင်မခံ၊ အရှုးမပေး အသွေးအသားတွေကို တူးဖော်ပေးခဲ့သူပါပဲ။ ကက်စမဲရိုး၊ အဲရစ်ဆင်၊ လီဆန်ဒရိုမာတီနက်ဇ်တိုက အခုနှစ်မှာ စရောက်လာခဲ့ပေမယ့်…

reading now

မန်ယူ ၂-၀ ဖောရက်စ် စိတ်ဓာတ်ပိုင်းအရအသားစီးရနေတဲ့မန်ယူ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး မန်ယူမန်နေဂျာတန်ဟတ်အနေနဲ့ အမှားအယွင်းမရှိအောင်အကောင်းဆုံးပြင်ဆင်မှုတွေပြု လုပ်ထားတာကိုတော့ ပွဲထွက်လူစာရင်းကိုကြည့်တာနဲ့သိနိုင်တယ်။ ဒါပေမယ့်လည်း ဒီပွဲစဉ်ဟာ မန်ယူအသင်း အတွက်တော့ အခက်အခဲမရှိဘူးဆိုတာကိုတော့ လူတိုင်းကတွက်ဆထားတယ်။ ဗိုလ်လုပွဲတက်ဖို့ဆိုတာက လည်း ပထမအကျော့ရလဒ်ကတည်းက အဖြေကထွက်နေခဲ့ပြီလို့ပြောရမယ်။ ဒါကြောင့်လည်း ဒီနေ့ပွဲစဉ်မှာ တော့ မန်ယူအသင်းသာမက မန်ယူအသင်းပရိသတ်တွေကပါ ဘယ်နှစ်ဂိုးဖြစ်မလည်းဆိုတာကိုသာစောင့်မျှော် နေကြတာဖြစ်တယ်။ ထင်တဲ့အတိုင်းလည်း ၂-၀ ဂိုးနဲ့ ပေးဂိုးမရရှိအနိုင်ယူခဲ့တယ်။ စိတ်ဓာတ်ပိုင်းအရအသာစီး ရနေတာကြောင့်လည်း ဖိအားမရှိအေးဆေးသက်သာစွာနဲ့အနိုင်ယူခဲ့တာဖြစ်တယ်။ တည်ငြိမ်တဲ့ခြေစွမ်းနဲ့ အသင်းရဲ့အဓိကကစားသမားအဖြစ်ကစားပြနိုင်ခဲ့တဲ့ဖာနန်ဒက်စ် ဒီနေ့ပွဲစဉ်မှာတော့ မန်ယူအသင်းအတွက် သွင်းဂိုးတွေကို မာရှယ်နဲ့ဖရက်ဒ်တို့က သွင်းယူပေးခဲ့တယ်။…

reading now

မန်ယူ - နော်တင်ဟမ် လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကိုတော့ ဒီနေ့ည ၂ နာရီခွဲ မှာတော့ မန်ယူအသင်းနဲ့ နော်တင်ဟမ်အ သင်းတို့ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်မှာတော့ အဝေးကွင်းမှာ မန်ယူက ဝ-၃ ဂိုးနဲ့ နိုင်ထားတာဖြစ်ပါ တယ်။ ဒီပွဲစဉ်ကိုနိုင်ခဲ့ရင်တော့ မန်ယူအသင်းဟာ ဗိုလ်လုပွဲ ကိုတက်ရမှာဖြစ် ပြီး ဆောက်သမ်တန်အသင်းသို့မဟုတ် နယူးကာဆယ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ပဲလေ့စ်ကိုသရေကျပြီးအာဆင်နယ်ကို ရှုံးနိမ့်ထားခဲ့တာကြောင့် ပြီးခဲ့တဲ့လိဂ် ဖလား ပထမအကျော့ပွဲစဉ်မှာတော့ ရလဒ်ကောင်းဖို့ ရုန်းကန်ရမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် အများထင်သလိုမဟုတ်ဘဲ…

reading now

ဆောက်သမ်တန် - မန်စီးတီး လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာတော့ ဆောက်သမ်တန်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဒီနေ့ည ၂နာရီခွဲအချိန်မှာ ဆောက်သမ်တန်အသင်းအိမ်ကွင်းဖြစ်တဲ့ စိန့်မယ်ရီအားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ် ပါတယ်။ ဆောက်တမ်အသင်းကတော့အောက်တန်းအသင်းတွေကို ဖြတ်ကျော်ပြီး ဒီအဆင့်ကိုတက် ရောက်လာခဲ့တာဖြစ်ပေမယ့် မန်စီးတီးအသင်းကတော့ ထိပ်တန်းပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူး၊ချဲလ်ဆီးအသင်း တို့ကိုဖြတ်ကျော်ပြီး ဒီအဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာနောက်ဆုံးကစားထားခဲ့တဲ့အက်ဖ်အေဖလားပွဲစဉ်မှာတော့ ပဲလေ့စ်အသင်းကို နိုင်ခဲ့ပေမယ့် နောက်ဆုံးကစားထားတဲ့ပရီးမီးယားလိဂ် ၃ ပွဲလုံးကတော့အရှုံးနဲ့သာရင်ဆိုင်ထားခဲ့ရတာဖြစ်ပါ တယ်။ ဆောက်သမ်တန်အသင်းရဲ့လက်ရှိပရီးမီးယားလိဂ်မှာကလည်း အဆင့် ၂၀ နေရာမှာရပ်တည်နေတာ ဖြစ်ပြီး တန်းဆင်းရဖို့ကတော့ ရာခိုင်နှုန်းများနေတဲ့အသင်းလည်းဖြစ်ပါတယ်။ ရာသီအစကတည်းက ဟန်ချက် မညီမှုတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေခဲ့ရတဲ့…

reading now

နယူးကာဆယ် - လက်စတာ နယူးကာဆယ်အသင်းကတော့ လိဂ်ဖလားကွားတားဖိုင်နယ်ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် လက်စတာအသင်းနဲ့တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ အက်ဖ်အေဖလားပြိုင် ပွဲကနေ ထွက်ခဲ့ရမှုအတွက် လိဂ်ဖလားပွဲရဲ့အောင်မြင်မှုနဲ့ ကုစားဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ လက်စ တာအသင်းကတော့ အက်ဖ်အေဖလားမှာနောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်တဲ့အသင်းလည်းဖြစ်ပါ တယ်။ နယူးကာဆယ်အသင်းကတော့ နောက်ဆုံးကစားထားခဲ့တဲ့ ရှက်ဖီးလ်အသင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲကိုတော့ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ကာပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအတွက်တော့ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေရတယ်လို့ ပြောရမှာပါ။ နောက်ဆုံးကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်ကလည်း ဂိုးမရှိသရေနဲ့ သာပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Boxing…

reading now

မန်ယူ - ချာတန် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာတော့ မန်ယူအသင်းနဲ့ လိဂ်ဝမ်းကလပ် ချာတန်အသင်း တို့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာစတုတ္ထအဆင့်ပွဲစဉ်မှာတော့ အဲဗာတန်အသင်းကို ၃-၁ ဂိုးနဲ့နိုင်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်လာခဲ့ခြင်းဖြစ်ကာ ချာတန်အသင်းကတော့ လင်ကွန်းအသင်း ကို ၂-၁ ဂိုးနဲ့ နိုင်ကာ ဒီအဆင့်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့လက်ရှိအခြေအနေက အကောင်းဆုံးအနေအထားမှာရှိနေတယ်လို့ ပြောရမယ်။ နောက်ဆုံးက စားထားတဲ့ ၅ ပွဲလုံး အနိုင်ရရှိထားတယ်။ ၅ ပွဲလုံးမှာပေးဂိုးအနေနဲ့ ၁ ဂိုးသာရှိတယ်။ မန်ယူအသင်းဟာ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာတော့…

reading now

error: Content is protected !!