[ZawGyi] အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း အန်တိုနီယိုရေးယက်စ်ဟာ အသက် (၃၅)နှစ်အရွယ်မှာပဲ ယာဉ်မတော်မဆဖြစ်မှုကြောင်း ဆုံးပါးကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ အဆိုပါဆိုးရွားလှတဲ့ ကားတိုက်မှုမှာ ရေးယက်စ်တယောက်လည်း ပါဝင်သွားခဲ့ကြောင်း အသင်းဟောင်း ဆီဗီလာအသင်းက တရားဝင်အတည်ပြု ထုတ်ပြန်ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ " သတင်းဆိုးတခုကို ကျွန်တော်တို့ အတည်မပြုချင်ဘဲနဲ့ ပြုရပါတော့မယ်။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဆီဗီလာကြယ်ပွင့်ဟောင်း ရေးယက်စ်ဟာ ဆိုးရွားတဲ့ယာဉ်တိုက်မှုတခုမှာ ပါဝင်သွားခဲ့ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ငြိမ်းချမ်းစွာအနားယူပါ ရေးယက်စ်ရေ။ " ဆိုပြီး ဆီဗီလာရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။ ရေးယက်စ်ဟာ အာဆင်နယ်အသင်းအတွက် (၂၀၀၄)ခုနှစ်ကနေ…

reading now

၁။ နယ်သာလန်သတင်းစာ De Telegraaf ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ မာတင် အိုဒီဂတ်နဲ့ အေဂျက်စ်အသင်းရဲ့ အားကစားဒါရိုက်တာ မာ့ခ် အိုဗားမားစ်တို့အကြား သီးခြားဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အေဂျက်စ်အသင်းဟာ နော်ဝေလက်ရွေးစင် လူငယ်ကြယ်ပွင့် အိုဒီဂတ်ကို ၂ ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက နယ်သာလန်အမှတ်ပေးပြိုင်ပွဲဝင် ဗီတက်ဆီအသင်းမှာ အငှားလာရောက်ကစားခဲ့ဖူးပြီး ၉ ဂိုးသွင်းယူကာ ၁၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၂။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ အီဒင် ဟာဇက်ကို ခေါ်ယူဖို့အတွက်…

reading now

ချယ်လ်ဆီး တိုက်စစ်ကစားသမား အီဒင် ဟာဇက်အနေနဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျကလပ်မှာ ဆက်ပြီး ရှိနေဦးမယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘော်လွန်းဒီအောဆုကို ဘယ်တော့မှ ရရှိမှာ မဟုတ်ဘူးလို့ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဖာဘရီဂတ်စ်က ဟာဇက်ကအနေနဲ့ သူ့ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်မှုရှိတဲ့ အဆိုပါဆုကို ဆွတ်ခူးဖို့ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အီဒင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသူဖြစ်ပြီး မက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေ အဆုံးမသတ်နိုင်သေးတာကြောင့်သာ အပြီးသတ်ကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှေိသးတာဖြစ်ပါတယ်။…

reading now

၁။ ဂျူဗင်တပ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဂ်ဖလား ပူပူနွေးနွေးရယူထားတဲ့ အီတလီလူမျိုးနည်းပြ မော်ရီဇီယို ဆာရီကို တစ်နှစ်လုပ်ခ ပေါင် ၆.၂ သန်းနဲ့ ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကတော့ သူတု့အသင်းက အသက် ၆၀ အရွယ်နည်းပြကြီးကို လာမယ့်ရာသီမှာ အသင်းမှာ ဆက်ပြီး ထားမထား လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်သွားတော့မှာဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။ ၂။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာတော့မယ့် ကွင်းလယ်လူ အေဒရီယန် ရာဘီယော့ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာပြီဖြစ်ပါတယ်။ အစောပိုင်းကာလတွေတုန်းက အဆိုပါကစားသမားကို…

reading now

[ZawGyi] ၁။ စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ဘယ်နောက်ခံလူ ဖိလစ်ပီလူးဝစ်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။ အသက် (၃၀)အရွယ် ကစားသမားဟာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ (၅၄)ပွဲအထိ ကစားခဲ့သူ ဖြစ်ပါတယ်။ ၂။ ပြောင်းရွှေ့ကြေးပေါင်သန်း (၁၀၀)သတ်မှတ်ထားတဲ့ ကွင်းလယ်လူ မီလင်ကိုဗစ်-ဆာဗစ်အတွက် ဂျူဗင်တပ်အသင်းဟာ ပြောင်းရွှေ့ကြေးသက်သာစေဖို့ ရူဂါနီနဲ့ အော်ဆိုလီနီတို့ကို အလိုက်ပေးကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ၃။ စပယ်လက်တီနဲ့ လောလောလတ်လတ်လမ်းခွဲထားခဲ့တဲ့ အင်တာမီလန်အသင်းဟာ နည်းပြသစ်အဖြစ် ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်နည်းပြဟောင်း ကွန်တီကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဒီနေ့မှာပဲ တရားဝင်ကြေညာခဲ့ပါတယ်။ ၄။…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းရဲ့နောက်ခံလူ မားကို့စ်အလွန်ဆိုဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရံခုံတွင်သာ အချိန်ကုန်ဆုံးခဲ့ရပြီးနောက် စပိန်ထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဆိုပါဗိုလ်လုပွဲမှာ နည်းပြဆာရီဟာ အလွန်ဆိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့တာဖြစ်ပြီး ဘရာဇီးလ်သား အီမာဆင်ကိုသာ နေရာပေးခဲ့ပါတယ်။ စပိန်သတင်းဌာနတခုဖြစ်တဲ့ Marca ကတော့ အသက် (၂၈)နှစ်သားဟာ နည်းပြဆာရီရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သူ့အနာဂတ် မရှိတော့ဘူးလို့ ယူဆတဲ့အတွက် အက်သလက်တီကိုရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ အလွန်ဆိုဟာ…

reading now

[ZawGyi] ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကနေသာ လွတ်မြောက်ခဲ့တယ်ဆိုရင် အေဒင်ဟာဇက်ရဲ့နေရာကို ဘာစီလိုနာကြယ်ပွင့် ကော်တင်ညိုနဲ့ အစားထိုးသွားမယ်လို့ သိရပါတယ်။ နည်းပြဆာရီတယောက် ဆက်ရှိမရှိ မသေချာပေမယ့်လည်း ခြင်္သေ့ပြာတို့ဟာ လီဗာပူးလ်ကစားသမားဟောင်းကို ခေါ်ယူဖို့ စတင်ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။ အီတလီသားနည်းပြကြီးကို စီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေပါတယ်။ ဘရာဇီးလ်သားဟာ လွန်ခဲ့တဲ့ (၁၈)လလောက်ကမှ ဘာစီလိုနာကို လီဗာပူးလ်အသင်းဆီကနေ ပေါင် (၁၄၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နူးကမ့်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ကတ်တလန်အသင်းရဲ့ တိုက်စစ်ပိုင်းတနေရာမှာ ပွဲထွက်ကစားခွင့် ဆုံးရှုံးနေရတဲ့…

reading now

[ZawGyi] ၁။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား အေဒင်ဟာဇက်ကို ပေါင် (၁၀၆)သန်းနဲ့ စတင်ကမ်းလှမ်းပြင်ဆင်နေပါတယ်။ နောက်ခံလူရာမို့စ်ကတော့ ဘယ်လ်ဂျီယံသားဟာ ဘာနေဗြူးကို ပြောင်းရွှေ့လာခဲ့ရင် အများကြီးအကျိုးပြုမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ ၂။ မန်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ရာမို့စ်ကိုယ်တိုင်ကလည်း နောက်ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောကြားသွားပါတယ်။ ရာမို့စ်က ဘာနေဗြူးမှာသာ ကစားသမားဘဝကုန်ဆုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။ ၃။ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမား နေမာဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အသက်…

reading now

[ZawGyi] ၁။ မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ပစ်မှတ်ထားနေတဲ့ အေဂျက်စ်နောက်ခံကြယ်ပွင့်လေး ဒီလစ်ခ်ျကို စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာပါတယ်။ ဘာနေဗြူးအသင်းဟာ ရာမို့စ်နေရာမှာ အစားထိုးဖို့အတွက် နယ်သာလန်သားလေးကို ချိန်ရွယ်နေတာပါ။ ၂။ စပိန်ထိပ်သီးကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဒီယေဂိုကော်စတာရဲ့နေရမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ချိတ်ဆက်နေတဲ့ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ သိရပါတယ်။ ၃။ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားပြန်လည်ဆွတ်ခူးနိုင်ဖို့ဆိုရင် တိုက်စစ်ကြယ်ပွင့်နေမာကို နူးကမ့်ဆီ ပြန်လည်ခေါ်ယူဖို့ လိုအပ်တယ်လို့ ဘရာဇီးလ်ဂန္ထဝင်ရီဗယ်လ်ဒိုက သုံးသပ်ခဲ့ပါတယ်။ ၄။ အင်တာမီလန်အသင်းဟာ နည်းပြစပယ်လက်တီနဲ့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ လာမယ့်ရာသီ…

reading now

၁။ အီဒင် ဟာဇက်ကဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့အကြားမှာ ပေါင် ၁၁၅ သန်းတန် သဘောတူညီချက်လည်း ရရှိထားပြီလို့ဆိုပါတယ်။ ၂။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ Corriere dello…

reading now

error: Content is protected !!