အက်သလက်တီကို ဝ-၁ ဘာစီလိုနာ ဒီနေ့ပွဲစဉ်မှာတော့ အက်သလက်တီကိုအသင်းဟာ ၄-၄-၂ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ဂရစ်ဇ်မန်း၊ ဖီလစ်တို့ကိုထားပါတယ်။ ကွင်းလယ်မမှာတော့ လော်ရန်တီ၊ကိုကီ၊ဘားရို့စ်၊ကာရာစကိုတို့ကိုထား ကာ ခံစစ်ပိုင်းမှာတော့ မိုလီနာ၊ဆာဗစ်၊ဂျီမီနက်ဇ်၊မန်ဒါဗာတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ ၄-၃-၃ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ တိုက်စစ်ပိုင်းမှာတော့ ပီဒရီ၊ဖာတီ၊ဒမ်ဘီလီကိုကစားစေပါတယ်။ ကွင်းလယ်မှာတော့ ဒီဂျောင်၊ဘက်စကွက်၊ဂါဗီတို့နဲ့ထားကာ ခံစစ် ပိုင်းမှာတော့ ဘလက်ဒီ၊ခရစ်တင်ဆန်၊အေရာဂျို၊ကွန်ဒီတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ဟာ ဘာစီလိုနာအသင်းအတွက် နိုင်ရင်အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်မှာဖြစ်တဲ့အတွက် ပိုပြီးအားစိုက်ကစားခဲ့ပါတယ်။ ပွဲစကတည်းက နှစ်သင်းစလုံးကအပြန်အလှန်တိုက်စစ်ဆင်ကစား ခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲချိန် ၅ မိနစ်မှာတော့ ဘာစီလိုနာအသင်းရဲ့ပင်နယ်တီဧရိယာထဲမှာကိုကီကဖန်တီးပေးပို့လိုက်တဲ့…
reading now