ဝုဖ် - လီဗာပူးအက်ဖ်အေဖလားတတိယအဆင့်ပြန်ကန်ပွဲစဉ်အဖြစ်ဝုဖ်အသင်းနဲ့လီဗာပူးအသင်းတို့ တွေ့ဆုံယှဉ်ပြိုင် ရမှာဖြစ်ပြီး ဝုဖ်အသင်းအိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်။ ပထမကြိမ်တွေ့ဆုံစဉ်မှာတော့လီဗာပူးအသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂-၂ ဂိုးနဲ့သရေကျခဲ့တာဖြစ်ပါတယ်။ ဘယ်အသင်း နောက်တစ်ဆင့်တက်မလည်းဆိုတာကိုတော့ ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။ ဝုဖ်အသင်းရဲ့လက်ရှိခြေစွမ်းက အကောင်းဆုံးပုံစံမှာတော့ရှိမနေဘူး။ ဒါပေမယ့်ပထမအကြုံတွေ့ဆုံခဲ့စဉ်မှတော့ လီဗာပူးအသင်းကို တန်တူယှဉ်ကစားနိုင်ခဲ့တယ်။ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းကို ၁-၀ ဂိုးနဲ့ ကပ်နိုင်ထားတာကတော့ ဝုဖ်အသင်းအတွက်အားတက်စရာလို့ပြောရမယ်။ ဝုဖ် အသင်းအနေနဲ့ ဒီပွဲကိုခြေကုန်ထုတ်ကစားသွားမှာတော့သေချာတယ်။ လီဗာပူးအသင်းကတော့ ပထမအကြုံတွေ့ဆုံခဲ့စဉ်က အိမ်ကွင်းမှာ သရေကျအောင်ကစားထားခဲ့ရတယ်။ ဒီပွဲစဉ်ကိုတော့ မန်နေဂျာဂျာဂျင်ကလော့ အနိုင်ရဖို့အားစိုက်လိမ့်မယ်။ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ကစားခဲ့တဲ့ ပရီးမီး…
reading now