နန့်စ် ဝ-၃ ဂျူဗင်တပ် ဒီနေ့ပွဲစဉ်မှာတော့ နန့်စ်အသင်းဟာ ၅-၃-၂-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ဘလာ့စ်၊ ဒီလော့တို့ကိုထားကာ ကွင်းလယ်မှာတော့ ချီရီဗီလာ၊မိုလက်၊ဆီဆိုခိုတို့ရှိနေပါတယ်။ ခံစစ်ပိုင်းမှာတော့ ဆီမွန်၊ပါလော့စ်၊ဂီရော့တော့၊ကတ်တယ်လီတို၊ဆန်တွန်ဇီတို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းကတော့ ၃-၅-၁-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ မိုစီကိန်း၊ဒီမာရီယာတို့ ကိုထားကာ ကွင်းလယ်မှာတော့ ဆီစီလီယို၊ဖာဂီယိုလီ၊လိုကာတယ်လီ၊ရာဘီယော့၊ကိုစတစ်ရှိနေပါတယ်။ ခံစစ် ပိုင်းမှာတော့ ဒါနီလို၊ဘရီမာ၊ဆန်ဒရို တို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။ ပထမကျော့ပွဲစဉ်မှာတော့ ၁-၁ ဂိုးနဲ့သရေကျထားခဲ့တာကြောင့် နှစ်သင်းစလုံးဟာဒီနေ့ပွဲစဉ်မှာတော့ အနိုင်ရရေးအတွက်အားစိုက်ကစားခဲ့ပါတယ်။ ပွဲချိန် ၅ မိနစ်မှာတော့ ဂျူဗင်တပ်ကစားသမား ဖာဂီအိုလီရဲ့ ပေးပို့မှုကို ပင်နယ်တီဧရိယာအစပ်ကနေ ဒီမာရီယာက ကန်သွင်းယူခဲ့တာကြောင့်…

reading now

အေစီမီလန် - အင်တာမီလန် မီလန်ဒါဘီပွဲစဉ်ကိုတော့ အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက King Fahd International Stadium အားကစားကွင်းမှာ ကစားသွားမှာဖြစ်ပြီး စီးရီးအေချန်ပီယံအေစီမီလန်နဲ့ ကိုပါအီတလီယာ ချန်ပီယံအင်တာမီလန်အသင်းတို့တွေ့ဆုံယှဉ်ပြိုင်ကြမယ့် စူပါကိုပါအီတလီယာပွဲလည်းဖြစ်ပါတယ်။ စီးရီးအေရဲ့အကောင်းဆုံးအသင်းနှစ်သင်းဖြစ်တဲ့ ဒီနှစ်သင်းရဲ့ဒါဘီမှတ်တမ်းကတော့ရှည်လျားလွန်းပါတယ်။ မီလန်ဒါဘီပွဲပေါင်း ၂၃၄ ကြိမ်တွေ့ဆုံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အေစီအသင်းက ၈၅ ကြိမ်အနိုင်ရရှိထားတာ ဖြစ်ပြီး အင်တာကတော့ ၇၉ ကြိမ်အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စူပါကိုပါအီတလီမှာတော့ သူတို့နှစ် သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကတော့ဒုတိယအကြိမ်သာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ နောက်ဆုံးစူပါကိုပါအီတလီယာပြိုင်ပွဲမှာနောက်ဆုံးတွေ့ဆုံထားခဲ့မှုကတော့ ၂၀၁၁ ခုနှစ်မှာဖြစ်ပြီး အေစီအသင်းဟာ နည်းပြ မက်အယ်လီဂရီရဲ့ ကိုင်တွယ်မှုအောက်မှာ ၂-၁…

reading now

ရိုမာ ၁-၀ ဂျီနိုအာ ကိုပါအီတလီယာရှုံးထွက်ပွဲစဉ်အဖြစ် ရိုမာအသင်းနဲ့ ဂျီနိုအာအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ရိုမာ က တစ်လုံးတည်းသောဂိုးနဲ့ ဂျီနိုအာကိုအနိုင်ကစားခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ရိုမာအသင်းက ၃-၄-၂-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ တိုက်စစ်ပိုင်းမှာတော့ ဇာနီလို၊ အာဘရာဟမ်၊ပါလီဂရီနီတို့နဲ့ ကိုထားကာ ကွင်းလယ်မျာတော့ ဇာလီဝေါ်စကီ၊ဘိုဗီ၊မာတစ်၊အယ်ရှာတာဝီတို့ရှိနေပါတယ်။ ခံစစ်ပိုင်းမှာတော့ မန်ချီနီ၊ ခွန် ဘူလာ၊အိုင်ဘန်ဇ် နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ဂျီနိုအာအသင်းကတော့ ၃-၅-၂ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ကိုဒါ၊ယာဆင်တို့ကိုထားကာ ကွင်းလယ်မှာတော့ ဆိုက်ဘိုရာ၊စတူရာရို၊ ဘာဒီဂျီ၊မီလန်၊ဆာဘယ်လီတို့ ကိုကစားစေပါတယ်။ ခံစစ်ပိုင်းမှာ တော့…

reading now

အင်တာ၂ -၁ ပါမား( မိနစ် ၉၀ ရလဒ် ၁-၁၊ အချိန်ပိုမှာ အင်တာနိုင်) ကိုပါအီတလီယာ ရှုံးထွက်အဆင့်ပွဲစဉ်မှာတော့ အင်တာနဲ့ ပါမားအသင်းတို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မိနစ် ၉၀ ရလဒ်က ၁-၁ ဂိုးနဲ့သရေကျနေခဲ့တာကြောင့် အချိန်ပိုမှာ အင်တာအသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါ တယ်။ ဒီနေ့ပွဲစဉ်မှာတော့အင်တာအသင်းဟာ ၃-၅-၂ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ မာတီးနက်ဇ်၊ ကော်ရီယာရှိနေပြီး ကွင်းလယ်မှာတော့ ဒန်ဖရိုင်း၊ဂါလီယာဒီနီ၊အစ်စလာနီ၊မီခီတာရန်၊ဂိုဆန်တို့ ကိုပွဲထုတ်ခဲ့ကာ ခံစစ်ပိုင်းမှာတော့ ဒီအမ်ဘရီစီယို၊ဒီဗာဂျီ၊ဘာစတိုနီ တို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ပါမားအသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ…

reading now

error: Content is protected !!