[ZawGyi] အာဂျင်တီးနားတိုက်စစ်ကြယ်ပွင့် လီယွန်နယ်မက်ဆီက ကျင်းပနေဆဲ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို အခုထက်ထိ မရရှိသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ သောကြာနေ့က မာရာကာနာမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းကို (၂)ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ အိမ်ရှင်ဘရာဇီးလ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပွဲစဉ်တွေအပါအဝင် (၄)ပွဲကစားပြီးချိန်မှာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကြယ်ပွင့်အဖြစ် တင်စားခြင်းခံရတဲ့ မက်ဆီကတော့ ပယ်နယ်တီကနေတဆင့်သာ သွင်းဂိုး (၁)ဂိုးပဲ ရယူထားနိုင်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ ဘရာဇီးလ်အသင်းနဲ့ ကစားရမယ့်ပွဲမတိုင်မီမှာ ဘာစီလိုနာကြယ်ပွင့်က သူ့နိုင်ငံအသင်းအတွက် အကောင်းဆုံးပုံစံကို ပေးဆပ်နိုင်ခြင်း မရှိသေးဘူးလို့ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။…
reading now