ဘိုင်ယန် ၁-၁ ကိုလုံး ဘွန်ဂတ်လီဂါပွဲစဉ် ၁၇ ရဲ့ပွဲတစ်ပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ကိုလုံးအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်ကြီး ဘိုင်ယန်ဟာ သရေကျဖို့အတွက်အပြင်းအထန်ကြိုးစားကစားခဲ့ရပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ဘိုင်နယ်မြူးနစ်အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ချိုကိုပိုတင်း၊ ဂနာဘီ၊မူစီလာ၊ဆာနေးတို့ကိုထားကာ ကွင်းလယ်မှာတော့ ဂိုရက်ဇ်ကာ၊ကင်မစ်ရှ်တို့ရှိနေပါတယ်။ ခံစစ်ပိုင်းမှာကတော့ ဒါဗီးစ်၊လစ်၊အူပါမီကာနို၊ပါဗက်တို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။ ကိုလုံးအသင်းကလည်း ၄-၂-၃-၁ ကစားကွက်နဲ့သာပွဲထွက်လာခဲ့တာဖြစ်ပြီး ရှေ့တန်းမှာတော့ တစ်ဂျီ၊ခရိုက်ဇ်၊အိုလီဆန်၊မိုင်နာတို့ရှိနေကာ ကွင်းလယ်မှာတော့ ဟူစိန်ဘစ်၊စကီဟီရီတို့ကိုထားပါတယ်။ ခံစစ်ပိုင်းမှာတော့ ဟတ်တာ၊ချာဘော၊ဆိုဒို၊စချာမစ်ဇ်တို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ အမှတ်ရဖို့အတွက် အပြင်း အထန်ဆုံးကြိုးစားကစားခဲ့ပါတယ်။ ဒါပေမယ့်ပွဲစပြီး ၄ မိနစ်မှာတော့ ကိုလုံးအသင်းက…
reading now