[ZAWGYI] အသက် (၃၇)နှစ်ရှိပြီဖြစ်တဲ့ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်တစ်ယောက် La Galaxy အသင်းက ကယ်လီဖိုနီးယားအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲစဉ်အပြီး ပြန်လည်သုံးသပ်ချက်တွေအရ မိုဗစ်ဟာ ပြိုင်ဘက်နောက်ခံလူမျက်နှာကို တံတောင်ကျွေးပြီး ဒဏ်ရာရစေခဲ့တဲ့အတွက် ဟက်ထရစ်ရရမယ့်အစား ကွင်းထဲမှာတောင် ဆက်ရှိမနေသင့်ဘူးဆိုပြီး ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူ့တံတောင်စာကြောင့် အသက် (၂၇)နှစ်ရှိပြီဖြစ်တဲ့ မိုဟာမက် အယ်လ်-မြူနီယာရဲ့ မျက်နှာမှာ ချိုင့်သွားခဲ့ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ကာယကံရှင်က မိုဗစ်ကို သွားပြောရာမှာ 'အိမ်ပြန်ပြီး အမေ့ကို သွားတိုင်လိုက်ပါဦး…
reading now