All posts by editor

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ပီယာရီ အမ်းမရစ် အူဘာမီယန်းကို တရုတ်စူပါလိဂ်ကလပ်တွေက မြင့်မားတဲ့ လစာနှုန်းထားတွေနဲ့ ကမ်းလှမ်းမှု ပြုလုပ်နေကြပေမယ့် အဆိုပါကစားသမားဟာ အနည်းဆုံး လက်ရှိ ၂၀၁၉-၂၀ ရာသီမှာ အာဆင်နယ်အသင်းမှာပဲ ဆက်ရှိနေဖို့ သချောတယ်လို့ Express သတင်းစာက ဖော်ပြခဲ့ပါတယ်။ Express ရဲ့ ဖော်ပြချက်အရ အီတလီဂန္တဝင် ခံစစ်မှူးကြီး ဖေဘီယို ကန်နဗားရိုးကိုင်တွယ်နေတဲ့ ကွမ်ကျိုး အဲဗားဂရန်ဒီအသင်းနဲ့ တခြားစူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှန်ဟိုင်း SIPG အသင်းတွေဟာ အူဘာမီယန်းကို ခေါ်ယူဖို့ တစ်ပတ်လုပ်ခ ယူရို ၃၄၀၀၀၀ (ပေါင်…

reading now

၁။ အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံ ကွင်းလယ် တောင်ပံကစားသမား ယာနစ် ကာရက်စ်ကို ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) + ထပ်ဆောင်း အပိုဆုကြေးငွေ ပေးချေပြီး ခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်တယ်လို့ အီတလီမီဒီယာ Sport Mediaset က အတည်ပြုဖော်ပြလိုက်ပါတယ်။ အဆိုပါ ပမာဏဟာ ဒါလီယန်း လီဖန်းအသင်းအလိုရှိတဲ့ ပမာဏဖြစ်ပြီး နှစ်ဘက်အသင်းအကြား ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိနေပြီး အပြောင်းအရွှေ့ကို အပြီးသတ်နေပြီဖြစ်တယ်လို့ Football London ကလည်း ဖော်ပြခဲ့ပါတယ်။…

reading now

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ဟာ ချယ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဂျူဗင်တပ်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နည်းပြဆာရီရဲ့နေရာမှာ ဘင်နီတက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး နှစ်ဘက်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း Metro ကလည်း ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် ထိန်းကျောင်းပေးခဲ့တဲ့ ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အဆိုပါအသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေပြီး အသင်းက ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကိုလည်း ဆိုင်းငံ့ထားသူဖြစ်ပါတယ်။…

reading now

ဘုန်းမောက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရိုင်ယန် ဖရေဆာက သူ့အနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒရှိကြောင်း အသိမိတ်ဆွေတွေကို ဝန်ခံပြောဆိုခဲ့တယ်လို့ Football Insider က ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ဖရေဆာတစ်ယောက် ဘုန်းမောက်သ်အသင်းက ကစားဖော်တွေနဲ့ အသိမိတ်ဆွေတွေကို ခုလို ဝန်ခံပြောဆိုခဲ့ကြောင်းကို အဆိုပါ စကော့တလန်ကွင်းလယ်ကြယ်ပွင့်နဲ့ ရင်းနှီးတဲ့ သတင်းအရင်းအမြစ် တစ်ချို့က Football Insider ကို ထုတ်ဖော်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ စကော့တလန်သားဟာ ပြီးခဲ့တဲ့ရာသီမှာ ဘုန်းမောက်အသင်းနဲ့အတူ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၆ ဂိုးအပြင် ဂိုးဖန်တီးမှု (၁၄)ကြိမ်အထိ…

reading now

အေစီမီလန်အသင်းရဲ့ စီအီးအို အိုင်ဗန် ဂါဇီဒစ်ဟာ အာဆင်နယ်အသင်းက ဥရုဂွေး ကွင်းလယ်ကြယ်ပွင့် လူးကပ်စ် တော်ရဲယားကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ Tutto Mercato ရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ လက်ရှိအသင်းက ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီရဲ့ ခြေစွမ်းကို အားရကျေနပ်မှု မရှိတာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေသလို ချယ်လ်ဆီးအသင်းက အငှား ခေါ်ယူထားတဲ့ ပြင်သစ် ကွင်းလယ်လူ ဘာကာယိုကို ကိုလည်း စတမ်းဖို့ဒ် ဘရစ်ခ်ျကို ပြန်ခွင့်ပြုလိုက်ရပြီဖြစ်တာကြောင့် ထိပ်တန်း ကွင်းလယ်လူတစ်ဦး ပြန်လည်အစားထိုးဖို့…

reading now

၁။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ညာနောက်ခံလူ နယ်လ်ဆင် ဆေမီဒိုကို ရောင်းချတော့မှာဖြစ်ပြီး တန်ကြေး ယူရိ ၄၅ သန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ Marca ရဲ့ ဖော်ပြချက်အရ အဆိုပါ ပေါ်တူဂီသားကို ခေါ်ယူဖို့ အက်သလက်တီကို မက်ဒရစ်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ၂။ ရိုးမားအသင်းက ကွင်းလယ်လူ မာဇင်းမ် ဂိုနာလွန်ဟာ ဆီဗီလာအသင်းမှာ အငှားစနစ်နဲ့ ဆက်လက်ကစားတော့မှာမဟုတ်ပဲ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ အဆိုပါ လိုင်ယွန်အသင်းခေါင်းဆောင်ဟောင်းဟာ ရောမကလပ်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့်…

reading now

[ZawGyi] ဟိုဆေးမော်ရင်ညိုဟာ လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်းကို တတိယအကြိမ်မြောက် ပြန်လည်ကိုင်တွယ်လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လက်ရှိနည်းပြဆာရီဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနည်းပြဖြစ်လာဖို့ လက်တကမ်းအလိုကို ရောက်ရှိနေပြီဖြစ်တာကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျကို ဦးဆောင်မယ့် နည်းပြသစ်တဦး လိုအပ်လာခဲ့တာပါ။ ဒါကြောင့်လည်း ခြင်္သေ့ပြာတို့ဟာ အီတလီသားနည်းပြကြီးနေရာမှာ အစားထိုးဖို့အတွက် နည်းပြတော်တော်များများကို လျာထားလျက်ရှိနေပြီး အဆိုပါစာရင်းထဲမှာ မော်ရင်ညိုလည်း ပါဝင်နေပါတယ်။ ဗြိတန်သတင်းစာတွေကလည်း မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ်တူဂီသားဟာ အသင်းဟောင်းဆီ ပြန်သွားဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ မော်ရင်ညိုဟာ မတ်လအတွင်းကလည်း သူ့အနေနဲ့…

reading now

[ZawGyi] မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ အိုဗန်ရာကီတစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အန်ဒါဟာရဲရားကို ထွက်ခွာခွင့်ပြုထားတဲ့ နည်းပြဆိုးရှားဟာ မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ကစားသမားသစ်တဦးကို ခေါ်ယူလိုနေပါတယ်။ စပိန်သတင်းဌာန Sport ကတော့ အဲဒီအတွက် ယူနိုက်တက်ဟာ ခရိုအေးရှားသား ရာကီတစ်ကို ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က နူးကမ့်မှာ ပျော်ရွှင်နေတာကြောင့် ယူနိုက်တက်အနေနဲ့ ခေါ်ယူရ ခက်ခဲနိုင်ပြီး မက်မောလောက်စရာ စာချုပ်ကမ်းလှမ်းမှုနဲ့ ဆွဲဆောင်ရဖွယ် ရှိနေပါတယ်။ အပြောင်းအရွှေ့တခုလုံးက…

reading now

[ZawGyi] အာဆင်နယ်ကွင်းလယ်လူချာကာက သူ့အနေနဲ့ ဒီနှစ်နွေအပြောင်းအရွှေ့မှာ အမ်းမရိတ်ကနေ ထွက်ခွာသွားမှာမဟုတ်ဘဲ အာဆင်နယ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်သားကို စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းက ပေါင်သန်း (၄၀)နဲ့ ခေါ်ယူချင်နေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သတင်းတွေ ထွက်ပေါ်ခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်ကနေ ထွက်ခွာချင်တယ်ဆိုပြီး ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်မှာ အမ်းမရိတ်မြေကို မိုချန်ဂလာဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် (၂၆)နှစ်သားဟာ (၃)ရာသီအတွင်း ဂန်းနားတို့အတွက် ပွဲပေါင်း (၁၀၀)ကျော်ကစားပေးခဲ့ပြီးဖြစ်ကာ သွင်းဂိုး (၁၁)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းခေါင်းဆောင်တဦးအဖြစ် မကြာခဏဆိုသလို ကစားခွင့်ရခဲ့တဲ့…

reading now

[ZawGyi] ၁။ လီဗာပူးလ်အသင်းဟာ ဝါဒါဘရီမင်အသင်းရဲ့ တိုက်စစ်မှူး မက်ဇ်ခရူးဆေးလ်ကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ပယ်ချခဲ့ကြောင်း Liverpool Echo က ဖော်ပြခဲ့ပါတယ်။ ၂။ တောင်ပံတိုက်စစ်ကစားသမားလေး ရှီရီအိုဂျိုကို ရိန်းဂျားစ်အသင်းထံ အငှားချသွားဖို့ လီဗာပူးလ်အသင်း သဘောတူခဲ့ပြီဖြစ်ပြီး ကစားသမားအနေနဲ့ နောက်တပတ်မှာ စကော့တလန်ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေကို သွားရောက်ပူးပေါင်းလိမ့်မယ်လို့ သိရပါတယ်။ ၃။ ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတဦးဖြစ်လာမယ့်သူဖြစ်ကြောင်း လီဗာပူးလ်ကစားသမားဟောင်း ဂျန်မိုလ်ဘီက ချီးကျူးပြောဆိုခဲ့ပါတယ်။ ၄။ လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ အသက် (၂၂)နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမားလေး…

reading now

error: Content is protected !!