လာမယ့်ရာသီမှာ အင်္ဂလန်ကိုပြန်လာဖို့ ပြင်နေတဲ့ စပယ်ရှယ်ဝမ်း

စပယ်ရှယ်ဝမ်းလို့ခေါ်တဲ့ မော်ရင်ညိုကတော့ လက်ရှိအချိန်မှာ စီးရီးအေကလပ် ရိုမာအသင်း ကိုကိုင်တွယ်နေတာဖြစ်ပေမယ့် ဘဏ္ဍာရေးပိုင်းမှာတော့ သူထင်သလောက်အသုံးပြုခွင့်မရတာကြောင့်စိတ် ပျက်မှုတွေရှိနေပြီး အင်္ဂလန်ကိုပြန်လာဖု့ိ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။

160919135859-mourinho-watford

မော်ရင်ညိုအနေနဲ့ ပရီးမီးယားလိဂ်ကိုပြန်လာမယ်ဆိုရင်တော့ ချဲလ်ဆီးအသင်းကို အဓိကဦးတည်သွားဖို့ ရှိနေ တာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းမှာက လက်ရှိအချိန်မှာတော့ မန်နေဂျာဂရေဟမ်ပေါ်တာအပေါ် ယုံကြည်မှုတွေ အပြည့်အ၀ ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လက်ရှိရာသီမှာ ရလဒ်ဆိုးတွေနဲ့အတူ အဆင့် ၁၀ နေရာမှာရပ်တည်နေတာကြောင့် လက်ရှိမန်နေဂျာဂရေဟမ်ပေါ်တာရဲ့အနာဂတ်ဟာ ဘယ်လောက်အထိမြဲနိုင် မလည်းဆိုတာကတော့စောင့်ကြည့်ရဦးမယ့်အခြေအနေမှာရှိနေပါတယ်။

d725161eb7ae85ff16ddb61dedfe7906c747d468
မော်ရင်ညိုရဲ့ ဇနီးနဲ့ ကလေးဖြစ်သူတွေက လန်ဒန်မှာနေထိုင်ဆဲဖြစ်တာကြောင့် မော်ရင်ညိုအနေနဲ့ အင်္ဂလန်မြေဟာသူအတွက်တော့ နှစ်သက်စရာတွေ၊ ကျေနပ်စရာတွေရှိနေဆဲနေရာဖြစ်နေတာကြောင့်လည်း ပရီးမီးယားလိဂ်ကို ပြန်လာဖို့ဆန္ဒကရှိနေတာဖြစ်ပါတယ်။
မော်ရင်ညိုဟာ ပြီးခဲ့တဲ့နှစ်က ရိုမာအသင်းနဲ့အတူ ယူရိုပါကွန်ဖရန့်လိဂ်ဖလားကိုရယူနိုင်ခဲ့ပြီး လက်ရှိရာသီမှာတော့ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ကာ စီးရီးအေဆုဖလားကို ခြိမ်းခြောက်နိုင်တဲ့အခြေအနေမှာတော့မရှိပါဘူး။ မကြာသေးခင်ကမှ ဝက်စ်ဟမ်းအသင်းဟာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ ဒေးဗစ်မိုယေးစ်ရဲ့နေရာမှာ မော်ရင်ညိုကိုခန့်အပ်ဖို့ဆန္ဒရှိနေပေမယ့် မော်ရင်ညိုကတော့ ရာသီ ဝတ်အတွင်းအသင်းကနေထွက်ခွာဆန္ဒမရှိဘူးလို့ဆိုပါတယ်။

maxresdefault

မော်ရင်ညိုဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ်ရယူထားနိုင်ခဲ့သလို မန်ယူအသင်းနဲ့ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတွေကိုရယူ ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!