မန်ယူ – ရက်ဒင်း
အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းတို့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာတွေ့ဆုံယှဉ်ပြိုင်ကြမှာဖြစပါတယ်။ မန်ယူအသင်ကတော့ တတိယအဆင့်ပွဲစဉ် မှာ အဲဗာတန်အသင်းကို ၃-၁ ဂိုးနဲ့အနိုင်ရကာဒီအဆင့်ကိုတက်ရောက်လာခဲ့ခြင်းဖြစ်ပြီး ရက်ဒင်းကတော့ ဝက်ဖို့ဒ် အသင်းကို ၂-၀ ဂိုးနဲ့နိုင်ကာဒီအဆင့်ကိုတက်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်းတွေကတည်းက ဆုဖလားတွေနဲ့ဝေးကွင်းနေခဲ့တဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း နော်တင်ဟမ်အသင်းကိုအနိုင်ကစားကာ ဗိုလ်လုပွဲကိုတက်နိုင်ဖို့ ခြေတစ်လှမ်းသာခဲ့ ပြီဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာတော့ မန်ယူအသင်းအတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်၊ဝက်ဟော့၊ဖာနန်ဒက်စ်တို့က ခြေစွမ်းပြကာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ အခုတော့ မန်ယူအသင်းဟာ အက်ဖ်အေဖလားဖက်ကိုလှည့် ကာ အိမ်ကွင်းမှာအနိုင်ရဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ မန်ယူအသင်းဟာနောက်ဆုံးကစားထားခဲ့တဲ့ ၁၀ ပွဲမှာ တော့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၂၆ ဂိုးအထိသွင်းယူပေးထားနိုင်ပြီး ပေးဂိုးအနေနဲ့ ၄ ဂိုးသာရှိတာဖြစ်ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မန်ယူအသင်းရဲ့တိုက်စစ်ပိုင်းက ခြေစွာသလောက် ခံစစ်ပိုင်းကတော့ ကောင်းလွန်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းတွေအရပြောရမယ်ဆိုရင်တော့ မန်ယူအသင်းအ နေနဲ့ စတုတ္ထအဆင့်ကိုဖြတ်ကျော်ဖို့က အခက်အခဲသိပ်မရှိဘူးလို့ပြောရမှာဖြစ်ပါတယ်။
ရက်ဒင်းအသင်းဟာ ဝက်ဖို့ဒ်အသင်းကိုအနိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲပြီးကတည်းက နောက်ဆုံးကစားထားခဲ့တဲ့ လိဂ်ချန်ပီယံရှစ်ပွဲစဉ် ၂ ပွဲလုံးကိုတော့အနိုင်ရရှိမရှိခဲ့ပါဘူး။ ကျူပီအာအသင်းနဲ့ပွဲဆို ရင်လည်း ၂-၂ ဂိုးနဲ့သရေကျခဲ့တာဖြစ်ပြီး စတုတ်အသင်းနဲ့ပွဲဆိုရင်လည်း ၄-၀ ဂိုးနဲ့ ရှုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ ရက်ဒင်းအသင်းဟာ လိဂ်ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိလျော့ကျသွားခဲ့ပါတယ် ရက်ဒင်းအသင်းသမိုင်းမှာတော့ အက်ဖ်အေဖလားတစ်ဘကိမ်တစ်ခါမှ ရရှိ ခဲ့ဘူးခြင်းလည်းမရှိပါဘူး။ လက်ရှိခြေစွမ်းတွေအရဆိုရင်လည်း ရက်ဒင်းအသင်းဟာ အဝေးကွင်းမှာတော့ မန် ယူအသင်းကို ယှဉ်နိုင်ဖို့ကတော့မလွယ်ဘူးလို့ပြောရမှာဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့တွေ့ဆုံမှုကတော့ မန်ယူအသင်းအနေနဲ့ ပဉ္စမအဆင့်ရောက်ဖို့ကတော့ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ရက်ဒင်းအသင်းကတော့ လက်ရှိခြေစွမ်းတွေအရရော့ ဧည့်သည်ဖြစ်တာကတစ်ကြောင်း အိမ်ရှင်မန်ယူကိုတော့ ယှဉ်နိုင်ဖို့မလွယ်ဘူး။ မန်ယူအသင်းကလည်း လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်အပါအဝင်တိုက် စစ် ပိုင်းကကောင်းမွန်နေတာကြောင့် အိမ်ကွင်းမှာတိုက်စစ်အားနဲ့ အနိုင်ကစားနိုင်မယ်ဆိုတာက သေချာပါတယ်။ ဒီပွဲတော့ မန်ယူကလွဲလို့အခြားမရှိဘူးလို့ပြောရမှာပါ။ ခန့်မှန်းရလဒ် မန်ယူ ၃-၀ ရက်ဒင်း
Zawgyi
မန္ယူ – ရက္ဒင္း
အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္အျဖစ္ မန္ယူအသင္းနဲ႔ လိဂ္ခ်န္ပီယံရွစ္ကလပ္ ရက္ဒင္းအသင္းတို႔ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာေတြ႕ဆုံယွဥ္ၿပိဳင္ၾကမွာျဖစပါတယ္။ မန္ယူအသင္ကေတာ့ တတိယအဆင့္ပြဲစဥ္ မွာ အဲဗာတန္အသင္းကို ၃-၁ ဂိုးနဲ႔အႏိုင္ရကာဒီအဆင့္ကိုတက္ေရာက္လာခဲ့ျခင္းျဖစ္ၿပီး ရက္ဒင္းကေတာ့ ဝက္ဖို႔ဒ္ အသင္းကို ၂-၀ ဂိုးနဲ႔ႏိုင္ကာဒီအဆင့္ကိုတက္ေရာက္လာခဲ့ျခင္းျဖစ္ပါတယ္။
၂၀၁၇ ခုႏွစ္ေနာက္ပိုင္းေတြကတည္းက ဆုဖလားေတြနဲ႔ေဝးကြင္းေနခဲ့တဲ့ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့လိဂ္ဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာလည္း ေနာ္တင္ဟမ္အသင္းကိုအႏိုင္ကစားကာ ဗိုလ္လုပြဲကိုတက္ႏိုင္ဖို႔ ေျခတစ္လွမ္းသာခဲ့ ၿပီျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာေတာ့ မန္ယူအသင္းအတြက္ ဂိုးေတြကို ရက္ရွ္ဖို႔ဒ္၊ဝက္ေဟာ့၊ဖာနန္ဒက္စ္တို႔က ေျခစြမ္းျပကာသြင္းယူေပးခဲ့တာလည္းျဖစ္ပါတယ္။ အခုေတာ့ မန္ယူအသင္းဟာ အက္ဖ္ေအဖလားဖက္ကိုလွည့္ ကာ အိမ္ကြင္းမွာအႏိုင္ရဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ မန္ယူအသင္းဟာေနာက္ဆုံးကစားထားခဲ့တဲ့ ၁၀ ပြဲမွာ ေတာ့ ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ ၂၆ ဂိုးအထိသြင္းယူေပးထားႏိုင္ၿပီး ေပးဂိုးအေနနဲ႔ ၄ ဂိုးသာရွိတာျဖစ္ပါတယ္။ ဒါကိုၾကည့္မယ္ဆိုရင္ မန္ယူအသင္းရဲ႕တိုက္စစ္ပိုင္းက ေျခစြာသေလာက္ ခံစစ္ပိုင္းကေတာ့ ေကာင္းလြန္းတယ္လို႔ေျပာရမွာျဖစ္ပါတယ္။ လက္ရွိေျခစြမ္းေတြအရေျပာရမယ္ဆိုရင္ေတာ့ မန္ယူအသင္းအ ေနနဲ႔ စတုတၳအဆင့္ကိုျဖတ္ေက်ာ္ဖို႔က အခက္အခဲသိပ္မရွိဘူးလို႔ေျပာရမွာျဖစ္ပါတယ္။
ရက္ဒင္းအသင္းဟာ ဝက္ဖို႔ဒ္အသင္းကိုအႏိုင္ကစားခဲ့တဲ့ အက္ဖ္ေအဖလားတတိယအဆင့္ပြဲၿပီးကတည္းက ေနာက္ဆုံးကစားထားခဲ့တဲ့ လိဂ္ခ်န္ပီယံရွစ္ပြဲစဥ္ ၂ ပြဲလုံးကိုေတာ့အႏိုင္ရရွိမရွိခဲ့ပါဘူး။ က်ဴပီအာအသင္းနဲ႔ပြဲဆို ရင္လည္း ၂-၂ ဂိုးနဲ႔သေရက်ခဲ့တာျဖစ္ၿပီး စတုတ္အသင္းနဲ႔ပြဲဆိုရင္လည္း ၄-၀ ဂိုးနဲ႔ ရႈံးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လက္ရွိအခ်ိန္မွာေတာ့ ရက္ဒင္းအသင္းဟာ လိဂ္ခ်န္ပီယံရွစ္အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၄ ေနရာအထိေလ်ာ့က်သြားခဲ့ပါတယ္ ရက္ဒင္းအသင္းသမိုင္းမွာေတာ့ အက္ဖ္ေအဖလားတစ္ဘကိမ္တစ္ခါမွ ရရွိ ခဲ့ဘူးျခင္းလည္းမရွိပါဘူး။ လက္ရွိေျခစြမ္းေတြအရဆိုရင္လည္း ရက္ဒင္းအသင္းဟာ အေဝးကြင္းမွာေတာ့ မန္ ယူအသင္းကို ယွဥ္ႏိုင္ဖို႔ကေတာ့မလြယ္ဘူးလို႔ေျပာရမွာျဖစ္ပါတယ္။
ဒီႏွစ္သင္းရဲ႕ေတြ႕ဆုံမႈကေတာ့ မန္ယူအသင္းအေနနဲ႔ ပၪၥမအဆင့္ေရာက္ဖို႔ကေတာ့ ေသခ်ာသေလာက္ရွိေနၿပီ ျဖစ္ပါတယ္။ ရက္ဒင္းအသင္းကေတာ့ လက္ရွိေျခစြမ္းေတြအရေရာ့ ဧည့္သည္ျဖစ္တာကတစ္ေၾကာင္း အိမ္ရွင္မန္ယူကိုေတာ့ ယွဥ္ႏိုင္ဖို႔မလြယ္ဘူး။ မန္ယူအသင္းကလည္း လက္ရွိအခ်ိန္မွာ ရက္ရွ္ဖို႔ဒ္အပါအဝင္တိုက္ စစ္ ပိုင္းကေကာင္းမြန္ေနတာေၾကာင့္ အိမ္ကြင္းမွာတိုက္စစ္အားနဲ႔ အႏိုင္ကစားႏိုင္မယ္ဆိုတာက ေသခ်ာပါတယ္။ ဒီပြဲေတာ့ မန္ယူကလြဲလို႔အျခားမရွိဘူးလို႔ေျပာရမွာပါ။ ခန႔္မွန္းရလဒ္ မန္ယူ ၃-၀ ရက္ဒင္း