ဆင်ကြီးကို မန်စီးတီးတို့ ပညာပေးခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြောစရာအချက်များ

[UNICODE] လိုအပ်ချက်တွေရှိခဲ့တဲ့ မန်စီးတီး

1460061261

မန်စီးတီးအနေနဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို အလဲထိုးနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ သိပ်ပြီး အားရစရာ မကောင်းခဲ့ပါဘူး။ မန်စီးတီး ကစားကွက်က နောက်ပြန်ပေးနေတာပဲများနေပြီး ကစားကွက်ပိုင်း ပုံဖော်မှု အားရစရာမကောင်းခဲ့ပါဘူး။

အီတီဟတ်မှာ မနိုင်တာ ၈ နှစ်ကြာခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

b72001216d305cb7615943f77df65628

အခုဆိုရင် အာဆင်နယ်အနေနဲ့ မန်စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ နိုင်ပွဲမရခဲ့တာ ၈ နှစ်ကျော ်ကြာမြင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ပုံစံကောင်းတွေ ပြသနေပေမယ့် အီတီဟတ်ကျိန်စာဆိုးကို ချေဖျက်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ထောင်မြင်လို့ ရာစွန့်ခဲ့တာလား အာဆင်နယ်

eddie-nketiah-arsenal-reacts-narrowly-791574012

ဒီပွဲမှာ ပြောရရင် မန်စီးတီးထက်တောင် အာဆင်နယ်က အရန် ကစားသမားတွေကို ပိုမို အသုံးပြုခဲ့တာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ အရန်ကစားသမား၅ ယောက်လောက် အသုံးပြုခဲ့ပါတယ်။ အာဆင်နယ်ဟာ လိဂ်ဖလား၊ အက်ဖ်အေဖလား အစရှိတဲ့ ဖလားတွေကို စောစောစီးစီး လက်လွှတ်ခဲ့ပြီး ပရီးမီးယားလိဂ်တစ်ခုတည်းကိုပဲ လောင်းကြေးထပ်တော့မယ့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။

အလားအလာကောင်းတွေနဲ့ ထရော့ဆတ်

Leandro-Trossard-crosses-under-pressure-from-Rico-Lewis

မန်စီးတီးနဲ့ပွဲမှာ အာဆင်နယ်ရဲ့ အကေငာ်းဆုံး ကစားသမားတစ်ဦးက ကစားသမားသစ် ထရော့ဆတ်လို့ ဆိုရမှာပါ။ သူ့ရဲ့ အတိုးအလှုပ်တွေက မန်စီးတီးနောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ အထူးသဖြင့် ဂိုးဧရိယာထဲ မွှေနှောက်ဆွဲပြေးမှုက တခြားကစားသမားအတွက် နေရာလွတ်ပေါ်စေပြီး ဂိုးသွင်းခွင့်တွေ ပိုရလာနိုင်မယ့် အနေအထားပါ။

ဆာကာကို အိတ်ကပ်ထဲ ထည့်ခဲ့တဲ့ အကီ

nathan-ake-manchester-city-runs-791566041

ဒီရာသီ အာဆင်နယ်မှာ ဖလမ်းဖလမ်း ထလွန်းပါတယ်ဆိုတဲ့ ဆာကာကို မန်စီးတီးနောက်ခံလူ အကီကတော့ အိတ်ကပ်ထဲ ထည့်နိုင်ခဲ့ပါတယ်။ ဆာကာအနေနဲ့ ပွဲပန်းနေပုံလည်း ပေါက်ပြီး ညာဘက်ခြမ်းတစ်လျှောက်မှာ လုံးဝပျောက်နေခဲ့ပြီး စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို ပြခဲ့ပါတယ်။

[ZAWGYI] လိုအပ်ချက်တွေရှိခဲ့တဲ့ မန်စီးတီး

1460061261
















အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!