[UNICODE]
မန်စီးတီးကတော့ အိမ်ကွင်းအီတီဟတ်မှာ အာဆင်နယ်ကို နောက်ကောက်ချပြီး အက်ဖ်အေဖလားကနေ နှုတ်ထွက်စေခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ကျင့်သုံးခဲ့ပြီး တိုက်စစ်မှာ ဟာလန်း၊ ဂရီးလစ်ရှ်၊ ဒီဘရိုင်း၊ မာရက်ဇ်တို့နဲ့ ခင်းကျင်းလာခဲ့တာပါ။
ကွင်းလယ်မှာ ရိုဒရီနဲ့ ဂန်ဒိုဂန်တို့ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာ လီဝစ်၊ အကန်ဂျီ၊ ဂျွန်စတုန်း၊ အကီတို့ကို ကစားစေခဲ့တာပါ။ အာဆင်နယ်ကလည်း ၄-၃-၃ နဲ့ ခင်းကျင်းခဲ့ပြီး ဗီယာရာ၊ ဂိုးသမားမက်တာနာ၊ တီယာနေး၊ တိုမီယာဆု၊ ထရော့ဆာတို့ကလွဲရင် အဓိက ကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းက မန်စီးတီးအိမ်ကွင်း သွားကန်ရင် ဘယ်နှစ်ဂိုးအသွင်းခံရမလဲဆိုတဲ့ အနေအထားကနေ ဒီပွဲမှာတော့ အာဆင်နယ်ဟာ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။ ထရော့ဆတ်က အာဆင်နယ်အတွက် တကယ့်ကို အကျိုးရှိတဲ့ခေါ်ယူမှုဖြစ်ခဲ့ပြီး ဒီပွဲမှာလည်း မန်စီးတီးနောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။
သူ့ရဲ့ အတိုးအလှုပ်တွေ။ ဂိုးဧရီယာထဲ တိုးဝင်ပုံတွေက အားရစရာပါ။ ဒါပေမယ့် အာဆင်နယ်တိုက်စစ်မှာ ဆာကာက ပျောက်နေ်ခဲ့ပြီး အကီက လှုပ်မရအောင် ထိန်းခဲ့ပါတယ်။ ဆာကာက ပျောက်နေသလို အိုဒီဂတ်မပါတဲ့ ကွင်းလယ်ကလည်း တိုက်စစ်လမ်းကြေငာ်း မထွက်ခဲ့ပါဘူး။
မန်စီးတီးရဲ့ ကစားပုံကလည်း အကောင်းကြီး မဟုတ်လောက်ဘဲ တိုက်စစ်မှာ ဟာလန်းတစ်ယောက်ပဲ လှုပ်နေခဲ့ပါတယ်။ ဟိုဒင်းအနေနဲ့ ဟာလန်းကို ထိန်းမနိုင်ခဲ့ဘဲ နောက်ပြန်ကန်ချက်တစ်လုံး ဂိုးဝင်သွားလိုက်ရင် တော်တော်လေး လှမှာပါ။
အာဆင်နယ်ဘက်ကလည်း အပိုင်အခွင့်အရေးတွေ ရခဲ့ပြီး ဂိုးသမားကောင်းနေလို့သာ မန်စီးတီး သက်သာရာရခဲ့တာပါ။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ကစားရှိန် မြင့်လာခဲ့ပြီး ၆၄ မိနစ်မှာ အကီက မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးခဲ့ပပါတယ်။
အဲဒီနောက် အာဆင်နယ် ဇင်ချန်ကို၊ မာတင်နယ်လီတို့ကို ထည့်သွင်းပြီး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဖိအားပေး တိုက်စစ်ဆင်ပါတယ်။ ဒါပမယ့် မန်စီးတီးဂိုးသမားက လက်စွမ်းပြနေတဲ့အပြင် နောက်တန်းကလည်း ကစားပုံ ကောင်းနေုလိ့ အာဆင်နယ်တို့ ချေပဂိုး မရဘဲ အရှုံးပေးခဲ့ရပါတယ်။
[ZAWGYI]
မန္စီးတီးကေတာ့ အိမ္ကြင္းအီတီဟတ္မွာ အာဆင္နယ္ကို ေနာက္ေကာက္ခ်ၿပီး အက္ဖ္ေအဖလားကေန နႈတ္ထြက္ေစခဲ့ပါတယ္။ မန္စီးတီးဟာ ဒီပြဲမွာ ၄-၂-၃-၁ ကစားကြက္ကို က်င့္သံုးခဲ့ၿပီး တုိက္စစ္မွာ ဟာလန္း၊ ဂရီးလစ္ရွ္၊ ဒီဘရိုင္း၊ မာရက္ဇ္တို႔နဲ႔ ခင္းက်င္းလာခဲ့တာပါ။
ကြင္းလယ္မွာ ရိုဒရီနဲ႔ ဂန္ဒိုဂန္တုိ႔ကို အသံုးျပဳခဲ့ၿပီး ေနာက္တန္းမွာ လီ၀စ္၊ အကန္ဂ်ီ၊ ဂြ်န္စတုန္း၊ အကီတို႔ကို ကစားေစခဲ့တာပါ။ အာဆင္နယ္ကလည္း ၄-၃-၃ နဲ႔ ခင္းက်င္းခဲ့ၿပီး ဗီယာရာ၊ ဂိုးသမားမက္တာနာ၊ တီယာေနး၊ တိုမီယာဆု၊ ထေရာ့ဆာတို႔ကလြဲရင္ အဓိက ကစားသမားေတြကို အသံုးျပဳခဲ့ပါတယ္။
ၿပီးခဲ့တဲ့နွစ္ေတြတုန္းက မန္စီးတီးအိမ္ကြင္း သြားကန္ရင္ ဘယ္နွစ္ဂိုးအသြင္းခံရမလဲဆုိတဲ့ အေနအထားကေန ဒီပြဲမွာေတာ့ အာဆင္နယ္ဟာ အေကာငး္ဆံုးတုံ႔ျပန္နုိင္ခဲ့ပါတယ္။ ထေရာ့ဆတ္က အာဆင္နယ္အတြက္ တကယ့္ကို အက်ိဳးရွိတဲ့ေခၚယူမႈျဖစ္ခဲ့ၿပီး ဒီပြဲမွာလည္း မန္စီးတီးေနာက္တန္းကို ဒုကၡေပးနုိင္ခဲ့ပါတယ္။
သူ႔ရဲ႕ အတုိးအလႈပ္ေတြ။ ဂိုးဧရီယာထဲ တုိး၀င္ပံုေတြက အားရစရာပါ။ ဒါေပမယ့္ အာဆင္နယ္တုိက္စစ္မွာ ဆာကာက ေပ်ာက္ေန္ခဲ့ၿပီး အကီက လႈပ္မရေအာင္ ထိန္းခဲ့ပါတယ္။ ဆာကာက ေပ်ာက္ေနသလို အုိဒီဂတ္မပါတဲ့ ကြင္းလယ္ကလညး္ တုိက္စစ္လမ္းေၾကငာ္း မထြက္ခဲ့ပါဘူး။
မန္စီးတီးရဲ႕ ကစားပံုကလညး္ အေကာငး္ႀကီး မဟုတ္ေလာက္ဘဲ တုိက္စစ္မွာ ဟာလန္းတစ္ေယာက္ပဲ လႈပ္ေနခဲ့ပါတယ္။ ဟိုဒင္းအေနနဲ႔ ဟာလန္းကို ထိန္းမနုိင္ခဲ့ဘဲ ေနာက္ျပန္ကန္ခ်က္တစ္လုံး ဂိုး၀င္သြားလိုက္ရင္ ေတာ္ေတာ္ေလး လွမွာပါ။
အာဆင္နယ္ဘက္ကလည္း အပိုင္အခြင့္အေရးေတြ ရခဲ့ၿပီး ဂိုးသမားေကာငး္ေနလို႔သာ မန္စီးတီး သက္သာရာရခဲ့တာပါ။ ဒုတိယပုိင္းမွာ နွစ္သင္းစလံုး ကစားရွိန္ ျမင့္လာခဲ့ၿပီး ၆၄ မိနစ္မွာ အကီက မန္စီးတီးအတြက္ တစ္လံုးတည္းေသာ အနုိင္ဂိုးကို သြင္းေပးခဲ့ပပါတယ္။
အဲဒီေနာက္ အာဆင္နယ္ ဇင္ခ်န္ကို၊ မာတင္နယ္လီတုိ႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲ ျပဳလုပ္ခဲ့ၿပီး ဖိအားေပး တုိက္စစ္ဆင္ပါတယ္။ ဒါပမယ့္ မန္စီးတီးဂိုးသမားက လက္စြမ္းျပေနတဲ့အျပင္ ေနာက္တန္းကလည္း ကစားပံု ေကာင္းေနုလိ႔ အာဆင္နယ္တို႔ ေခ်ပဂိုး မရဘဲ အရႈံးေပးခဲ့ရပါတယ္။