[UNICODE]
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ သူ့တပည့်ဟောငး် အာတီတာနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ် စကားတစ်ခွန်းကို ဖွင့်ဟခဲ့ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘောလုံးပွဲစဥ်တွေမှာ တပည့်ဟောင်းဖြစ်သူ အာတီတာနဲ့ ကွင်းဘေးစည်းမှာ စကားများပြီး အချင်းများရင်လည်း များမိမှာပဲလို့ ဂွါဒီယိုလာက မှတ်ချက်ပြုခဲ့တာပါ။
ဂွါဒီယိုလာရဲ့ မန်စီးတီးနဲ့ အာတီတာတို့ရဲ့ အာဆင်နယ်တို့ဟာ သောကြာနေ့ညမှာ အက်ဖ်အေဖလားပွဲစဥ်အဖြစ် ထိပ်တိုက်ယှဥ်ပြိုင်ကစားသွားကြတော့မှာာပါ။ ဒါဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့အနေနဲ့ ဒီရာသီမှာ ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်းလည်း ဖြစ်ပါတယ်။ အာတီတာဟာ မန်စီးတီးမှာတုန်းက ဂွါဒီယိုလာလက်အောက်မှာ ၃ နှစ်ခွဲအထိ လက်ထောက်နည်းအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။
အာတီတာဟာ ဒီရာသီမှာ သူ့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ပုံစံတွေကြောင့် ကွင်ဘေးစည်း အပြုအမူတွေအတွက် ဝေဖန်ခြင်းကို ခံခဲ့ရတာပါ။ ဂွါဒီယိုလာကလည်း ကွငး်ဘေးစည်းမှာ စိတ်ဓာတ်ပြင်းပြသူတစ်ဦးပါ။ ဒါကြောင့် သူတို့ရဲ့ နိုင်လိုဇောတွေကြောင့် သူတို့နှစ်ဦးဟာ ကွင်းဘေးစည်းမှာ အချင်းများရင်လည်း များမိမှာပဲလို့ ဂွါဒီယိုလာက ဆိုခဲ့တာပါ။
“ပွဲစဥ်အတွင်း ကွင်းဘေးစည်းမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို သင်ကြားမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့နဂိုဗီဇကလည်း ရှိပါသေးတယ်။ မီခေးနဲ အလုပ်တွဲလုပ်ဖူးတဲ့အတွက် သူ့ရဲ့ ခံစားချက်တွေကို ကျွန်တော်သိပါတယ်။ လေ့ကျင့်ရေးကွင်းကပွဲတွေမှာဆိုရင်လည်း သူက ဒိုင်တွေနဲ့ ပတ်သက်ပြီး အမြဲတမ်း စောဒကတက်လေ့ရှိပါတယ်။
ကျွန်တော်တို့ ကွင်းဘေးစည်းမှာ စကားများရင် များနိုင်ပေမယ့် တစ်ယောက်အပေါ် တစ်ယောာက် လေးစားမှုကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”လို့ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ ဒီရာသီမှာ အဆာင်နယ်ဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသနေပြီး မန်စီးတီးကို အမှတ်ဖြတ်ကာ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မန်စီးတီးနဲ့ အာဆင်နယ်အကြား ပြိုင်ဆိုင်မှုက ပြင်းထန်လျက်ရှိနေတာာပါ။
[ZAWGYI]
မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ သူ႔တပည့္ေဟာငး္ အာတီတာနဲ႔ ပတ္သက္ၿပီး အံ့အားသင့္ဖြယ္ စကားတစ္ခြန္းကို ဖြင့္ဟခဲ့ပါတယ္။ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ေဘာလုံးပြဲစဥ္ေတြမွာ တပည့္ေဟာင္းျဖစ္သူ အာတီတာနဲ႔ ကြင္းေဘးစည္းမွာ စကားမ်ားၿပီး အခ်င္းမ်ားရင္လည္း မ်ားမိမွာပဲလို႔ ဂြါဒီယိုလာက မွတ္ခ်က္ျပဳခဲ့တာပါ။
ဂြါဒီယိုလာရဲ႕ မန္စီးတီးနဲ႔ အာတီတာတို႔ရဲ႕ အာဆင္နယ္တို႔ဟာ ေသာၾကာေန႔ညမွာ အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ ထိပ္တိုက္ယွဥ္ၿပိဳင္ကစားသြားၾကေတာ့မွာာပါ။ ဒါဟာ အာဆင္နယ္နဲ႔ မန္စီးတီးတို႔အေနနဲ႔ ဒီရာသီမွာ ပထမဆုံးအႀကိမ္ ေတြ႕ဆုံၾကျခင္းလည္း ျဖစ္ပါတယ္။ အာတီတာဟာ မန္စီးတီးမွာတုန္းက ဂြါဒီယိုလာလက္ေအာက္မွာ ၃ ႏွစ္ခြဲအထိ လက္ေထာက္နည္းအျဖစ္ ေဆာင္႐ြက္ခဲ့ဖူးပါတယ္။
အာတီတာဟာ ဒီရာသီမွာ သူ႔ရဲ႕ ျပင္းျပတဲ့ စိတ္ဓာတ္ပုံစံေတြေၾကာင့္ ကြင္ေဘးစည္း အျပဳအမူေတြအတြက္ ေဝဖန္ျခင္းကို ခံခဲ့ရတာပါ။ ဂြါဒီယိုလာကလည္း ကြငး္ေဘးစည္းမွာ စိတ္ဓာတ္ျပင္းျပသူတစ္ဦးပါ။ ဒါေၾကာင့္ သူတို႔ရဲ႕ ႏိုင္လိုေဇာေတြေၾကာင့္ သူတို႔ႏွစ္ဦးဟာ ကြင္းေဘးစည္းမွာ အခ်င္းမ်ားရင္လည္း မ်ားမိမွာပဲလို႔ ဂြါဒီယိုလာက ဆိုခဲ့တာပါ။
“ပြဲစဥ္အတြင္း ကြင္းေဘးစည္းမွာ ဘာမဆိုျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ သူ႔ကို သင္ၾကားမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ သူ႔ရဲ႕နဂိုဗီဇကလည္း ရွိပါေသးတယ္။ မီေခးနဲ အလုပ္တြဲလုပ္ဖူးတဲ့အတြက္ သူ႔ရဲ႕ ခံစားခ်က္ေတြကို ကြၽန္ေတာ္သိပါတယ္။ ေလ့က်င့္ေရးကြင္းကပြဲေတြမွာဆိုရင္လည္း သူက ဒိုင္ေတြနဲ႔ ပတ္သက္ၿပီး အၿမဲတမ္း ေစာဒကတက္ေလ့ရွိပါတယ္။
ကြၽန္ေတာ္တို႔ ကြင္းေဘးစည္းမွာ စကားမ်ားရင္ မ်ားႏိုင္ေပမယ့္ တစ္ေယာက္အေပၚ တစ္ေယာာက္ ေလးစားမႈကေတာ့ ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး”လို႔ ဂြါဒီယိုလာက ဆိုခဲ့ပါတယ္။ ဒီရာသီမွာ အဆာင္နယ္ဟာ အေကာင္းဆုံးစြမ္းေဆာင္ရည္ေတြ ျပသေနၿပီး မန္စီးတီးကို အမွတ္ျဖတ္ကာ ဇယားထိပ္မွာ ဦးေဆာင္ေနပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ မန္စီးတီးနဲ႔ အာဆင္နယ္အၾကား ၿပိဳင္ဆိုင္မႈက ျပင္းထန္လ်က္ရွိေနတာာပါ။