ဆော်ဒီစူပါဖလားပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းကစားသမားက မက်ဆီလိုအောင်ပွဲခံပြီး ပျက်ရယ်ပြုခြင်းခံ လိုက်ရတဲ့ ရော်နယ်ဒို

တိုက်စစ်မှူးရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာတော့ အယ်နာဆာ အသင်းဟာ ပြိုင်ဘက် Al-lttihad အသင်းကိုတော့ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့အဲဒီပွဲစဉ်မှာတော့ပြိုင်ဘက်ကစားသ မားဟာအောင်ပွဲခံခဲ့ရာမှာတော့ ရော်နယ်ဒိုရဲ့မဟာပြိုင်ဘက် မက်ဆီအောင်ပွဲခံတဲ့ပုံစံအတိုင်းအောင်ပွဲခံကာ ရော်နယ်ဒိုကို ပျက်ရယ်ပြုခဲ့တယ်လို့ဆိုပါတယ်။

0-Screenshot-2023-01-26-at-185348

Al-lttihad အသင်းရဲ့ မိုရိုကိုတိုက်စစ်မှူး အယ်ဒါရာဇက်ဟန်ဒါလာဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာလည်း လက်ရွေး စင်အသင်းနဲ့အတူခြေစွမ်းပြကစားထားနိုင်ခဲ့သူဖြစ်ပြီး ဒီနေ့ပွဲစဉ်မှာတော့ Al-lttihad အသင်းအတွက် ဒုတိယမြောက်ဂိုးကို ပထမပိုငး ၄၃ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးဦးဆောင်ဂိုးကိုတော့ Al-lttihad အသင်းကစားသမား ရိုမာရင်ဟိုက ပွဲချိန် ၁၅ မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူးရော် နယ်ဒိုရဲ့ အယ်နာဆာအသင်းကတော့ချေပဂိုးကို ပွဲချိန် ၆၇ မိနစ်မှာ တာလီစတာက သွင်းယူပေခဲ့တာဖြစ်ပြီး Al-lttihad အသင်းရဲ့တတိယမြောက်ဂိုးကိုတော့ ပွဲပြီးခါနီးနာကျင်အချိန်ပို ၉၃ မိနစ်မှာ အယ်ရှန်ကွီတီကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Untitled-1

ဒီပွဲဟာ တိုက်စစ်မှူးရော်နယ်ဒိုအတွက်တော့ အယ်နာဆာအသင်းနဲ့အတူ ပါဝင်ကစားတဲ့ ဒုတိယမြောက်ပွဲလည်း ဖြစ်ပြီး ၂ပွဲစလုံးကတော့ အရှုံးနဲ့ရင်ဆိုင်ထားခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ဒုတိယမြောက်ဂိုးသွင်းယူခဲ့တဲ့ မော်ရိုကိုကစားသမား အယ်ဒါရာဇက်ဟန်ဒါလာဟာ မက်ဆီရဲ့ဂျာစီကိုင်ပြီးအောင်ပွဲခံတဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ တာဖြစ်ပါတယ်။ မက်ဆီဟာ ရော်နယ်ဒိုနဲ့အတူယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က အယ်ကလက်ဆီကိုပြိုင်ပွဲအ ဝေးကွင်းပွဲစဉ်မှာတော့ နောက်ဆုံးမိနစ်မှာအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက် အခုလိုဂျာစီကိုင်ကာ အောင်ပွဲခံခဲ့ တာဖြစ်ပါတယ်။

0-Screenshot-2023-01-26-at-185450

အခုလိုအောင်ပွဲခံမှုကိုပြုလုပ်နေစဉ် ရော်နယ်ဒိုကို ကင်မရာက ရိုက်ပြထားစဉ်မှာတော့ ရော်နယ်ဒိုအနေနဲ့ စိတ် ကျေနပ်မှုမရှိတဲ့ပုံစံမျိုးတွေ ပြုလုပ်ခဲ့တယ်လိုလည်းဆိုပါတယ်။ ရော်နယ်ဒိုအတွက် အသင်းသစ်နဲ့အတူ စတင်ပါ ဝင်ကစားခဲ့တဲ့ ၂ ပွဲစလုံးမှာတော့ ကောင်းမွန်တဲ့ရလဒ်တွေရယူထားနိုင်ခြင်းမရှိသေးတာဖြစ်ပြီးသူ့ကစားသမား ဘဝအတွက်တော့ ဆိုးရွားတဲ့အသင်းသစ်နဲ့စတင်ခြင်းလည်းဖြစ်ပါတယ်။

 

Zawgyi





အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!