အမှတ်မထင်အနီကတ်နဲ့အတူ ဧည့်သည်အမ်ပိုလီရဲ့ ဗျင်းတာကိုခံလိုက်ရတဲ့ အင်တာ

အင်တာ ဝ-၁ အမ်ပိုလီ

1
ဒီနေ့ပွဲစဉ်မှာတော့ အိမ်ရှင်အင်တာဟာ တစ်ယောက်လျော့နဲ့ကစားခဲ့ရပြီး ဧည့်သည်အမ်ပိုလီအသင်း ကို ဝ-၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့အင်တာအသင်းဟာ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကာ ရှေ့ တန်းမှာတော့ ကော်ရီယာ၊မာတီးနက်ဇ်တို့ကိုထားကာ ကွင်းလယ်မှာတော့ ဒိုင်မာကို၊မစ်ခီတာရမ်၊ ကာဟာနိုဂလူး၊ ဘာရီလာ၊ဒါမီန်း၊ဇက်ကိုတို့ရှိနေပါတယ်။ ခံစစ်ပိုင်းမှာတော့ စကီရီနီယာ၊ဗာဂျီ၊ဘာစတိုနီတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။
ဒီနေ့ပွဲစဉ်မှာတော့ အမ်ပိုလီအသင်းက ၄-၃-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ကမ်ဘိုင်ဂီ၊ကာပူတို၊ဘာရာမီတို့ကိုထားကာ ကွင်းလယ်မှာတော့ ဘန်ဒီနီလီ၊ဟန်ဒါဆန်၊အက်ခ်ပရိုတို့ရှိနေစေပါ တယ်။ ခံစစ်ပိုင်းမှာတော့ ပါရီစီ၊လူပါတို၊ဝင်တား၊အီဘူဟီတို့နဲ့ ခင်းကျင်းလာခဲ့ပါတယ်။

66

ဒီနေ့ပွဲစဉ်မှာတော့ အင်တာအသင်းဟာ အနိုင်ရဖို့အတွက် အသင်းရဲ့အကောင်းဆုံး ကစားသမား တွေထုတ်ကာရင် ဆိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာခြေစွမ်းပိုင်းတည်ငြိမ်နေတဲ့ အမ်ပိုလီအသင်းက အိမ်ရှင်အင်တာကိုအကောင်းဆုံးယှဉ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာတော့ မထင်မှတ်တဲ့ထုတ်ဖောက်မှုကနေ တစ်ဆင့်ရရှိလာခဲ့တဲ့ အခွင့်အရေးကို အမ်ပိုလီတိုက်စစ်မှူး ကမ်ဘိုင်ဂီက အပိုင်ကန်သွင်းယူခဲ့ပေမယ့် အင်တာ ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၆ မိနစ်မှာတော့ အမ်ပိုလီအသင်းဟာ ဒုတိယအကြိမ်အခွင့်အရေးရ ခဲ့ပြန်ပါတယ်။ အဲဒီအခွင့်အရေးကို အမ်ပိုလီကစားသမား ကာပူတိုက ကန်သွင်းယူခဲ့ပေမယ့် ဂိုးပေါက်မတည်ခဲ့ ပါဘူး။ ပွဲချိန် ၁၉ မိနစ်မှာတော့ အင်တာကစားသမား ဒိုင်မာကိုက အန်ပိုလီအသင်းဂိုးပေါက်ကိုကန်သွင်းခွင့်ရခဲ့ ပေမယ့် အန်ပိုလီအသင်းဂိုးသမားကကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာအင်တာအသင်းဟာ မာတီးနက်ဇ်ရဲ့အဆုံးသတ်ပိုင်း ညံ့ဖျင်းမှုတွေကြောင့်အင်တာအသင်းဟာ ဂိုးရဖု့ိအခွင့်အရေးလွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ အင်တာခံစစ်ကစားသမား စကီရီနီဟာ ထုတ်မှုမှုကြမ်းတာကြောင့်ဒုတိယအကြိမ်အဝါ ကတ်ထိကာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။ အဲဒီလိုနဲ့ ပထမပိုင်းအပြီးမှာတော့ နှစ်ဘက်စလုံးဂိုးသွင်း ယူနိုင်ခြင်းမရှိဘဲ ဝ-၀ ဂိုးနဲ့သရေကျနေခဲ့ပါတယ်။

2

ဒုတိယပိုင်းမှာတာ့ တစ်ယောက်လျော့နေတဲ့ အိမ်ရှင်အင်တာရဲ့ကစားအားကသိသိသာအားပျော့သွားခဲ့ပါတယ်။ အမ်ပိုလီအတွက်ကတော့ တစ်ယောက်သာနဲ့ဂိုးရဖို့အခွင့်အရေးတွေပိုများလာခဲ့ပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာအန် ပိုလီအသင်းဟာ ဂိုးပေါက်ကန်သွင်းမှုတွေလုပ်ခဲ့ပေမယ့် အင်တာဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၆၅ မိနစ်မှာတော့ အမ်ပိုလီကစားသမားဘာရာမီရဲ့ပေးပို့မှုကနေတစ်ဆင့် ဘလက်ဒန်ဇီက အင်တာပင်နယ်တီအဆက်ကျော်ကျော်ကနေ အပြင်းကန်သွင်းယူလိုက်တဲ့ဂိုးကိုတော့ အင်တာဂိုးသမား ရဲ့ ဂျိုင်းအောက်ကနေ ထွက်သွားခဲ့တာကြောင့် အမ်ပိုလီအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာအင်တာတိုက်စစ်ကစားသမား ဇက်ကိုက အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းယူမှုက ဂိုး တိုင်ဘေးကို ချော်သွားခဲ့ပါတယ်။ ၇၈ မိနစ်မှာ အမ်ပိုလီကစားသမား ကာပူတိုရဲ့ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။ အင်တာအသင်းအနေနဲ့ အမှတ်မထင်ထိုးဖောက်မှုတွေကနေတစ်ဆင့် ဂိုးရဖို့ အ ခွင့်အရေးတွေရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းညံံ့ဖျင်းမှုတွေကြောင့် ချေပဂိုးရမယ့်အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့်လည်း မိနစ် ၉၀ ပွဲအပြီးမှာတော့အင်တာဟာ အမ်ပိုလီရဲ့ တစ်လုံးတည်း သောသွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

6

Zawgyi

အင္တာ ဝ-၁ အမ္ပိုလီ
ဒီေန႔ပြဲစဥ္မွာေတာ့ အိမ္ရွင္အင္တာဟာ တစ္ေယာက္ေလ်ာ့နဲ႔ကစားခဲ့ရၿပီး ဧည့္သည္အမ္ပိုလီအသင္း ကို ဝ-၁ ဂိုးနဲ႔ အရႈံးေပးခဲ့ရပါတယ္။ ဒီေန႔ပြဲစဥ္မွာေတာ့အင္တာအသင္းဟာ ၃-၅-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ကာ ေရွ႕ တန္းမွာေတာ့ ေကာ္ရီယာ၊မာတီးနက္ဇ္တို႔ကိုထားကာ ကြင္းလယ္မွာေတာ့ ဒိုင္မာကို၊မစ္ခီတာရမ္၊ ကာဟာႏိုဂလူး၊ ဘာရီလာ၊ဒါမီန္း၊ဇက္ကိုတို႔ရွိေနပါတယ္။ ခံစစ္ပိုင္းမွာေတာ့ စကီရီနီယာ၊ဗာဂ်ီ၊ဘာစတိုနီတို႔နဲ႔ ခင္းက်င္းလာခဲ့ပါတယ္။
ဒီေန႔ပြဲစဥ္မွာေတာ့ အမ္ပိုလီအသင္းက ၄-၃-၁-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ကာ ေရွ႕တန္းမွာေတာ့ ကမ္ဘိုင္ဂီ၊ကာပူတို၊ဘာရာမီတို႔ကိုထားကာ ကြင္းလယ္မွာေတာ့ ဘန္ဒီနီလီ၊ဟန္ဒါဆန္၊အက္ခ္ပ႐ိုတို႔ရွိေနေစပါ တယ္။ ခံစစ္ပိုင္းမွာေတာ့ ပါရီစီ၊လူပါတို၊ဝင္တား၊အီဘူဟီတို႔နဲ႔ ခင္းက်င္းလာခဲ့ပါတယ္။

9

ဒီေန႔ပြဲစဥ္မွာေတာ့ အင္တာအသင္းဟာ အႏိုင္ရဖို႔အတြက္ အသင္းရဲ႕အေကာင္းဆုံး ကစားသမား ေတြထုတ္ကာရင္ ဆိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေျခစြမ္းပိုင္းတည္ၿငိမ္ေနတဲ့ အမ္ပိုလီအသင္းက အိမ္ရွင္အင္တာကိုအေကာင္းဆုံးယွဥ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ မထင္မွတ္တဲ့ထုတ္ေဖာက္မႈကေန တစ္ဆင့္ရရွိလာခဲ့တဲ့ အခြင့္အေရးကို အမ္ပိုလီတိုက္စစ္မႉး ကမ္ဘိုင္ဂီက အပိုင္ကန္သြင္းယူခဲ့ေပမယ့္ အင္တာ ဂိုးသမားက ကာကြယ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ အမ္ပိုလီအသင္းဟာ ဒုတိယအႀကိမ္အခြင့္အေရးရ ခဲ့ျပန္ပါတယ္။ အဲဒီအခြင့္အေရးကို အမ္ပိုလီကစားသမား ကာပူတိုက ကန္သြင္းယူခဲ့ေပမယ့္ ဂိုးေပါက္မတည္ခဲ့ ပါဘူး။ ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ အင္တာကစားသမား ဒိုင္မာကိုက အန္ပိုလီအသင္းဂိုးေပါက္ကိုကန္သြင္းခြင့္ရခဲ့ ေပမယ့္ အန္ပိုလီအသင္းဂိုးသမားကကာကြယ္ႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၃၁ မိနစ္မွာအင္တာအသင္းဟာ မာတီးနက္ဇ္ရဲ႕အဆုံးသတ္ပိုင္း ညံ့ဖ်င္းမႈေတြေၾကာင့္အင္တာအသင္းဟာ ဂိုးရဖု႔ိအခြင့္အေရးလြဲေခ်ာ္ခဲ့ပါတယ္။ ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ အင္တာခံစစ္ကစားသမား စကီရီနီဟာ ထုတ္မႈမႈၾကမ္းတာေၾကာင့္ဒုတိယအႀကိမ္အဝါ ကတ္ထိကာ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံလိုက္ရပါတယ္။ အဲဒီလိုနဲ႔ ပထမပိုင္းအၿပီးမွာေတာ့ ႏွစ္ဘက္စလုံးဂိုးသြင္း ယူႏိုင္ျခင္းမရွိဘဲ ဝ-၀ ဂိုးနဲ႔သေရက်ေနခဲ့ပါတယ္။

Fn-Lzh-MNWYAwvna7

ဒုတိယပိုင္းမွာတာ့ တစ္ေယာက္ေလ်ာ့ေနတဲ့ အိမ္ရွင္အင္တာရဲ႕ကစားအားကသိသိသာအားေပ်ာ့သြားခဲ့ပါတယ္။ အမ္ပိုလီအတြက္ကေတာ့ တစ္ေယာက္သာနဲ႔ဂိုးရဖို႔အခြင့္အေရးေတြပိုမ်ားလာခဲ့ပါတယ္။ ပြဲခ်ိန္ ၅၇ မိနစ္မွာအန္ ပိုလီအသင္းဟာ ဂိုးေပါက္ကန္သြင္းမႈေတြလုပ္ခဲ့ေပမယ့္ အင္တာဂိုးသမားကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အမ္ပိုလီကစားသမားဘာရာမီရဲ႕ေပးပို႔မႈကေနတစ္ဆင့္ ဘလက္ဒန္ဇီက အင္တာပင္နယ္တီအဆက္ေက်ာ္ေက်ာ္ကေန အျပင္းကန္သြင္းယူလိုက္တဲ့ဂိုးကိုေတာ့ အင္တာဂိုးသမား ရဲ႕ ဂ်ိဳင္းေအာက္ကေန ထြက္သြားခဲ့တာေၾကာင့္ အမ္ပိုလီအသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ပါတယ္။ ပြဲခ်ိန္ ၇၄ မိနစ္မွာအင္တာတိုက္စစ္ကစားသမား ဇက္ကိုက အခြင့္အေရးတစ္ႀကိမ္ရခဲ့ေပမယ့္ ဂိုးေပါက္ကန္သြင္းယူမႈက ဂိုး တိုင္ေဘးကို ေခ်ာ္သြားခဲ့ပါတယ္။ ၇၈ မိနစ္မွာ အမ္ပိုလီကစားသမား ကာပူတိုရဲ႕ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဂိုးလြန္ေဘာျဖစ္သြားခဲ့ပါတယ္။ အင္တာအသင္းအေနနဲ႔ အမွတ္မထင္ထိုးေဖာက္မႈေတြကေနတစ္ဆင့္ ဂိုးရဖို႔ အ ခြင့္အေရးေတြရွိခဲ့ေပမယ့္ အဆုံးသတ္ပိုင္းညံံ့ဖ်င္းမႈေတြေၾကာင့္ ေခ်ပဂိုးရမယ့္အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း မိနစ္ ၉၀ ပြဲအၿပီးမွာေတာ့အင္တာဟာ အမ္ပိုလီရဲ႕ တစ္လုံးတည္း ေသာသြင္းဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

 

 



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!