အေစီမီလန် ၂-၂ ရိုမာ
ဒီနေ့ပွဲစဉ်မှာတော့ အေစီမီလန်အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ ဂျရူး၊ဆလီမာ၊ဘာရင်၊လီယိုတို့ကိုထားပါတယ်။ ကွင်းလယ်မှာတော့ ဘန်နာဆာ၊တိုနာလီတို့ရှိနေကာ ခံစစ်ပိုင်း မှာလည်း ကာလာဘရီယာ၊ကာလူလူ၊တိုမိုရီ၊သီယိုတို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။
ရိုမာအသင်းကတော့ ၃-၄-၂-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ကာ ရှေ့တန်းမှာတော့ အာဘရာဟမ်၊ဒိုင်ဘာလာ၊ ဇာနီလိုတို့ရှိနေကာ ကွင်းလယ်မှာတော့ ဇာလီစကီ၊ပယ်လီဂရီနီ၊ခရစ်စတန်တီ၊ဆီလစ်တို့ကိုထားပါတယ်။ ခံစစ် ပိုင်းမှာတော့ အိုင်ဘန်းဇ်၊စမောလင်း၊မန်ချီနီတို့နဲ့ခင်းကျင်းလာခဲ့ပါတယ်။
စီးရီးထိပ်တန်းပြိုင်ဘက်နှစ်သင်းုဖြစ်တဲ့ အေစီမီလန်နဲ့ ရိုမာအသင်းတို့ရဲ့ထိပ်တိုက်ရင်ဆိုင်မှုကတော့ ကြည့်ကောင်းသလို အတော်လည်းပြင်းထန်ခဲ့ပါတယ်။ ပွဲစကတည်းက နှစ်သင်းစလုံးကဂိုးရဖို့အတွက် အကြိတ် အနယ်ကစားခဲ့ကြပါတယ် ပွဲချိန် ၂၆ မိနစ်မှာတော့ အေစီမီလန်ကစားသမား လီယိုဟာ ရိုမာတိုက်စစ်မှူးအာဘ ရာဟမ်ကို ဖြတ်ထုတ်မှုကြမ်းခဲ့တာကြောင့် အဝါကတ်အပြခံခဲ့ရပါတယ်။ ပွဲချိန် ၂၈မိနစ် မှာတော့ အေစီမီလန် ကစားသမား ဘရာဟင်ဒိုက်စ်ရဲ့ ဂိုးပေါက်ကန်သွင်းမှုကိုတော့ ရိုမာဂိုးသမားအပြင်းအထန်ပုတ်ထုတ်လိုက် ရပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာတော့ ဖြတ်တင်ပေးပို့လိုက်တဲ့ ထောင့်ကန်ဘောကို အေစီမီလန်ကစားသမား ကာလူလူကာ အပိုင်ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် အေစီမီလန်အသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ပွဲချိန် ၄၁ မိနစ်မှာတော့ ရိုမာကစားသမား ဇာလီစကီဟာ ဂိုးပေါက်ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် ဂိုးပေါက်မတည့်တာ ကြောင့် ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အေစီမီလန်အသင်းရဲ့တစ်လုံးတည်းသောသွင်း ဂိုး နဲ့ သာပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးက ဂိုးရဖို့အတွက် အပြင်းအထန်ဆုံးကစားခဲ့ပါတယ်။ ရိုမာအသင်းကတော့ ချေပဂိုးရရှိရေးအတွက်အားစိုက်ကစားခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာတော့ ရိုမာအသင်းက ခရစ်တန်တီရဲ့ နေရာမှာ မာတစ်၊ဇာနီလိုရဲ့နေရာမှာ တာဟီရိုဗစ်တို့ကိုလူစားလဲပါဝင်ကစားစေခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ မှာ တော့ အေစီမီလန်အသင်းကလည်း ဘရာဟန်ဒိုက်စ်ရဲ့နေရာမှာ ပိုဘီဂါနဲ့လူစားလဲခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ တော့ လီယိုရဲ့ဖန်တီးပေးပို့မှုကို လူစားဝင်လာခဲ့တဲ့ ပိုဘီဂါကအပိုင်ကန်သွင်းယူပေးခဲ့တာကြောင့် အေစီမီလန် အသင်း ဒုတိယမြောက်ဂိုးရရှိသွားခဲ့ပါတယ်။ ဦးဆောင်ဂိုး ၂ ဂိုးပေးလိုက်ရတာကြောင့် ရိုမာအသင်းက ချေပဂိုး ရရှိရေးအတွက်အပြင်းအထန်ကြိုးစားကစားခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၈၇ မိနစ်မှာတော့ ပယ်လီဂရီနီရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို အိုင်ဘာနီဇ်က အပိုင်ခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် ရိုမာ အသင်း ပထမဦးဆုံးချေပဂိုးကိုရရှိသွားခဲ့ပါတယ်။ ပွဲပြီးခါနီးနာကျင်အချိန်ပို ၉၀+၃ မိနစ်မှာတော့ ပြစ်ဒဏ် ဘောကနေတစ်ဆင့် ရိုမာတိုက်စစ်မှူးအာဘရာဟမ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြာင့် ဒုတိယမြောက် ချေပဂိုးရရှိသွားခဲ့ပါတယ်။ ဒါကြောင့်လည်း အပွဲအပြီးမှာတော့ ၂-၂ ဂိုးနဲ့သရေကျခဲ့ပါတယ်။
ေအစီမီလန္ ၂-၂ ႐ုိမာ
ဒီေန႔ပြဲစဥ္မွာေတာ့ ေအစီမီလန္အသင္းက ၄-၂-၃-၁ ကစားကြက္နဲ႔ပြဲထြက္လာခဲ့ကာ ေရွ႕တန္းမွာေတာ့ ဂ်႐ူး၊ဆလီမာ၊ဘာရင္၊လီယုိတုိ႔ကိုထားပါတယ္။ ကြင္းလယ္မွာေတာ့ ဘန္နာဆာ၊တိုနာလီတို႔ရွိေနကာ ခံစစ္ပုိင္း မွာလည္း ကာလာဘရီယာ၊ကာလူလူ၊တုိမုိရီ၊သီယိုတို႔နဲ႔ခင္းက်င္းလာခဲ့ပါတယ္။
႐ုိမာအသင္းကေတာ့ ၃-၄-၂-၁ ကစားကြက္နဲ႔ပြဲထြက္လာခဲ့ကာ ေရွ႕တန္းမွာေတာ့ အာဘရာဟမ္၊ဒုိင္ဘာလာ၊ ဇာနီလုိတုိ႔ရွိေနကာ ကြင္းလယ္မွာေတာ့ ဇာလီစကီ၊ပယ္လီဂရီနီ၊ခရစ္စတန္တီ၊ဆီလစ္တုိ႔ကုိထားပါတယ္။ ခံစစ္ ပုိင္းမွာေတာ့ အုိင္ဘန္းဇ္၊စေမာလင္း၊မန္ခ်ီနီတုိ႔နဲ႔ခင္းက်င္းလာခဲ့ပါတယ္။
စီးရီးထိပ္တန္းၿပဳိင္ဘက္ႏွစ္သင္းုျဖစ္တဲ့ ေအစီမီလန္နဲ႔ ႐ုိမာအသင္းတို႔ရဲ႕ထိပ္တိုက္ရင္ဆိုင္မႈကေတာ့ ၾကည့္ေကာင္းသလုိ အေတာ္လည္းျပင္းထန္ခဲ့ပါတယ္။ ပြဲစကတည္းက ႏွစ္သင္းစလုံးကဂုိးရဖုိ႔အတြက္ အႀကိတ္ အနယ္ကစားခဲ့ၾကပါတယ္ ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ေအစီမီလန္ကစားသမား လီယုိဟာ ႐ုိမာတုိက္စစ္မွဴးအာဘ ရာဟမ္ကုိ ျဖတ္ထုတ္မႈၾကမ္းခဲ့တာေၾကာင့္ အ၀ါကတ္အျပခံခဲ့ရပါတယ္။ ပြဲခ်ိန္ ၂၈မိနစ္ မွာေတာ့ ေအစီမီလန္ ကစားသမား ဘရာဟင္ဒုိက္စ္ရဲ႕ ဂုိးေပါက္ကန္သြင္းမႈကိုေတာ့ ႐ုိမာဂုိးသမားအျပင္းအထန္ပုတ္ထုတ္လုိက္ ရပါတယ္။ ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ျဖတ္တင္ေပးပုိ႔လုိက္တဲ့ ေထာင့္ကန္ေဘာကုိ ေအစီမီလန္ကစားသမား ကာလူလူကာ အပုိင္ေခါင္းတုိက္သြင္းယူခဲ့တာေၾကာင့္ ေအစီမီလန္အသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ပါတယ္။ ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ႐ုိမာကစားသမား ဇာလီစကီဟာ ဂုိးေပါက္ကန္သြင္းခြင့္ ရရွိခဲ့ေပမယ့္ ဂုိးေပါက္မတည့္တာ ေၾကာင့္ ဂုိးလြန္ေဘာျဖစ္သြားခဲ့ပါတယ္။ ပထမပုိင္းမွာေတာ့ ေအစီမီလန္အသင္းရဲ႕တစ္လုံးတည္းေသာသြင္း ဂုိး နဲ႔ သာၿပီးဆုံးခဲ့ပါတယ္။
ဒုတိယပုိင္းမွာေတာ့ ႏွစ္သင္းစလုံးက ဂုိးရဖုိ႔အတြက္ အျပင္းအထန္ဆုံးကစားခဲ့ပါတယ္။ ႐ုိမာအသင္းကေတာ့ ေခ်ပဂုိးရရွိေရးအတြက္အားစုိက္ကစားခဲ့ပါတယ္။ ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ႐ုိမာအသင္းက ခရစ္တန္တီရဲ႕ ေနရာမွာ မာတစ္၊ဇာနီလုိရဲ႕ေနရာမွာ တာဟီ႐ုိဗစ္တို႔ကုိလူစားလဲပါ၀င္ကစားေစခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၇၀ မွာ ေတာ့ ေအစီမီလန္အသင္းကလည္း ဘရာဟန္ဒုိက္စ္ရဲ႕ေနရာမွာ ပုိဘီဂါနဲ႔လူစားလဲခဲ့ပါတယ္။ ပြဲခ်ိန္ ၇၇ မိနစ္မွာ ေတာ့ လီယုိရဲ႕ဖန္တီးေပးပုိ႔မႈကုိ လူစား၀င္လာခဲ့တဲ့ ပုိဘီဂါကအပုိင္ကန္သြင္းယူေပးခဲ့တာေၾကာင့္ ေအစီမီလန္ အသင္း ဒုတိယေျမာက္ဂုိးရရွိသြားခဲ့ပါတယ္။ ဦးေဆာင္ဂုိး ၂ ဂုိးေပးလုိက္ရတာေၾကာင့္ ႐ုိမာအသင္းက ေခ်ပဂုိး ရရွိေရးအတြက္အျပင္းအထန္ႀကဳိးစားကစားခဲ့ပါတယ္။ ဒါေၾကာင့္လည္း ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ပယ္လီဂရီနီရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပုိ႔မႈကုိ အုိင္ဘာနီဇ္က အပုိင္ေခါင္းတုိက္သြင္းယူေပးခဲ့တာေၾကာင့္ ႐ုိမာ အသင္း ပထမဦးဆုံးေခ်ပဂုိးကုိရရွိသြားခဲ့ပါတယ္။ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပုိ ၉၀+၃ မိနစ္မွာေတာ့ ျပစ္ဒဏ္ ေဘာကေနတစ္ဆင့္ ႐ုိမာတုိက္စစ္မွဴးအာဘရာဟမ္က ေခါင္းတုိက္သြင္းယူႏုိင္ခဲ့တာၾကာင့္ ဒုတိယေျမာက္ ေခ်ပဂုိးရရွိသြားခဲ့ပါတယ္။ ဒါေၾကာင့္လည္း အပြဲအၿပီးမွာေတာ့ ၂-၂ ဂုိးနဲ႔သေရက်ခဲ့ပါတယ္။