[UNICODE] ရော်နယ်ဒိုကတော့ ဆော်ဒီအာရေဗျ ကလပ်ဖြစ်တဲ့ အယ်နက်စ်ဆာ ကို တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်းနဲ့ တရားဝင်ပြောင်းရွှေ့သွားပြီး နောက် ပရိတ်သတ် တစ်ချို့က သူ့ကို လှောင်ပြောင်ခဲ့ကြပါတယ်။
ရော်နယ်ဒိုက ပီရက်စ်မော်ဂန် နဲ့အင်တာဗျူးအပြီး မန်ယူအသင်း နဲ့ ဒရာမဆန်ဆန် လမ်းခွဲခဲ့ပါတယ်။ အဲနောက် ကလပ်လက်မဲ့ဖြစ်ကာ ကမ္ဘာ့ဖလားကို ဝင်ကစားခဲ့ပေမယ့်လည်း ကွာတား အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။
သူ့ကို ဥရောပ ကလပ်တွေ ခေါ်ယူဖို့ စောင့်ဆိုင်းကာ ရီးရဲလ် အသင်းနဲ့ လေ့ကျင့်ခန်းသွားဆင်းခဲ့ပေမယ့်လည်း ရီးရဲလ် အပါအဝင် ခေါ်ယူမယ့် ကလပ်မရှိလို့ နောက်ဆုံး သူ့ကို ငွေကို ရေလိုပေးတဲ့ ကလပ် ဖြစ်တဲ့ ဆော်ဒီ ကလပ် အယ်နက်စ်ဆာကိုပြောင်းရွှေ့သွားခဲ့ပါတယ်။
funny poetry in english 2 lines
သူအဲလို ပြောင်းရွှေ့တဲ့ အပေါ် တစ်ချို့ ဝေဖန်သူ ပရိတ်သတ်ကတော့ သူ့ဘောလုံး ကစားသမားဘ၀ နေဝင်သွားပြီး၊ သူနဲ့ မက်ဆီယှဉ်ပြိုင်မှုလည်းပြီးဆုံးသွားကာ အရှုံးပေးလိုက်ရပြီ၊ ငွေနောက်လိုက်တဲ့ ရော်နယ်ဒို ဆိုပြီး အမနာပ ဝေဖန် ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ အစေးမကပ်တဲ့ ဂယ်ရီနီဗီလ်းကတော့ ‘ရော်နယ်ဒို ကတော့ ဥရောပ မှာ ကစားချင်ပေမယ့် ဥရောပ ကလပ် ကမ်းလှမ်းချက်တွေက သူ့ဆီကို ရောက်မလာခဲ့ပါဘူး။ ရော်နယ်ဒိုရဲ့ အကောင်းဆုံး ခြေစွမ်းကတော့ အိုးထရက်ဖိုဒ့် မှာပြီးဆုံးသွားခဲ့ပါပြီ။ သူ့ ကစားသမားဘ၀ ဆော်ဒီမှာ နေဝင်တော့မှာ ဝမ်းနည်းစရာပါပဲ။’ ဆိုပြီး ဆိုပါတယ်။
ကာရေဂါကတော့ ‘ရော်နယ်ဒို အဆုံးသတ် က ဝမ်းနည်းစရာပါပဲ။ ရော်နယ်ဒိုက သူ့ ကစားသမားဘ၀ကို ပီရက်စ်မော်ဂန် အင်တာဗျူးမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။ မက်ဆီကတော့ ကမ္ဘာ့ဖလားတောင်ရပြီးသွားပြီ။’
ဖာဒီနန်ကတော့ ‘ဒေးဗစ်ဘက်ဟမ်း၊ ဖရန့်လမ်းပတ်၊ ရွန်နီ နဲ့ ဂျာရတ်တို့ အမေရိက သွားကစားတော့ လူတွေက ကောင်းတယ် ပြောကြတယ်။ သူတို့ ကစားသမားဘ၀ကို ပြိုင်ဆိုင်မှု မပြင်းထန်ပြီး ဝင်ငွေကောင်းတဲ့ လိဂ်ကို ပြောင်းကစားတော့ သူတို့ ကစားသမားဘ၀ အဆုံးသတ်တာ လှပါတယ်ဆိုပြီး ပြောကြတယ်။
ဘယ်တိုင်းပြည်မဆို ပြသနာတော့ ရှိမှာပဲ။ ဆော်ဒီ က အမေရိကထက်ပို ပြသနာ နည်းတာလား။ မီဒီယာတွေ ၊ လူတွေက ဆော်ဒီအာရေဗျဖြစ်နေတော့ ဝမ်းနည်းစရာကောင်းတယ် ဘာဖြစ်တယ်ဆိုပြီး ဝေဖန်ကြတယ်။ ရော်နယ်ဒို က ကစားသမားဘ၀ အသစ်အတွက် သူ့မိသားစုခေါ်ပြီး စတင်ခံစားတာပဲ။
ကျွန်တော့် အနေနဲ့ အဲလို စကားတော့ မကြားချင်ပါဘူး။ ရော်နယ်ဒိုလည်း တစ်ခြားကစားသမားတွေ လို ကစားသမား မပြီးဆုံးခင်မှာ ဝင်ငွေကောင်းတဲ့ လိဂ်ကို ပြောင်းရွှေ့ကစားကာ ကစားသမားဘ၀ အဆုံးသတ်တာ ပရော်ဖက်ရှင်နယ်တွေ ထုံးစံအတိုင်းပဲလေ။ လူတိုင်း ကို ညီတူမျှတူ တန်းတူထားဆက်ဆံ ရမယ့် တာဝန်က လူတိုင်းမှာ ရှိပါတယ်။’
ဆိုပြီး ရော်နယ်ဒိုဘက်က ဝေဖန်တုန့်ပြန်လိုက်ပါတယ်။
SOURCE: MIRROR
[ZAWGYI] ေရာ္နယ္ဒိုကေတာ့ ေဆာ္ဒီအာေရဗ် ကလပ္ျဖစ္တဲ့ အယ္နက္စ္ဆာ ကို တစ္ႏွစ္လုပ္ခ ေပါင္ ၁၇၅ သန္းနဲ႔ တရားဝင္ေျပာင္းေ႐ႊ႕သြားၿပီး ေနာက္ ပရိတ္သတ္ တစ္ခ်ိဳ႕က သူ႔ကို ေလွာင္ေျပာင္ခဲ့ၾကပါတယ္။
ေရာ္နယ္ဒိုက ပီရက္စ္ေမာ္ဂန္ နဲ႔အင္တာဗ်ဴးအၿပီး မန္ယူအသင္း နဲ႔ ဒရာမဆန္ဆန္ လမ္းခြဲခဲ့ပါတယ္။ အဲေနာက္ ကလပ္လက္မဲ့ျဖစ္ကာ ကမာၻ႔ဖလားကို ဝင္ကစားခဲ့ေပမယ့္လည္း ကြာတား အဆင့္နဲ႔ ေက်နပ္ခဲ့ရပါတယ္။
သူ႔ကို ဥေရာပ ကလပ္ေတြ ေခၚယူဖို႔ ေစာင့္ဆိုင္းကာ ရီးရဲလ္ အသင္းနဲ႔ ေလ့က်င့္ခန္းသြားဆင္းခဲ့ေပမယ့္လည္း ရီးရဲလ္ အပါအဝင္ ေခၚယူမယ့္ ကလပ္မရွိလို႔ ေနာက္ဆုံး သူ႔ကို ေငြကို ေရလိုေပးတဲ့ ကလပ္ ျဖစ္တဲ့ ေဆာ္ဒီ ကလပ္ အယ္နက္စ္ဆာကိုေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။
funny poetry in english 2 lines
သူအဲလို ေျပာင္းေ႐ႊ႕တဲ့ အေပၚ တစ္ခ်ိဳ႕ ေဝဖန္သူ ပရိတ္သတ္ကေတာ့ သူ႔ေဘာလုံး ကစားသမားဘ၀ ေနဝင္သြားၿပီး၊ သူနဲ႔ မက္ဆီယွဥ္ၿပိဳင္မႈလည္းၿပီးဆုံးသြားကာ အရႈံးေပးလိုက္ရၿပီ၊ ေငြေနာက္လိုက္တဲ့ ေရာ္နယ္ဒို ဆိုၿပီး အမနာပ ေဝဖန္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒိုနဲ႔ အေစးမကပ္တဲ့ ဂယ္ရီနီဗီလ္းကေတာ့ ‘ေရာ္နယ္ဒို ကေတာ့ ဥေရာပ မွာ ကစားခ်င္ေပမယ့္ ဥေရာပ ကလပ္ ကမ္းလွမ္းခ်က္ေတြက သူ႔ဆီကို ေရာက္မလာခဲ့ပါဘူး။ ေရာ္နယ္ဒိုရဲ႕ အေကာင္းဆုံး ေျခစြမ္းကေတာ့ အိုးထရက္ဖိုဒ့္ မွာၿပီးဆုံးသြားခဲ့ပါၿပီ။ သူ႔ ကစားသမားဘ၀ ေဆာ္ဒီမွာ ေနဝင္ေတာ့မွာ ဝမ္းနည္းစရာပါပဲ။’ ဆိုၿပီး ဆိုပါတယ္။
ကာေရဂါကေတာ့ ‘ေရာ္နယ္ဒို အဆုံးသတ္ က ဝမ္းနည္းစရာပါပဲ။ ေရာ္နယ္ဒိုက သူ႔ ကစားသမားဘ၀ကို ပီရက္စ္ေမာ္ဂန္ အင္တာဗ်ဴးမွာတင္ၿပီးဆုံးသြားခဲ့ပါၿပီ။ မက္ဆီကေတာ့ ကမာၻ႔ဖလားေတာင္ရၿပီးသြားၿပီ။’
ဖာဒီနန္ကေတာ့ ‘ေဒးဗစ္ဘက္ဟမ္း၊ ဖရန႔္လမ္းပတ္၊ ႐ြန္နီ နဲ႔ ဂ်ာရတ္တို႔ အေမရိက သြားကစားေတာ့ လူေတြက ေကာင္းတယ္ ေျပာၾကတယ္။ သူတို႔ ကစားသမားဘ၀ကို ၿပိဳင္ဆိုင္မႈ မျပင္းထန္ၿပီး ဝင္ေငြေကာင္းတဲ့ လိဂ္ကို ေျပာင္းကစားေတာ့ သူတို႔ ကစားသမားဘ၀ အဆုံးသတ္တာ လွပါတယ္ဆိုၿပီး ေျပာၾကတယ္။
ဘယ္တိုင္းျပည္မဆို ျပသနာေတာ့ ရွိမွာပဲ။ ေဆာ္ဒီ က အေမရိကထက္ပို ျပသနာ နည္းတာလား။ မီဒီယာေတြ ၊ လူေတြက ေဆာ္ဒီအာေရဗ်ျဖစ္ေနေတာ့ ဝမ္းနည္းစရာေကာင္းတယ္ ဘာျဖစ္တယ္ဆိုၿပီး ေဝဖန္ၾကတယ္။ ေရာ္နယ္ဒို က ကစားသမားဘ၀ အသစ္အတြက္ သူ႔မိသားစုေခၚၿပီး စတင္ခံစားတာပဲ။
ကြၽန္ေတာ့္ အေနနဲ႔ အဲလို စကားေတာ့ မၾကားခ်င္ပါဘူး။ ေရာ္နယ္ဒိုလည္း တစ္ျခားကစားသမားေတြ လို ကစားသမား မၿပီးဆုံးခင္မွာ ဝင္ေငြေကာင္းတဲ့ လိဂ္ကို ေျပာင္းေ႐ႊ႕ကစားကာ ကစားသမားဘ၀ အဆုံးသတ္တာ ပေရာ္ဖက္ရွင္နယ္ေတြ ထုံးစံအတိုင္းပဲေလ။ လူတိုင္း ကို ညီတူမွ်တူ တန္းတူထားဆက္ဆံ ရမယ့္ တာဝန္က လူတိုင္းမွာ ရွိပါတယ္။’
ဆိုၿပီး ေရာ္နယ္ဒိုဘက္က ေဝဖန္တုန႔္ျပန္လိုက္ပါတယ္။
SOURCE: MIRROR