ချဲလ်ဆီးခံစစ်မှူးကိုလီဘာလေရဲ့သွင်းဂိုးနဲ့ တောင်အမေရိကအသင်းကို ကပ်အနိုင်ယူသွားတဲ့ ဆီနီဂေါ

အီကွေဒေါ ၁-၂ ဆီနီဂေါ

1

မာဂုဏ်ရှိတဲ့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုကတော့ ပွဲကောင်းတစ်ပွဲအဖြစ် ကြည့်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် တောင်အမေရိကအသင်းအီကွေဒေါရဲ့တိုက်စစ်ပိုင်းက ဆီနီဂေါရဲ့ ခံစစ်ပိုင်းကိုသိပ်မကျော်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ တော့ အီကွေဒေါတို့ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာတော့ အီကွေဒေါအသင်းက ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဂွန်ဇိုလာ ပါလာတာ၊အက်စထရာဒါ၊ဗလန်စီယာတို့ကိုပွဲထွက်စေပြီး ကွင်းလယ်ပိုင်းမှာတော့ ဖရန်ကို၊ဂရိုဇို၊ကိုင်စီဒိုထားရှိ ပါတယ်။ ခံစစ်ပိုင်းမှာတာ့ ပရီစီဒို၊ဖလက်တောရက်စ်၊ပရီဗီ၊အက်စတူပင်နန်တို့နဲ့ ခင်ကျင်းထားပါတယ်။
ဆီနီဂေါကတော့ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းမှာတော့ ဘိုလာရီဒိုင်၊ဆာ၊ဂူရီ၊အန်ဒါယာ တို့နဲ့ ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ပီပီဂူရီ၊ ပါသီစစ်တို့ကိုထားရှိထားပါတယ်။ ခံစစ်ပိုင်းမှာတော့ ဂျက်ကော့စ်၊ဒိုင်လို၊ကိုလီဘာလေ၊ဆာလီတို့ ပွဲထွက်စေပါတယ်။

 

2

ဒီပွဲစဉ်ကတော့ အကြိတ်အနယ်ရှိခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ အီကွေဒေါကဘော လုံးပိုင်ဆိုင်မှုမှာ ဆီနီဂေါထက်အနည်းငယ်သာတယ်လို့ဆိုရပေမယ့် တိုက်စစ်ပိုင်းထိုးဖောက်နိုင်မှုမှာတော့ ဆီနီဂေါ အသင်းက ပိုသာခဲ့ပါတယ်။ ပထမပိုင်းမှာ အီကွေဒေါအသင်းရဲ့ အခွင့်အရေးဖန်တီးမှုပိုင်းကလည်း နည်း ပါတယ်။ အီကွေဒေါကြယ်ပွင့်ဗလန်စီယာကတော့ အကောင်းဆုံးရှိနေခဲ့ပေမယ့် ဆီနီဂေါခံစစ်ကစားသမား ကိုလီဘာလေက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန် ၄၃ မိနစ်မှာတော့ ဆီနီဂေါတို့ ပင်နယ်တီ ကန်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီဂိုးကိုတော့ ဆီနီဂေါတိုက်စစ်ကစားသမားဆာကသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် လည်း ပထမပိုင်းမှာတော့ ဆီနီဂေါအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

 

3

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ကစားပုံကပိုကောင်းလာခဲ့တယ်။ အီကွေဒေါအသင်းကလည်း ချေပဂိုးရဖို့ အတွက် အပြင်းအထန်ကြိုးစားလာခဲ့သလို ဆီနီဂေါကလည်း နောက်တစ်တစ်ဂိုးရဖို့အတွက် ကြိုးစားလာခဲ့တယ်။ ပွဲချိန် ၆၇ မိနစ်မှာတော့ ဆီနီဂေါဂိုးရှေ့မှာ အီကွေဒေါကစားသမား ဖလစ်တိုရက်စ်ကခေါင်းတိုက်ကျ လာတဲ့ဘောလုံး ကို ကိုင်စီဒိုက ခြေနဲ့အသာတို့ပြီး သွင်းယူခဲ့တာကြောင့် အီကွေဒေါအသင်း ချေပဂိုးရရှိသွားခဲ့ပါတယ်။ ၁-၁ ဂိုးနဲ့ သရေကျသွားခဲ့တဲ့နောက် နှစ်သင်းစလုံးရဲ့ကစားပုံကပို ပြီးပြင်းထန်လာခဲ့ပြီး ဂိုးရဖို့အတွက် ကျားကုတ်ကျားခဲကြိုးစားလာခဲ့ကြတယ်။ ပွဲချိန် မိနစ် ၇၀ မှာတော့ အီကွေ ဒေါက ပြစ်ဒဏ်ရရှိပြီး ကန်တင်လိုက်တဲ့ဘောလုံးကို ဆီနီဂေါအသင်းက ဖြတ်ထုတ်ရာကနေ ထွက်လာတဲ့ဘော လုံးကို ကိုလီဘာလေက အပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပြီးဆုံးတဲ့အထိနှစ်သင်းစလုံးက ဂိုးထပ် မံရဖို့ ကြိုးစားခဲ့ကြပေမယ့် အီကွေဒေါက ဆီနီဂေါအသင်းကို ၁-၂ ဂိုးနဲ့ ကပ်ရှုံးခဲ့ပါတယ်။

 

4

Zawgyi
အီေကြေဒါ ၁-၂ ဆီနီေဂါ

 

5

မာဂုဏ္ရွိတဲ့ ဒီႏွစ္သင္းရဲ႕ ေတြ႕ဆုံမႈကေတာ့ ပြဲေကာင္းတစ္ပြဲအျဖစ္ ၾကည့္ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ ေတာင္အေမရိကအသင္းအီေကြေဒါရဲ႕တိုက္စစ္ပိုင္းက ဆီနီေဂါရဲ႕ ခံစစ္ပိုင္းကိုသိပ္မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ ပြဲအၿပီးမွာ ေတာ့ အီေကြေဒါတို႔ ၁-၂ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။
ဒီေန႔ပြဲမွာေတာ့ အီေကြေဒါအသင္းက ၄-၃-၃ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ၿပီး တိုက္စစ္ပိုင္းမွာ ဂြန္ဇိုလာ ပါလာတာ၊အက္စထရာဒါ၊ဗလန္စီယာတို႔ကိုပြဲထြက္ေစၿပီး ကြင္းလယ္ပိုင္းမွာေတာ့ ဖရန္ကို၊ဂ႐ိုဇို၊ကိုင္စီဒိုထားရွိ ပါတယ္။ ခံစစ္ပိုင္းမွာတာ့ ပရီစီဒို၊ဖလက္ေတာရက္စ္၊ပရီဗီ၊အက္စတူပင္နန္တို႔နဲ႔ ခင္က်င္းထားပါတယ္။

6

ဆီနီေဂါကေတာ့ ၄-၂-၃-၁ နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ၿပီး တိုက္စစ္ပိုင္းမွာေတာ့ ဘိုလာရီဒိုင္၊ဆာ၊ဂူရီ၊အန္ဒါယာ တို႔နဲ႔ ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပီပီဂူရီ၊ ပါသီစစ္တို႔ကိုထားရွိထားပါတယ္။ ခံစစ္ပိုင္းမွာေတာ့ ဂ်က္ေကာ့စ္၊ဒိုင္လို၊ကိုလီဘာေလ၊ဆာလီတို႔ ပြဲထြက္ေစပါတယ္။
ဒီပြဲစဥ္ကေတာ့ အႀကိတ္အနယ္ရွိခဲ့တဲ့ပြဲလည္းျဖစ္ပါတယ္။ ပထမပိုင္းမွာေတာ့ အီေကြေဒါကေဘာ လုံးပိုင္ဆိုင္မႈမွာ ဆီနီေဂါထက္အနည္းငယ္သာတယ္လို႔ဆိုရေပမယ့္ တိုက္စစ္ပိုင္းထိုးေဖာက္ႏိုင္မႈမွာေတာ့ ဆီနီေဂါ အသင္းက ပိုသာခဲ့ပါတယ္။ ပထမပိုင္းမွာ အီေကြေဒါအသင္းရဲ႕ အခြင့္အေရးဖန္တီးမႈပိုင္းကလည္း နည္း ပါတယ္။ အီေကြေဒါၾကယ္ပြင့္ဗလန္စီယာကေတာ့ အေကာင္းဆုံးရွိေနခဲ့ေပမယ့္ ဆီနီေဂါခံစစ္ကစားသမား ကိုလီဘာေလက အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ပထမပိုင္းပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဆီနီေဂါတို႔ ပင္နယ္တီ ကန္ခြင့္ရရွိခဲ့ပါတယ္။ အဲဒီဂိုးကိုေတာ့ ဆီနီေဂါတိုက္စစ္ကစားသမားဆာကသြင္းယူေပးခဲ့ပါတယ္။ ဒါေၾကာင့္ လည္း ပထမပိုင္းမွာေတာ့ ဆီနီေဂါအသင္းက ၁-၀ ဂိုးနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

58

ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလုံးရဲ႕ကစားပုံကပိုေကာင္းလာခဲ့တယ္။ အီေကြေဒါအသင္းကလည္း ေခ်ပဂိုးရဖို႔ အတြက္ အျပင္းအထန္ႀကိဳးစားလာခဲ့သလို ဆီနီေဂါကလည္း ေနာက္တစ္တစ္ဂိုးရဖို႔အတြက္ ႀကိဳးစားလာခဲ့တယ္။ ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ဆီနီေဂါဂိုးေရွ႕မွာ အီေကြေဒါကစားသမား ဖလစ္တိုရက္စ္ကေခါင္းတိုက္က် လာတဲ့ေဘာလုံး ကို ကိုင္စီဒိုက ေျခနဲ႔အသာတို႔ၿပီး သြင္းယူခဲ့တာေၾကာင့္ အီေကြေဒါအသင္း ေခ်ပဂိုးရရွိသြားခဲ့ပါတယ္။ ၁-၁ ဂိုးနဲ႔ သေရက်သြားခဲ့တဲ့ေနာက္ ႏွစ္သင္းစလုံးရဲ႕ကစားပုံကပို ၿပီးျပင္းထန္လာခဲ့ၿပီး ဂိုးရဖို႔အတြက္ က်ားကုတ္က်ားခဲႀကိဳးစားလာခဲ့ၾကတယ္။ ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ အီေကြ ေဒါက ျပစ္ဒဏ္ရရွိၿပီး ကန္တင္လိုက္တဲ့ေဘာလုံးကို ဆီနီေဂါအသင္းက ျဖတ္ထုတ္ရာကေန ထြက္လာတဲ့ေဘာ လုံးကို ကိုလီဘာေလက အပိုင္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းၿပီးဆုံးတဲ့အထိႏွစ္သင္းစလုံးက ဂိုးထပ္ မံရဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ အီေကြေဒါက ဆီနီေဂါအသင္းကို ၁-၂ ဂိုးနဲ႔ ကပ္ရႈံးခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!