ပရီးမီးယားလိဂ်အသင်းမျက်စိကျအောင်ခြေသွေးပြလိုက်တဲ့ လူငယ်ကြယ်ပွင့်ဂျာပိုရဲ့သွင်းဂိုးနဲ့အတူ အိမ်ရှင်ကို မျက်ရည်မိုးရွားစေခဲ့တဲ့ ဟော်လန်

ဟော်လန် ၂-၀ ကာတာ

1

ဟော်လန်နဲ့ကာတာပွဲကတော့ အသင်းကြီးနဲ့ အသင်းသေးဆိုတဲ့အတိုင်း ခြေစွမ်းကတော့အနည်း ငယ်ကွာခြားမှုရှိခဲ့ပြီး ဟော်လန်က အိမ်ရှင်ကာတာကို(၂-ဝ) နဲ့အနိုင်ကစားခဲ့ပါတယ်။
ဒီနေ့ပွဲစဉ်မှာတော့ ဟောလန်ဟာ ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ကိုဒီဂျာပို၊ဒီပေးနဲ့ သူ့တို့ရဲ့နောက်မှာတော့ ကလာဆန်ကိုထားရှိပါတယ်။ ကွင်းလယ်မှာ တော့ဒမ်ဖလိုင်း၊ဒီရွန်၊ဒီဂျောင်း၊ဘလိုင်းတို့ကစားစေသလို ခံစစ်ပိုင်းမှာတော့ အာကီ၊ဗန်ဒိုက်၊တင်ဘာတို့နဲ့ ခင်ကျင်းထားတာဖြစ်ပါတယ်။
ကာတာကတော့ ၅-၃-၂ ကစားကွက်နဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ အာကာရန်၊ အယ်မိုအယ်လီရှိနေပြီး ကွင်းလယ်မှာတော့အဒူလာဇစ်၊မာဒီဘို၊ဟူဆန်အယ်ဟေးဒေါ့စ်နဲ့ ပြင်ဆင်ထားပါတယ်။ ခံစစ်ပိုင်းမှာတော့ အာမန်၊ဟူဆန်၊ခိုဟီ၊မီဂွဲလ်၊အစ်ဆန်မဲလ်မိုဟာမတ်တို့နဲ့ခင်းကျင်းထားပါတယ်။

 

2

ပွဲစတာနဲ့ ဟော်လန်အသင်းကတော့ ပွဲကိုစိုးမိုးကစားသွားခဲ့ပါတယ်။ ဟော်လန်အသင်းဟာ ပထမပိုင်း ၁၅ မိနစ် အတွင်း ဂိုးပေါက်ကန်သွင်းခွင့်တွေရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းညံ့ဖျင်းတာကြောင့် ဂိုးမရရှိခဲ့ပါဘူး။ ဒါပေမယ့် ဟော်လန်ကသာတစ်ချိန်လုံးဖိနေခဲ့တာဖြစ်ပြီး ပွဲချိန် ၂၆ မိနစ်မှာတော့ ကလာဆန်ရဲ့ဖန်တီးပေးပို့မှုကို ကိုဒီဂျာပို ကအပြင်းကန်သွင်းခဲ့တာကြောင့် ဟော်လန်အသင်းဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဟော်လန်အသင်းဟာနောက်ထပ် ဂိုးတွေထပ်ရဖို့ ကြိုးစားကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်းမကောင်းမွန်မှုတွေကြောင့် ဂိုးသွင်းခွင့်တွေလည်း လွဲချော်ခဲ့ရပါတယ်။

 

3

ကာတာအသင်းကလည် ဦးဆောင်ဂိုးပေးခဲ့ရပြီးတဲ့နောက် တန်ပြန်တိုက်စစ်တွေနဲ့အတူ ဟော်လန်ကိုဖိအားပေးကစားဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချီတစ်ချီမှာအခွင့်အရေးတွေရပေမယ့် ကာတာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်းညံ့ဖျင်းမှုကိုဘဲ အပြစ်တင်ရမှာဖြစ်ပါတယ်။ ပထမပိုင်း ကတော့ ကိုဒီဂျာပိုရဲ့ တစ်လုံးတည်သောဂိုးနဲ့ ဟော်လန်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ဒုတိယပိုင်းစတာနဲ့ ဟော်လန်အသင်းက ဖိအားပေးကစားခဲ့သလို ကာတာအသင်းကလည်း တန်ပြန်တိုက် စစ်ဆင်ကာ ကစားခဲ့ပါတယ်။ ပွဲချိန် ၄၈ မိနစ်မှာ ဒီပေးရဲ့ကန်ချက်ကြောင့် ဂိုးပေါက်ဝကနေ ဂိုးသမားနဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဒီဂျောင်က အပိုင်ပိတ်သွင်းယူပေးခဲ့တာကြောင့် ဟော်လန်အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုးရရှိသွားခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ ဟော်လန်အသင်းဟာ တတိယမြောက်ဂိုးကို ရရှိခဲ့ပေမယ့် VAR ကိုကြည့်ပြီး ဂိုးမဖြစ်မပေးခဲ့ပါဘူူး။ ဟော်လန်အသင်းဟာ ဂိုးထပ်မံရဖို့အတွက် တစ်ချိန်လုံးကြိုးစားခဲ့ပေမယ့် ဒုတိပိုင်းပွဲပြီးတဲ့အထိ ဂိုးထပ်မံမရရှိခဲ့တာကြောင့် ပွဲအပြီးမှာတော့ ဟော်လန်အသင်းက အိမ်ရှင်ကာတာကို ၂-၀ ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

4

Zawgyi
ေဟာ္လန္ ၂-၀ ကာတာ

 

6

 

7

ေဟာ္လန္နဲ႔ကာတာပြဲကေတာ့ အသင္းႀကီးနဲ႔ အသင္းေသးဆိုတဲ့အတိုင္း ေျခစြမ္းကေတာ့အနည္း ငယ္ကြာျခားမႈရွိခဲ့ၿပီး ေဟာ္လန္က အိမ္ရွင္ကာတာကို(၂-ဝ) နဲ႔အႏိုင္ကစားခဲ့ပါတယ္။
ဒီေန႔ပြဲစဥ္မွာေတာ့ ေဟာလန္ဟာ ၃-၄-၁-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ့ၿပီး တိုက္စစ္ပိုင္းမွာေတာ့ ကိုဒီဂ်ာပို၊ဒီေပးနဲ႔ သူ႔တို႔ရဲ႕ေနာက္မွာေတာ့ ကလာဆန္ကိုထားရွိပါတယ္။ ကြင္းလယ္မွာ ေတာ့ဒမ္ဖလိုင္း၊ဒီ႐ြန္၊ဒီေဂ်ာင္း၊ဘလိုင္းတို႔ကစားေစသလို ခံစစ္ပိုင္းမွာေတာ့ အာကီ၊ဗန္ဒိုက္၊တင္ဘာတို႔နဲ႔ ခင္က်င္းထားတာျဖစ္ပါတယ္။
ကာတာကေတာ့ ၅-၃-၂ ကစားကြက္နဲ႔ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာေတာ့ အာကာရန္၊ အယ္မိုအယ္လီရွိေနၿပီး ကြင္းလယ္မွာေတာ့အဒူလာဇစ္၊မာဒီဘို၊ဟူဆန္အယ္ေဟးေဒါ့စ္နဲ႔ ျပင္ဆင္ထားပါတယ္။ ခံစစ္ပိုင္းမွာေတာ့ အာမန္၊ဟူဆန္၊ခိုဟီ၊မီဂြဲလ္၊အစ္ဆန္မဲလ္မိုဟာမတ္တို႔နဲ႔ခင္းက်င္းထားပါတယ္။
ပြဲစတာနဲ႔ ေဟာ္လန္အသင္းကေတာ့ ပြဲကိုစိုးမိုးကစားသြားခဲ့ပါတယ္။ ေဟာ္လန္အသင္းဟာ ပထမပိုင္း ၁၅ မိနစ္ အတြင္း ဂိုးေပါက္ကန္သြင္းခြင့္ေတြရရွိခဲ့ေပမယ့္ အဆုံးသတ္ပိုင္းညံ့ဖ်င္းတာေၾကာင့္ ဂိုးမရရွိခဲ့ပါဘူး။ ဒါေပမယ့္ ေဟာ္လန္ကသာတစ္ခ်ိန္လုံးဖိေနခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ ကလာဆန္ရဲ႕ဖန္တီးေပးပို႔မႈကို ကိုဒီဂ်ာပို ကအျပင္းကန္သြင္းခဲ့တာေၾကာင့္ ေဟာ္လန္အသင္းဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။ ေဟာ္လန္အသင္းဟာေနာက္ထပ္ ဂိုးေတြထပ္ရဖို႔ ႀကိဳးစားကစားခဲ့ေပမယ့္ အဆုံးသတ္ပိုင္းမေကာင္းမြန္မႈေတြေၾကာင့္ ဂိုးသြင္းခြင့္ေတြလည္း လြဲေခ်ာ္ခဲ့ရပါတယ္။
ကာတာအသင္းကလည္ ဦးေဆာင္ဂိုးေပးခဲ့ရၿပီးတဲ့ေနာက္ တန္ျပန္တိုက္စစ္ေတြနဲ႔အတူ ေဟာ္လန္ကိုဖိအားေပးကစားဖို႔ ႀကိဳးစားခဲ့ပါတယ္။ တစ္ခ်ီတစ္ခ်ီမွာအခြင့္အေရးေတြရေပမယ့္ ကာတာ အသင္းရဲ႕ တိုက္စစ္ကစားသမားေတြရဲ႕ အဆုံးသတ္ပိုင္းညံ့ဖ်င္းမႈကိုဘဲ အျပစ္တင္ရမွာျဖစ္ပါတယ္။ ပထမပိုင္း ကေတာ့ ကိုဒီဂ်ာပိုရဲ႕ တစ္လုံးတည္ေသာဂိုးနဲ႔ ေဟာ္လန္အသင္းက ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိထားပါတယ္။
ဒုတိယပိုင္းစတာနဲ႔ ေဟာ္လန္အသင္းက ဖိအားေပးကစားခဲ့သလို ကာတာအသင္းကလည္း တန္ျပန္တိုက္ စစ္ဆင္ကာ ကစားခဲ့ပါတယ္။ ပြဲခ်ိန္ ၄၈ မိနစ္မွာ ဒီေပးရဲ႕ကန္ခ်က္ေၾကာင့္ ဂိုးေပါက္ဝကေန ဂိုးသမားနဲ႔ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဒီေဂ်ာင္က အပိုင္ပိတ္သြင္းယူေပးခဲ့တာေၾကာင့္ ေဟာ္လန္အသင္းဟာ ဦးေဆာင္ဂိုး ၂ ဂိုးရရွိသြားခဲ့ပါတယ္။ ပြဲခ်ိန္ ၆၈ မိနစ္မွာ ေဟာ္လန္အသင္းဟာ တတိယေျမာက္ဂိုးကို ရရွိခဲ့ေပမယ့္ VAR ကိုၾကည့္ၿပီး ဂိုးမျဖစ္မေပးခဲ့ပါဘူူး။ ေဟာ္လန္အသင္းဟာ ဂိုးထပ္မံရဖို႔အတြက္ တစ္ခ်ိန္လုံးႀကိဳးစားခဲ့ေပမယ့္ ဒုတိပိုင္းပြဲၿပီးတဲ့အထိ ဂိုးထပ္မံမရရွိခဲ့တာေၾကာင့္ ပြဲအၿပီးမွာေတာ့ ေဟာ္လန္အသင္းက အိမ္ရွင္ကာတာကို ၂-၀ ဂိုးနဲ႔အႏိုင္ရရွိသြားခဲ့ပါတယ္။

 



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!