[UNICODE] ဘရာဇီးရဲ့ အကြီးမားဆုံး ယိုကွက်
ဆွစ်ဇာလန်နဲ့ပွဲမှာ ဘရာဇီးအသင်းရဲ့ အကြီးမားဆုံးယိုကွက်တစ်ခုကို တွေ့မြင်ခဲ့ရပါတယ်။ဒါကတော့အဓိက တိုက်စစ်မှူးနေမာမပါတာပဲ။ နေမာမပါတဲ့ ဘရာဇီးတိုက်စစ်ပိုင်းဟာ သိသိသာသာ အားနည်းခဲ့ပြီး ကွင်းလယ် ဖန်တီးမှုပိုင်းတွေလည်း လိုအပ်ချက်ရှိခဲ့ပါတယ်။ ဘရာဇီးအနေနဲ့ ရှေ့လာမယ့်အဆင့်မှာ နေမာမပါဘဲ နှစ်ပါးသွားဖို့က ခေါင်းခဲစရာပါပဲ။
ရိုဒရီဂိုက Super-Sub လား
ဒီနှစ်ပိုင်းအတွင်း စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ရိုဒရီဂိုဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ဒုတိယပိုင်းပွဲစစချင်းမှာပဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ရိုဒရီဂို လူစားဝင်လာပြီးနောက် ဘရာဇီးတိုက်စစ်လုပ်အားနှုန်းကကောင်းမွန်လာခဲ့ပြီး သွက်လာခဲ့ပါတယ်။ ပြီးခဲတဲ့ရာသီ ရီးရဲတု့ိ ချန်ပီယံလိဂ်ဖလား ရရှိရာမှာလည်း ရိုဒရီဂိုက လူစားဝင်ကစားပြီး ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။
ကာတာစင်မြင့်ထက်က ဂန္ထဝင်တွေ
ဘရာဇီးနဲ့ ဆွစ်ဇာလန်တို့ပွဲမှာ နောက်ထပ်ထူးခြားချက်က ပွဲကြည့်စင်ပေါ်မှာ တစ်ချိန်က ဘရာဇီးဂန္ထဝင် ကစားသမားတွေ လာရောက်ကြည့်ရှုှခဲ့တာပါပဲ။ ကာဖူး၊ ကားလို့စ်၊ ရော်နယ်ဒိုတို့လို ကစားသမားကြီးတွေဟာ ဒီပွဲကို လာရောက်ကြည့်ရှုခဲ့ပါတယ်။
ခံစစ်ပိုင်း မာကျောတဲ့ ဆွစ်ဇာလန်
ဘရာဇီးကို အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲစဉ်မှာ ဆွစ်ဇာလန်ရဲ့ခံစစ်ပိုင်း မာကျောမှုကတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ သရေတစ်မှတ်ကို ဦးတည်လာတဲံ ဆွစ်ဇာလန်ဟာ ခံစစ်ကြောင်းကို မာမာထန်ထန် ပိတ်ဆို့ခဲ့ပါတယ်။ ဘရာဇီးရဲ့နာမည်ကျော ်တိုက်စစ်အနေနဲ့ ဆွစ်ဇာလန်ကို ထိုးဖောက်ဖို့ အခက်တွေ့ခဲ့ရပြီး မိနစ် ၈၀ ကျော်အထိ ်အချိန်ယူခဲ့ရပါတယ်။ ရိုဒရီဂွတ်ဇ်၊ ဂျာကာတို့ဟာ ဆွစ်ခံစစ်မှာ အကောင်းဆုံးပုံစံပြသခဲ့သလိုး ဂိုးသမား ဆွန်မာကလည်း လက်စွမ်းပြခဲ့ပါတယ်။
စစ်မှန်တဲံ ကက်စမဲရိုးရဲ့စွမ်းဆောင်ရည်
မန်ယူအသင်းမှာ အနည်းငယ် မှေးမှိန်ခဲ့ရတဲ့ ကက်စမဲရိုးရဲ့ စွမ်းဆောင်ရည်ကို ဆွစ်ဇာလန်နဲ့ပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။ ကက်စမဲရိုးဟာ ဒီပွဲမှာ အတောက်ပဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပြီးကွင်းလယ်ပိုင်း ထိန်းချုပ်မှုလည်း အားကောင်းခဲ့ပါတယ်။ ဒါ့အပြင် ဆွစ်ဇာလန်နဲ့ပွဲမှာ ဘရာဇီးအတွက် အနိုင်ဂိုးကိုလည်း လှလှပပ သွင်းယူပေးခဲ့ပါတယ်။
[ZAWGYI] ဘရာဇီးရဲ႕ အႀကီးမားဆံဳး ယိုကြက္
ဆြစ္ဇာလန္နဲ႔ပြဲမွာ ဘရာဇီးအသင္းရဲ႕ အႀကီးမားဆံုးယိုကြက္တစ္ခုကို ေတြ႕ျမင္ခဲ့ရပါတယ္။ဒါကေတာ့အဓိက တုိက္စစ္မွဴးေနမာမပါတာပဲ။ ေနမာမပါတဲ့ ဘရာဇီးတုိက္စစ္ပိုင္းဟာ သိသိသာသာ အားနည္းခဲ့ၿပီး ကြငး္လယ္ ဖန္တီးမႈပိုင္းေတြလည္း လိုအပ္ခ်က္ရွိခဲ့ပါတယ္။ ဘရာဇီးအေနနဲ႔ ေရွ႕လာမယ့္အဆင့္မွာ ေနမာမပါဘဲ နွစ္ပါးသြားဖို႔က ေခါင္းခဲစရာပါပဲ။
ရိုဒရီဂိုက Super-Sub လား
ဒီႏွစ္ပိုင္းအတြင္း စြမး္ေဆာင္ရည္ေကာင္းေတြျပသေနတဲ့ ရိုဒရီဂိုဟာ ဆြစ္ဇာလန္နဲ႔ပြဲမွာ ဒုတိယပိုင္းပြဲစစခ်င္းမွာပဲ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။ ရိုဒရီဂို လူစား၀င္လာၿပီးေနာက္ ဘရာဇီးတိုက္စစ္လုပ္အားႏႈန္းကေကာင္းမြန္လာခဲ့ၿပီး သြက္လာခဲ့ပါတယ္။ ၿပီးခဲတ့ဲ့ရာသီ ရီးရဲတု႔ိ ခ်န္ပီယံလိဂ္ဖလား ရရွိရာမွာလည္း ရိုဒရီဂိုက လူစား၀င္ကစားၿပီး ေျခစြမ္းျပခဲ့တာ ျဖစ္ပါတယ္။
ကာတာစင္ျမင့္ထက္က ဂႏၳ၀င္ေတြ
ဘရာဇီးန႔ဲ ဆြစ္ဇာလန္တုိ႔ပြဲမွာ ေနာက္ထပ္ထူးျခားခ်က္က ပြဲၾကည့္စင္ေပၚမွာ တစ္ခ်ိန္က ဘရာဇီးဂႏၳ၀င္ ကစားသမားေတြ လာေရာက္ၾကည့္ရႈွခဲ့တာပါပဲ။ ကာဖူး၊ ကားလို႔စ္၊ ေရာ္နယ္ဒိုတုိ႔လို ကစားသမားႀကီးေတြဟာ ဒီပြဲကို လာေရာက္ၾကည့့္ရႈခဲ့ပါတယ္။
ခံစစ္ပိုင္း မာေက်ာတဲ့ ဆြစ္ဇာလန္
ဘရာဇီးကို အေရးနိမ့္ခဲ့ေပမယ့္ ဒီပြဲစဥ္မွာ ဆြစ္ဇာလန္ရဲ႕ခံစစ္ပိုငး္ မာေက်ာမႈကေတာ့ အသိအမွတ္ျပဳရမွာ ျဖစ္ပါတယ္။ သေရတစ္မွတ္ကို ဦးတည္လာတဲံ ဆြစ္ဇာလန္ဟာ ခံစစ္ေၾကာင္းကို မာမာထန္ထန္ ပိတ္ဆို႔ခဲ့ပါတယ္။ ဘရာဇီးရဲ႕နာမည္ေက်ာ ္တုိက္စစ္အေနနဲ႔ ဆြစ္ဇာလန္ကို ထုိးေဖာက္ဖုိ႔ အခက္ေတြ႕ခဲ့ရၿပီး မိနစ္ ၈၀ ေက်ာ္အထိ ္အခ်ိန္ယူခဲ့ရပါတယ္။ ရိုဒရီဂြတ္ဇ္၊ ဂ်ာကာတုိ႔ဟာ ဆြစ္ခံစစ္မွာ အေကာင္းဆံုးပံဳစံျပသခဲ့သလိုး ဂိုးသမား ဆြန္မာကလည္း လက္စြမ္းျပခဲ့ပါတယ္။
စစ္မွန္တဲံ ကက္စမဲရိုးရဲ႕စြမ္းေဆာင္ရည္
မန္ယူအသင္းမွာ အနညး္ငယ္ ေမွးမွိန္ခဲ့ရတဲ့ ကက္စမဲရိုးရဲ႕ စြမ္းေဆာင္ရည္ကို ဆြစ္ဇာလန္နဲ႔ပြဲမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ ကက္စမဲရိုးဟာ ဒီပြဲမွာ အေတာက္ပဆံုးစြမး္ေဆာင္ရည္ကို ျပသခဲ့ၿပီးကြင္းလယ္ပိုင္း ထိန္းခ်ဳပ္မႈလည္း အားေကာင္းခဲ့ပါတယ္။ ဒါ့အျပင္ ဆြစ္ဇာလန္နဲ႔ပြဲမွာ ဘရာဇီးအတြက္ အနုိင္ဂိုးကိုလည္း လွလွပပ သြင္းယူေပးခဲ့ပါတယ္။