သရဲနီတပ်သားရဲ့ ရင်သပ်ရှုမောဖွယ်သွင်းဂိုးနဲ့ ဘတ်စ်ကားပိတ်နေတဲ့ ဆွစ်တွေကို ဖြိုခွင်းလိုက်တဲ့ ဘရာဇီး (ဘရာဇီး ၁-၀ ဆွစ်ဇာလန် ပွဲပြီးသုံးသပ်ချက်)

[UNICODE] ဘရာဇီး ၁-၀ ဆွစ်ဇာလန်

001ce6e8-1600

ဘရာဇီးကတော့အဓိကတိုက်စစ်ကစားသမားနေမာ မပါတဲ့ပွဲမှာ တိုက်စစ်ပိုင်းအားနည်းချက်တွေနဲ့အတူ နိုင်ပွဲရဖို့ တော်တော်လေး ရုန်းကန်လိုက်ရပါတယ်။ ဒီပွဲမှာ ဘရာဇီးဟာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီးတိုက်စစ်မှာ ဗင်နီဆီးယက်စ်၊ ရီချာလီဆန်၊ ရာဖင်ဟာတို့ကို အသုံးပြုခဲ့ပါတယ်။

1200x-1

ကွင်းလယ်မှာ ပါကွယ်တာ၊ ကက်စမဲရိုး၊ ဖရက်ဒ်တို့ကို ခင်းကျင်းခဲ့ပြီး နောက်တန်းမှာ ဆန်ဒရို၊ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟို့စ်၊ မီလီတာယိုတို့ကို အသုံးပြုခဲ့ပါတယ်။ ဆွစ်ဇာလန်ကလည်း ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး အမ်ဘိုလို၊ ဗာဂတ်စ်၊ ဆွာ၊ ဂျာကာ၊ ဖရူဆာတို့စုဖွဲ့မှုနဲ့ ဘရာဇီးကို အကောင်းဆုံးတုံ့ပြန်ခဲ့ပါတယ်။

3000

ဒီပွဲမှာ ဆွစ်ဇာလန်က သရေတစ်မှတ် ရရှိရေးကိုပဲ ဦးတည်းခဲ့ပြီး ခံစစ်မှာပဲ တစ်သင်းလုံးပိတ်ဆို့ကစားနေခဲ့ပါတယ်။ နေမာမပါတဲ့ ဘရာဇီးတိုက်စစ်က ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး ဒီပွဲမှာ အသက်မဲ့နေခဲ့ပါတယ်။ အထူးသဖြင့် ဗင်နီရဲ့ ဘရာဇီး ဘယ်တောင်ပံတိုက်စစ်က အားနည်းခဲ့ပြီး ရီချာလီဆန်၊ ရာဖင်ဟာတို့နဲ့ အချိတ်အဆက်မမိခဲ့ပါဘူး။

6384d44fae880

ပွဲအစ ၂၆ မိနစ်မှာ ဗင်နီဆီးယက်စ် လွတ်လွတ်ကျွတ်ကျွတ် အပိုင်ပိတ်သွင်းခွင့်တစ်ကြိမ်ရခဲ့ပေမယ့် အဆုံးသတ်အားနည်းခဲ့လို့ နစ်နာခဲ့ရပါတယ်ါ။ ဘရာဇီးကပဲ ကွင်းလယ်လွှမ်းမိုးမှုအသာနဲ့ ပွဲကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်ကတော့ ဒီပွဲမှာ ခံစစ်ဇုန်ထဲမှာသာ အချိန်ကုန်နေခဲ့ပြီး ဘရာဇီးခံစစ်ကို မယ်မယ်ရရ ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

63850a82595f2-image

ဒုတိယပိုင်းမှာလည်း ဘရာဇီးတို့ကပဲ ပွဲကိုစိုးမိုးထားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆွစ်ဇာလန်နောက်တန်းက ဒီပွဲမှာ တော်တော်လေး မာကျောနေလို့ ဘရာဇီးတိုက်စစ် အခက်တွေ့နေခဲ့ရပါတယ်။ ၆၄ မိနစ်မှာ ဆွစ်ဇာလန်နောက်ခံလူတွေကို လှလှပပ‌ေ ကျာ်ြဖတ်ပြီး ဗင်နီ အဆုံးသတ်သေချာစွာ ဂိုးတစ်ဂိုးသွင်းခဲ့သေးပေမယ့် လူကျွံ့နေခဲ့လို့ နစ်နာခဲ့ရပါတယ်။

Casemiro-scores-winner-for-Brazil

အဲဒီနောက် ဘရာဇီးတို့ဟာ ဂျေဇူး၊ အန်တိုနီတို့ကို ထည့်သွင်းပြီး ကစားကွက်ပိုင်း အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ သူတို့ဝင်လာပြီးနောက် ဘရာဇီးတိုက်စစ် ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး မြိုင်ဆိုင်လာခဲ့တဲ့ အနေအထားကို တွေ့ရပါတယ်။ ဆက်တိုက်ဆိုသလို ဖိအားပေး တိုက်စစ်ဆင်ကစားနေတဲ့ ဘရာဇီးတို့ ၈၃ မိနစ်မှာတော့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပြီး ကွင်းလယ်လူ ကက်စမဲရိုးက အပြင်းကန်ချက်နဲ့ လှလှပပ ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!