စစ်သည်လေးသိန်းဖာနန်ဒက်စ်ရဲ့ ကြောက်ခမန်းခြေစွမ်းတွေနဲ့ ချန်ပီယံခြေစွမ်းပြခဲ့တဲ့ ပေါ်တူုဂီ (ပေါ်တူဂီ ၂-၀ ဥရုဂွေး ပွဲပြီးသုံးသပ်ချက်)
[ေUNICODE] ပါ်တူဂီ ၂-၀ ဥရုဂွေး
1669669360334
ပေါ်တူဂီကတော့ တည်ငြိမ်တဲ့ခြေစွမ်းကောင်းတွေနဲ့အတူ ဥရုဂွေးကို အလဲထိုးပြီး ၂ ပွဲဆက် နိုင်ပွဲယူကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။ ပေါ်တူဂီဟာ ဒီပွဲမှာ ၄-၁-၂-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဖီလစ်၊ စီရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ကို တွဲပေးခဲ့ပါတယ်။
c62jc88g-portugal-afp-625x300-29-November-22
ကွင်းလယ်မှာ ကာဗယ်လ်ဟို၊ နီဗက်စ်၊ ဆေးလ်ဗားတို့ကို အသုံးပြုပြီး နောက်တန်းမှာ မန်ဒက်စ်၊ ဒီရက်စ်၊ ပီပီ၊ ကန်ဆယ်လိုတို့ကို ကစားစေခဲ့တာပါ။ ဥရုဂွေးက ၃-၅-၂ ကစားကွက်ကို ခင်းကျင်းခဲ့ကာ ကာဗာနီ၊ နူနက်ဇ်၊ ဘန်တန်ကာ၊ ဗယ်လ်ဗာဒီ၊ အိုလီဗီရာတို့ စုဖွဲ့မှှုနဲ့ပဲ ပေါ်တူဂီကို ရင်ဆိုင်ခဲ့တာပါ။
Cx1-WVl-Ep2l4i-I1sh0-UGWZWPE7xe-VLokaf-PWj0-QWJ
ဒီပွဲမှာ ဥရုဂွေးဟာ အတင်းဝင်၊ အတင်းဖျက်ပုံစံမျိုးနဲ့ ပေါ်တူဂီကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ ပေါ်တူဂီတို့ ကစားရ အနည်းငယ် ခက်နေခဲ့ပြီး တိုက်စစ်လမ်းကြောင်းတွေ မတည်မိခဲ့ပါဘူး။ ပေါ်တူဂီဘက်မှာ ကန်ဆယ်လိုနဲ့ နီဗက်စ်တို့ရဲ့ ညာခြမ်းက အားပျော့နေခဲ့တာ တွေ့ရပါတယ်။
Getty-Images-1245185339
ဥရုဂွေးကတော့ တန်ပြန်တိုက်စစ်တွေကနေ ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အဆုံးသ်တပိုင်း အားနည်းလွန်းခဲ့တာ တွေ့ရပါတယ်။ ပွဲအစပိုင်းမှာ စီရော်နယ်ဒို လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
mfile-1677594-1-L-20221129050946
၃၂ မိနစ်မှာလည်း ဥရုဂွေးဘက်က ဘန်တန်ကာ ပေါ်တူဂီနောက်ခံလူတွေကို လှလှပပ ကျော်ဖြတ်ပြီး အပိုင်အခွင့်အရေးရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပေါ်တူဂီက ပွဲကိုပိုမိုစိုးမိုးလာခဲ့ပြီး အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။
Portugal-net-opener-vs-Uruguay
၅၄ မိနစ်မှာတော့ ပေါ်တူဂီတို့ လိုအပ်နေတဲံ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ပေးမှုကို စီရော်နယ်ဒိုက ခေါင်းတိုက်ပိတ်သွင်းယူခဲ့တာပါ။ ဒါပေမယ့် စီရော်နယ်ဒိုနဲ့ မထိခဲ့လို့ ဒီဂုးိကို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးအဖြစ်ပဲ သတ်မှတ်ပေးခဲ့ပါတယ။်
Untitled
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဥရုဂွေးတို့ ပြန်တိုက်စစ်ဆင်ခဲ့ပြီး ကာဗာနီ အခွင့်အရေးရပေမယ့် အသုံးမချနိုင်ခဲ့ပြန်ပါဘူး။ အဲဒီနောက် ပေါ်တူဂီက စီရော်နယ်ဒို၊ ဖီလစ်၊ နီဗက်စ်တို့ကိုထုတ်ပြီး လီယာအို၊ နူနက်ဇ်တို့ကို ထည့်ကာ ပွဲကို အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ပေါ်တူဂီတို့ကပဲ ပွဲကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ ရရှိတဲ့ ပင်နယ်တီကို ဖာနန်ဒက်စ်က အမှားအယွင် ပိတ်သွင်းယူခဲ့ပါတယ်။
[ေZAWGYI] ပၚတူဂီ ၂-၀ ဥရုဂွေး
1669669360334
Untitled
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!