စီရော်နယ်ဒိုရဲ့ စံချိန်သစ်နဲ့အတူ တိုက်စစ်ပိုင်း အစွမ်းပြပြီး ဂါနာကို အလဲထိုးလိုက်တဲ့ ပေါ်တူဂီ (ပေါ်တူဂီ ၃-၂ ဂါနာ ပွဲပြီးသုံးသပ်ချက်)

[ေUNICODE] ပါ်တူဂီ ၃-၂ ဂါနာ

2511-POR-GHA-1669313939

ပေါ်တူဂီကတော့ စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့ ပွဲတစ်ပွဲကို ဖန်တီးပေးခဲ့ပြီး အပြန်အလှန်ဂိုးတွေနဲ့ ဂါနာကို ပွတ်ကာသီကာ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီဟာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ စီရော်နယ်ဒို၊ ဖီလစ်၊ ဖာနန်ဒက်စ်တို့ကို တွဲပေးခဲ့ပါတယ်။

21756243-1024x683

ကွင်းလယ်မှာ အိုတာဗီယို၊ နီဗက်စ်၊ ဆေးလ်ဗားတို့ကို အသုံးပြုခဲ့ပြီးနောက်တန်းမှာ ဂွါရဲရိုး၊ ပါရဲရား၊ ဒီရက်စ်၊ ကန်ဆယ်လိုတို့ကို ကစားစေခဲ့တာပါ။ ဂါနာကလည်း ၅-၃-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး ပါတေး၊ အာရူး၊ ဝီလီယံတို့ကို အမာခံထားကာ အတောင့်တင်းဆံးလူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့တာပါ။

ef899aa-5828757-01-06

ပွဲအစပိုင်းမိနစ်တွေမှာပေါ်တူဂီတို့ကပဲ ပွဲကို စိုးမိုးထားပြီး ဖိအားပေးတိုက်စစ်ဆင်နေခဲ့ပါတယ်။ ဂါနာကတော့ ခံစစ်ဇုန်မှာပဲ တစ်သင်းလုံးပိတ်ဆို့ထားပြီး ပေါ်တူဂီရဲ့ တိုက်စစ်ကို ဟန့်တားခဲ့ပါတယ်။ ပထမပိုင်းမှာ ပေါ်တူဂီတို့ရဲ့ တိုက်စစ်ပိုင်း အချိတ်အဆက်အားနည်းခဲ့ပြီး လုပ်ရကိုင်ရကြပ်နေခဲ့ပါတယ်။

FV272-VA5-YFBHDCMEYZQJGAANE4

ဂါနာကတော့ ပထမပိုင်းမှာ ခံစစ်သပ်သပ်ကစားခဲ့ပြီးဂိုးပေါက်ခြိမ်းခြောက်မှုတောင် ပြုလု်ပနိုင်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းမှာကတည်းက ပေါ်တူဂီတို့ အခွင့်အရေးတွေရခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှတြင် စီရော်နယိဒို အပိုင်အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲံပါတယ်။

Ghana-join-Senegal-Cameroon-lose-opening-match-3-2-to-Portugal

အဲဒီနောက် ၃၁ မိနစ်မှာ စီရော်နယ်ဒို ဂိုးသွင်းခဲ့ပေမယ့် လူကျွံ့နေခဲ့ပြီးဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ။် ဒုတိယပိုင်းမှာလည်း ပေါ်တူဂီကသာ ဖိအားပေး တိုက်စစ်ဆင်မှုတွေ ပြုလုပ်ရင်း ပွဲကို လွှမ်းမိုးထားခဲ့ပါတယ်။ ၆၅ မိနစ်မှာ ပေါ်တူဂီတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး စီရော်နယ်ဒိုက ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့တာပါ။

ronaldo-goal-portugal-ghana

အဲဒီနောက် ဂါနာတို့ တိုက်စစ်ပြန်ဆင်ခဲ့ရာ ၇၃ မိနစ်မှာ အာရူးက ချေပဂိုးသွင်းခဲ့ပေမယ့် ချက်ချင်းဆိုသလို ဖီလစ်က ပေါ်တူဂီအတွက် ဦးဆောင်ဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ပွဲက အကြိတ်အနယ်ရှိသွားခဲ့ပြီး မိနစ် ၈၀ မှာ လီယာအိုက ပေါ်တူဂီအတွက် အနိုင်သေချာစေမယ့်ဂိုးသွင်းယူပေးခဲ့ကာ ၈၉ မိနစ်မှာ ဘူကာရီက ဂါနာအတွက် နှစ်သိမ့်ချေပဂိုး တစ်ဂိုးပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ ပေါ်တူဂီတို့ ၃-၂ ဂိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းတဲ့ စီရော်နယ်ဒိုကလည်း ကမ္ဘာ့ဖလား ၅ ကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

[ေZAWGYI] ပၚတူဂီ ၃-၂ ဂါနာ

2511-POR-GHA-1669313939

ေပၚတူဂီကေတာ့ စိတ္လႈပ္ရွားဖြယ္ရာေကာင္းတဲ့ ပြဲတစ္ပြဲကို ဖန္တီးေပးခဲ့ၿပီး အျပန္အလွန္ဂိုးေတြနဲ႔ ဂါနာကို ပြတ္ကာသီကာ အနိုင္ရရွိခဲ့ပါတယ္။ ဒီပြဲမွာ ေပၚတူဂီဟာ ၄-၃-၃ ကစားကြက္ကို ခင္းက်င္းခဲ့ၿပီး တုိက္စစ္မွာ စီေရာ္နယ္ဒို၊ ဖီလစ္၊ ဖာနန္ဒက္စ္တုိ႔ကို တြဲေပးခဲ့ပါတယ္။

21756243-1024x683

ကြင္းလယ္မွာ အိုတာဗီယို၊ နီဗက္စ္၊ ေဆးလ္ဗားတို႔ကို အသံုးျပဳခဲ့ၿပီးေနာက္တနး္မွာ ဂြါရဲရိုး၊ ပါရဲရား၊ ဒီရက္စ္၊ ကန္ဆယ္လိုတို႔ကို ကစားေစခဲ့တာပါ။ ဂါနာကလည္း ၅-၃-၂ ကစားကြက္ကို အသံဳးျပဳခဲ့ၿပီး ပါေတး၊ အာရူး၊ ၀ီလီယံတို႔ကို အမာခံထားကာ အေတာင့္တင္းဆံးလူစာရင္းနဲ႔ပဲ ပြဲထြက္လာခဲ့တာပါ။

ef899aa-5828757-01-06

ပြဲအစပိုင္းမိနစ္ေတြမွာေပၚတူဂီတုိ႔ကပဲ ပြဲကို စိုးမိုးထားၿပီး ဖိအားေပးတိုက္စစ္ဆင္ေနခဲ့ပါတယ္။ ဂါနာကေတာ့ ခံစစ္ဇုန္မွာပဲ တစ္သင္းလံုးပိတ္ဆုိ႔ထားၿပီး ေပၚတူဂီရဲ႕ တုိက္စစ္ကို ဟန္႔တားခဲ့ပါတယ္။ ပထမပုိင္းမွာ ေပၚတူဂီတုိ႔ရဲ႕ တုိက္စစ္ပိုင္း အခ်ိတ္အဆက္အားနည္းခဲ့ၿပီး လုပ္ရကိုင္ရၾကပ္ေနခဲ့ပါတယ္။

FV272-VA5-YFBHDCMEYZQJGAANE4

ဂါနာကေတာ့ ပထမပိုင္းမွာ ခံစစ္သပ္သပ္ကစားခဲ့ၿပီးဂိုးေပါက္ၿခိမ္းေျခာက္မႈေတာင္ ျပဳလု္ပနုိင္ျခင္း မရွိခဲ့ပါဘူး။ ပထမပိုင္းမွာကတည္းက ေပၚတူဂီတုိ႔ အခြင့္အေရးေတြရခဲ့ၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွၾတင္ စီေရာ္နယ္ိဒို အပိုင္အခြင့္အေရးရခဲ့ေပမယ့္ လြဲခေ်ာ္ခဲံပါတယ္။

Ghana-join-Senegal-Cameroon-lose-opening-match-3-2-to-Portugal

အဲဒီေနာက္ ၃၁ မိနစ္မွာ စီေရာ္နယ္ဒို ဂိုးသြင္းခဲ့ေပမယ့္ လူကၽြံ႕ေနခဲ့ၿပီးဂိုးမရွိသေရနဲ႔သာ ၿပီးဆံုးခဲ့ပါတယ။္ ဒုတိယပိုင္းမွာလည္း ေပၚတူဂီကသာ ဖိအားေပး တုိက္စစ္ဆင္မႈေတြ ျပဳလုပ္ရင္း ပြဲကို လႊမ္းမုိးထားခဲ့ပါတယ္။ ၆၅ မိနစ္မွာ ေပၚတူဂီတုိ႔ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ၿပီး စီေရာ္နယ္ဒိုက ပင္နယ္တီကေနတစ္ဆင့္ သြင္းယူေပးခဲ့တာပါ။

ronaldo-goal-portugal-ghana

အဲဒီေနာက္ ဂါနာတို႔ တုိက္စစ္ျပန္ဆင္ခဲ့ရာ ၇၃ မိနစ္မွာ အာရူးက ေခ်ပဂိုးသြင္းခဲ့ေပမယ့္ ခ်က္ခ်င္းဆုိသလို ဖီလစ္က ေပၚတူဂီအတြက္ ဦးေဆာင္ဂိုး ျပန္သြင္းေပးခဲ့ပါတယ္။ ပြဲက အႀကိတ္အနယ္ရွိသြားခဲ့ၿပီး မိနစ္ ၈၀ မွာ လီယာအိုက ေပၚတူဂီအတြက္ အနုိင္ေသခ်ာေစမယ့္ဂိုးသြင္းယူေပးခဲ့ကာ ၈၉ မိနစ္မွာ ဘူကာရီက ဂါနာအတြက္ နွစ္သိမ့္ေခ်ပဂိုး တစ္ဂိုးျပန္သြင္းခဲ့လို႔ ပြဲအၿပီးမွာ ေပၚတူဂီတုိ႔ ၃-၂ ဂိုးနဲ႔ ေအာင္ပြဲခံခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!