အာရှသွေး ရဲရဲတောက်ခဲ့ပြီး ဥရုဂွေးဆီက သရေတစ်မှတ် ခွဲယူနိုင်ခဲ့တဲ့ တောင်ကိုရီးယား (ဥရုဂွေး ဝ-၀ တောင်ကိုရီးယားပွဲပြီးသုံးသပ်ချက်)
[UNICODE] ဥရုဂွေး ဝ-၀ တောင်ကိုရီးယား
56a6b428-1131-4869-9dad-92b2bfd43c6a
အာရှထိပ်သီးတောင်ကိုရီးယားကတော့ ဥရုဂွေးကို ခံစစ်ပိုင်းမာကျောမှုနဲ့သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဥရုဂွေးအနေနဲ့ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ နူနက်ဇ်၊ ဆွာရက်ဇ်၊ ပယ်လီထရီတို့ကို တွဲပေးခဲ့ပါတယ်။
60f8de2bab1d58c276df06a193daa583
ကွင်းလယ်မှာ ဘန်တန်ကာ၊ ဗယ်လ်ဗာဒီ၊ ဗီစီနိုတို့ကို အသုံးပြုခဲ့ပြီးနောက်တန်းမှာ ဂိုဒင်၊ ဂျီမီနက်ဇ်၊ အိုလီဗီရာ၊ ကာစီရက်စ်တို့ကို ကစားစေခဲ့တာပါ။ တောင်ကိုရီးယားကလည်း ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဆွန်ဟောင်မင်၊ ဟွမ်အူဂျိုတို့ ဦးဆောင်ကာ ဥရူုဂွေးကို ရင်ဆိုင်ခဲ့ပါတယ်။
2022-11-24-T143732-Z-1701114784-UP1-EIBO14-MIS1-RTRMADP-3-SOCCER-WORLDCUP-URY-KOR-REPORT
ပွဲအစပိုင်းကတည်းက နှစ်သင်းစလုံးအပြန်အလှန် ကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းတွေက ထိရောက်မှုှအားနည်းခဲ့ပါတယ်။ ဘန်တန်ကာ၊ ဗယ်လ်ဗာဒီတို့ ပါဝင်တဲ့ ဥရုဂွေးကွင်းလယ်ပိုင်းက လွှမ်းမိုးမှုကောင်းခဲ့ပေမယ့် တိုက်စစ်မှာ ဆွာရ်ကဇ်၊ နူနက်ဇ်တို့ အချိအဆက်ပိုင်း အားနည်းခဲ့ပါတယ်။
download
တောင်ကိုရီးယားခံစစ်ကြောင်းက ဒီပွဲမှာ ပုံစံကောင်းပြခဲ့ပြီး ဥရုဂွေးရဲ့တိုက်စစ်လမ်းကြောင်းတွေကို အကောင်းဆုံး ဟန့်တားထားခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားတိုက်စစ်ပိုင်းကလည်း အားနည်းခဲ့ပါတယ်။ တောင်ကိုရီးယား ကစားသမားတွေဟာ ဘောလုံးရတာနဲ့ ဆွန်ဟောင်မင်ကိုပဲ ပေးဖို့ ချောင်းနေခဲ့ကြပါတယ်။
H4-EPCYUPPVDQIY7-Z6-AXBQEQ2-PA
ဆွန်ဟောင်မင်အနေနဲ့ တစ်ယောက်တည်း လုပ်ရကိုင်ရကြပ်ခဲ့ပြီး သူ့ရဲ့ အဝေးကန်ချက်တွေကလည်း ဒီပွဲမှာ ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။ အပြန်အလှန်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် နှစ်သင်းစလုံးရဲ့ အဆုံးသတ်ပိုင်းက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။
Untitled
ဒီပွဲမှာ ဥရုဂွေးဘက်မှာ ဗယ်လ်ဗာဒီကခြေစွမ်းကောင်းပြနိုင်ခဲ့ပြီး ရှေ့ရော၊ နောက်ရော အကောင်းဆုံး ကူညီနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးရဲ့ ကစားပုံက သိပ်အားရစရာမကောင်းခဲ့ဘဲ ပွဲက ပျင်းရိဖွယ် ကောင်းနေခဲ့ပါတယ်။ ပွဲအပြီးမှာ ဗယ်လ်ဗာဒီရဲ့အဝေးကန်ချက် ကောင်းမွန်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ဥရုဂွေးတို့ နစ်နာခဲ့ပြီး ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ။်
[ZAWGYI] ဥရုဂွေး ၀-၀ တောင်ကိုရီးယား
download
Untitled
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!