အမ်ဘိုလိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အဖွင့်ပွဲမှာ မျက်နှာပန်းလှခဲ့တဲ့ ဆွစ်ဇာလန် (ဆွစ်ဇာလန် ၁-၀ ကင်မရွန်း ပွဲပြီးသုံးသပ်ချက်)
[UNICODE] ဆွစ်ဇာလန် ၁-၀ ကင်မရွန်း
41-2022-638048894895247692-524
ဆွစ်ဇာလန်ကတော့ မပြတ်သားတဲ့ရလဒ်တစ်ခုနဲ့အတူ အဖွင့်ပွဲစဉ်မှာ အနိုင် ၃ မှတ်ရှာဖွေနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်ဟာ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာ အမ်ဘိုလို၊ ဗာဂတ်စ်၊ ဆွာ၊ ရှာကီရီတို့ကို တွဲပေးခဲ့ပါတယ်။
2022-11-24-T114642-Z-605649449-UP1-EIBO0-WPSD0-RTRMADP-3-SOCCER-WORLDCUP-SWI-CMR-REPORT
ကွင်းလယ်မှာ ဂျာကာနဲ့ ဖရူလာတို့ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာ ရိုဒရီဂွတ်ဇ်၊ အယ်ဗီဒီ၊ အကန်ဂျီ၊ ဝစ်မာတို့ကို ကစားစေခဲ့တာပါ။ ကင်မရွန်းကလည်း ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး မိုတင်း ဦးဆောင်ကာ အတောင့်တင်းဆုံးလူစာရင်းနဲ့ ဆွစ်ဇာလန်ကို ရင်ဆိုင်ခဲ့တာပါ။
2022-switzerlands-breel-embolo-celebrates-777935421
ပွဲအစပိုင်းမှာ ဆွစ်ဇာလန်က ဆက်တိုက် တိုက်စစ်ဆင်ကစားပြီး ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျာကာဦးဆောင်တဲ့ ဆွစ်ဇာလန် ကွင်းလယ်က လုပ်အားနှုန်းကောင်းခဲ့ပြီး အသာစီးကနေ ကစားနိုငခ်ခဲ့ပါတယ်။ ဒါပေမယ့် ကင်မရွန်းကလည်း ခံစစ်ကို မာမာထန်ထန် ပိတ်ကစားခဲ့ပြီး ဆွစ်ဇာလန်တိုက်စစ်အားနည်းခဲ့ပါတယ်။
Get-Paid-Stock-com-637f531db1811
ဆွစ်ဇာလန်တိုက်စစ်မှာ အမ်ဘိုလို၊ ဗားဂတ်စ်တို့အကြား အချိတ်အဆက်ပိုင်း အားနည်းခဲ့ပြီး သိပ်မထိရောက်ခဲ့ပါဘူး။ ပွဲချိန်အစောပိုငးမှာ ကင်မရွန်းတိုက်စစ်မှူး မိုတင် တန်ပြန်တိုက်စစ်ကနေ လွတ်လွတ်ကျွတ်ကျွတ်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
medium-2022-11-24-31456de73b
ဆွစ်ဇာလန်ဟာ ပွဲကိုလွှမ်းမိုးထားနိုင်ပေမယ့် အခွင့်အရေး ခြိမ်းခြောက်မှုအပိုင်းမှာတော့ အားနည်းခဲ့ပါတယ။် ပထမပိုင်းပြီးခါနီးမှာ ဆွစ်ဇာလန်တိုက်စစ် ကစားပုံ ပိုကောင်းလာခဲ့ပြီး အခွင့်အရေးတွေ ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် အသုံးမချနိုင်လို့ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။
switzerland-defeats-cameroon-1-0-in-world-cup-group-stage-800x450
ဒုတိယပိုင်းစစချင်းမှာတော့ ဆွစ်ဇာလန်တို့ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ခဲ့ပြီး ၄၈ မိနစ်မှာပဲ အမ်ဘိုလိုက ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် ဆွစ်ဇာလန်ရဲ့ ကစားပုံ ပိုမိုတည်ငြိမ်လာခဲ့ပြီး ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။
WCup-Switzerland-Cameroon-Soccer-170-1669288406011-1669288406011-1669288432016-1669288432016
ကင်မရွန်းကလည်း ပြန်လည်ဖိအားပေး ကစားပေမယ့် တိုက်စစ်ကစားပုံ လိုအပ်ချက်တွေ ရှိနေ်ခဲ့ပါတယ်။ ဆွစ်ဇာလန်တို့က အမြင့်ဘောတွေကို အားပြုကစားခဲ့ပြီး အခွင့်အရေးရခဲ့ပေမယ့်တ ိုက်စစ်မှာ ဗားဂတ်စ် ဖြုန်းနေခဲ့ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ဆာဖာနိုဗစ် တစ်ဦးချင်း အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဆွစ်ဇာလန်တို့ ၁-၀ ဂိုးနဲ့သာ အနိုင်ရရှိခဲ့ပါတယ်။
[ZAWGYI] ဆွစ်ဇာလန် ၁-၀ ကင်မရွန်း
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!