ဟုမ်းဟုမ်းတောက် စစ်မှန်တဲ့ ချန်ပီယံခြေစွမ်းပြပြီး သွေးဆာနေခဲ့တဲ့ စပိန်ကျွဲရိုင်း (စပိန် ၇-၀ ကော်စတာ ပွဲပြီးသုံးသပ်ချက်)

[UNICODE] စပိန် ၇-၀ ကော်စတာရီကာ

000-32-RG6-RB

စပိန်တို့ကတော့ စစ်မှန်တဲ့ ချန်ပီယံခြေစွမ်းကို ပြသခဲ့ပြီး လက်ရှိကစားခဲ့ပြီးတဲံပွဲတွေမှာလည်း အကောင်းဆုံးပုံစံကို တွေ့မြင်ခဲ့ရပါတယ်။ စပိန်ဟာ ၄-၃-၃ ကစားကွက်ကိုပဲ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာဖာရန်တောရက်စ်၊ အဆန်စီယို၊ အော်မိုတို့ကိုတွဲပေးခဲ့ပါတယ်။

1e008cd76ae5c3c796da613c74dd7eb5

ကွင်းလယ်မှာ ဂါဗီ၊ ဘက်စ်ကွက်စ်၊ ပတ်ဒရီတို့ကို အသုံးပြုခဲ့ပြီး နောက်တန်းမှာ အက်ပီကျူတာ၊ ရိုဒရီ၊ လာပေါ့တ်၊ အယ်လ်ဘာတို့ကို ကစားစေခဲ့တာပါ။ ကော်စတာရီကာကလည်း ၄-၄-၂ ကစားကွက်ကို အသုံးြးပုခဲ့ကာ ကမ်းဘဲလ် ဦးဆောင်ပွဲထွက်လာခဲ့ပါတယ်။

AP22327638418548

အသင်းနှစ်သင်းရဲ့ခြေစွမ်းပိုင်း၊ ကစားပုံ၊ အဆင့်အတန်းက တော်တော်လေး ကွာခြားလွန်းပြီး နောက်ပိုင်းနှစ်တွေမှာ စပိန်ရဲ့ အကောင်းဆုံး ပုံစံကို တွေ့မြင်ခဲ့ရတာပါ။ ကွင်းလယ်မှာပဲ ဘောလုံးကြီးကိုင်ထားပြီးဝေ့ဝှိုက်မနေဘူး။

football-afp-2-1165162-1669230447

ဂါဗီဖြစ်ဖြစ်၊ ပတ်ဒရီဖြစ်ဖြစ် တိုက်စစ်ဇုန်က ကစားသမားတွေနဲ့ အမြဲတမ်း အချိတ်အဆက်ရှိတယ်။ တောင်ပံနှစ်ဖက် ဖြန့်ကျက်ပြီး ကော်စတာရီကာ ခံစစ်ကို အချိန်တိုင်း အလုပ်ရှုပ်စေတာပါ။ တိုက်စစ်ပိုင်းမှာ အဓိက ချီးကျူးလိုတာက အဆန်စီယိုဖြစ်ပြီး တစ်သင်းလံးုအနေနဲ့ဆိုရင် အယ်လ်ဘာက အကောင်းဆုံးပါ။

SABC-News-Spain-Costa-R

အဆန်စီယာက ဒီပွဲမှာ False 9 ပုံစံမျိုး ကစားသွားခဲ့ပြီး မလိုအပ်ချိန်မှာ တောင်ပံတွေ၊ ကွင်းလယ်တွေနဲ့တွဲကာ ကော်စတာရီကာကစားသမားတွေ အငိုက်မိတဲ့ အချိန်မျိုးမှာ တိုက်စစ်မြားဦးမှာ နေရာယူပြီး အဆုံးသတ်တွေကလည်း သေချာခဲ့ပါတယ်။ အယ်လ်ဘာကလည်း သူ့အသက်အရွယ်နဲ့ မလိုက် အတက်၊ အဆင်းမှန်မှန် ကစားသွားတာများ မယုံနိုင်စရာပါ။

Untitled-design-2022-11-23-T122423-041

ကော်စတာရီကာဘက်က တစ်ပွဲလုံးလုံး တစ်ကြိမ်တောင် ကန်ခွင့်မရခဲ့တဲ့အထိ၊ စပိန်ဘက်က ဂိုးသမားမပါဘဲ ကန်ရင်တောင် အေးဆေးဖြစ်တဲ့အထိ ပွဲက တော်တော်လေး တစ်ဖတ်စောင်းနင်းနိုင်ခဲ့ပါတယ်။ ပွဲအစ ၁၁ မိနစ်မှာတင် စပိန် ဦးဆောင်ဂိုးရခဲ့ပြီး အော်မိုက သွင်းခဲ့တာပါ။ အဲဒီနောက် ၂၁ မိနစ်မှာ အဆန်စီယို၊ ၃၁ မိနစ်မှာ ပင်နယ်တီကနေ ဖာရန်တောရက်စ်က တတိယမြောက်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း စပိန်ကလည်း အပြတ်အသတ် စိတ်ကြိုက်စိုးမိုးခဲ့ြ့ပီး ၅၄ မိနစ်မှာ ဖာရန်တောရက်စ်၊ ၇၄ မိနစ်မှာ ဂါဗီ၊ မိနစ် ၉၀ မှာ ဆိုလာနဲ့ နာကျင်အချိန်ပို ၂ မိနစ်မှာ မိုရာတာတို့က နောက်ထပ်ဂိုးတွေ အသီးသီးသွင်းခဲ့ပြီး ပွဲအပြီးမှာ ၇ ဂိုးပြတ်အောင်ပွဲခံခဲ့ပါတယ်။

[ZAWGYI] စပိန္ ၇-၀ ေကာ္စတာရီကာ

000-32-RG6-RB

စပိိန္တုိ႔ကေတာ့ စစ္မွန္တဲ့ ခ်န္ပီယံေျခစြမ္းကို ျပသခဲ့ၿပီး လက္ရွိကစားခဲ့ၿပီးတဲံပြဲေတြမွာလည္း အေကာင္းဆံုးပံုစံကို ေတြ႕ျမင္ခဲ့ရပါတယ္။ စပိန္ဟာ ၄-၃-၃ ကစားကြက္ကိုပဲ ခင္းက်င္းလာခဲ့ၿပီး တုိက္စစ္မွာဖာရန္ေတာရက္စ္၊ အဆန္စီယို၊ ေအာ္မိုုတို႔ကိုတြဲေပးခဲ့ပါတယ္။

1e008cd76ae5c3c796da613c74dd7eb5

ကြင္းလယ္မွာ ဂါဗီ၊ ဘက္စ္ကြက္စ္၊ ပတ္ဒရီတုိ႔ကို အသံုးျပဳခဲ့ၿပီး ေနာက္တန္းမွာ အက္ပီက်ဴတာ၊ ရိုဒရီ၊ လာေပါ့တ္၊ အယ္လ္ဘာတို႔ကို ကစားေစခဲ့တာပါ။ ေကာ္စတာရီကာကလည္း ၄-၄-၂ ကစားကြက္ကို အသံုးျးပဳခဲ့ကာ ကမ္းဘဲလ္ ဦးေဆာင္ပြဲထြက္လာခဲ့ပါတယ္။

AP22327638418548

အသင္းနွစ္သင္းရဲ႕ေျခစြမ္းပိုင္း၊ ကစားပံု၊ အဆင့္အတန္းက ေတာ္ေတာ္ေလး ကြာျခားလြန္းၿပီး ေနာက္ပိုင္းႏွစ္ေတြမွာ စပိန္ရဲ႕ အေကာင္းဆံုး ပံုစံကို ေတြ႕ျမင္ခဲ့ရတာပါ။ ကြင္းလယ္မွာပဲ ေဘာလံုးႀကီးကိုင္ထားၿပီးေ၀့၀ိႈက္မေနဘူး။

football-afp-2-1165162-1669230447

ဂါဗီျဖစ္ျဖစ္၊ ပတ္ဒရီျဖစ္ျဖစ္ တုိက္စစ္ဇုန္က ကစားသမားေတြနဲ႔ အၿမဲတမ္း အခ်ိတ္အဆက္ရွိတယ္။ ေတာင္ပံႏွစ္ဖက္ ျဖန္႔က်က္ၿပီး ေကာ္စတာရီကာ ခံစစ္ကို အခ်ိန္တုိင္း အလုပ္ရႈပ္ေစတာပါ။ တုိက္စစ္ပိုင္းမွာ အဓိက ခ်ီးက်ဴးလိုတာက အဆန္စီယိုျဖစ္ၿပီး တစ္သင္းလံးုအေနနဲ႔ဆုိရင္ အယ္လ္ဘာက အေကာင္းဆံုးပါ။

SABC-News-Spain-Costa-R

အဆန္စီယာက ဒီပြဲမွာ False 9 ပံုစံမ်ိဳး ကစားသြားခဲ့ၿပီး မလိုအပ္ခ်ိန္မွာ ေတာင္ပံေတြ၊ ကြင္းလယ္ေတြနဲ႔တြဲကာ ေကာ္စတာရီကာကစားသမားေတြ အငိုက္မိတဲ့ အခ်ိန္မ်ိဳးမွာ တိုက္စစ္ျမားဦးမွာ ေနရာယူၿပီး အဆံုးသတ္ေတြကလညး္ ေသခ်ာခဲ့ပါတယ္။ အယ္လ္ဘာကလည္း သူ႔အသက္အရြယ္နဲ႔ မလုိက္ အတက္၊ အဆင္းမွန္မွန္ ကစားသြားတာမ်ား မယံုနုိင္စရာပါ။

Untitled-design-2022-11-23-T122423-041

ေကာ္စတာရီကာဘက္က တစ္ပြဲလံုးလံုး တစ္ႀကိမ္ေတာင္ ကန္ခြင့္မရခဲ့တဲ့အထိ၊ စပိန္ဘက္က ဂုိးသမားမပါဘဲ ကန္ရင္ေတာင္ ေအးေဆးျဖစ္တဲ့အထိ ပြဲက ေတာ္ေတာ္ေလး တစ္ဖတ္ေစာင္းနင္းနုိင္ခဲ့ပါတယ္။ ပြဲအစ ၁၁ မိနစ္မွာတင္ စပိန္ ဦးေဆာင္ဂိုးရခဲ့ၿပီး ေအာ္မိုက သြင္းခဲ့တာပါ။ အဲဒီေနာက္ ၂၁ မိနစ္မွာ အဆန္စီယုိ၊ ၃၁ မိနစ္မွာ ပင္နယ္တီကေန ဖာရန္ေတာရက္စ္က တတိယေျမာက္သြင္းခဲ့ပါတယ္။

ဒုတိယပိုင္းမွာလညး္ စပိန္ကလည္း အျပတ္အသတ္ စိတ္ႀကိဳက္စိုးမိုးခဲ့ၿ႔ပီး ၅၄ မိနစ္မွာ ဖာရန္ေတာရက္စ္၊ ၇၄ မိနစ္မွာ ဂါဗီ၊ မိနစ္ ၉၀ မွာ ဆုိလာနဲ႔ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ မိုရာတာတို႔က ေနာက္ထပ္ဂိုးေတြ အသီးသီးသြင္းခဲ့ၿပီး ပြဲအၿပီးမွာ ၇ ဂိုးျပတ္ေအာင္ပြဲခံခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!