အာရှကျားကြီးတို့ ဂျာမနီတို့ ထိုက်တန်စွာ အလဲထိုးခဲ့တဲ့ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာအချက်များ

[UNICODE] ဂျာမနီကို အသည်းခွဲခဲ့တဲ့ ဂန်းနားတပ်သားဟောင်း

0-Getty-Images-1443885926

၈၃ မိနစ်မှာ ဂျာမနီကို အသည်းခွဲပြီး ဂျပန်အတွက် အနိုင်ဂိုးသွင်းပေးခဲ့သူက တခြားမဟုတ်ဘဲ အာဆင်နယ် ကစားသမားဟောင်း အဆာနိုပဲ ဖြစ်ပါတယ်။ အဆာနိုဟာ အာဆင်ဝင်းဂါးလက်ထက်တုန်းက ၂၀၁၆ ခုနှစ်မှာ အာဆင်နယ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီနောက် အငှားတွေ ထွက်ကစားရင်း အဆာင်နယ်မှာ အခွင့်အရေး မရခဲ့ဘဲ လက်ရှိမှာ ဂျာမန်ကလပ် ဘိုချမ်မှာ ကစားနေပါတယ်။

အာဂျင်လမ်းစဉ်နောက် လိုက်တဲ့ ဂျာမနီ

Germany-Photo-World-Cup-2022

နာမည်ကြီး ဂျာမနီကတော့ အာဂျင်တီးနားရဲ့လမ်းစဉ်နောက်ကို တစ်သွေမတိမ်းလိုက်ခဲ့ပါတယ်။ မနေ့ကပွဲမှာ အာဂျင်ဟာ ပထမပိုင်းမှာ မက်ဆီရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီး အံ့အားသင့်ဖွယ် ရှုံးပွဲကြုံခဲ့ပါတယ်။ ဂျာမနီကလည်း ပထမပိုင်းမှာ ဂန်ဒိုဂန်ရဲ့ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂျပန်ကို၈ မိနစ်မှာ နှစ်ဂိုးဆက်တိုက်ခွင့်ပြုပြီး အရေးနိမ့်ခဲ့ပါတယ်။

အဆုံးသတ်ညံ့ခဲ့တဲ့ ဂျာမနီ

germanyvsjapan

တကယ်ဆိုရင် ဂျာမနီတို့ဟာ မိနစ် ၆၀ မှာကတည်းက ၃ ဂိုးလောက် ပြတ်ထားနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပါတယ်။ မူဆီယာ၊ ဂနာဘရီတို့ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အဆံုံးသတ်ပိုင်းအားနည်းခဲ့ပါတယ်။ ဂန်ဒိုဂန်ကလည်း အခွင့်အရေးတွေ ရခဲ့ပေမယ့် တစ်ကိုယ်ကောင်းဆန်ခဲ့မှုက နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ဂျပန်ဂိုးသမားကလည်း လက်စွမ်းပြနေမှုက ဂျာမနီကိုရှုံးပွဲကြုံစေခဲ့ပါတယ်။

စံထားရတဲ့ ဆာမူရိုင်းစိတ်ဓာတ်

Getty-Images-1443882815

ဒီပွဲမှာ ဂျပန်တို့ရဲ့ ဆာမူရိုင်းစိတ်ဓာတ်ကလည်း လေးစားစရာကော်ငးခဲ့ပါတယ်။ ဂျာမနီကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ဂျပန်ဟာ စိတ်ဓာတ်ကျသွားခြင်း မရှိပါဘူး။ မိနစ် ၇၀ လောက်မှာကတည်းက ဂျပန်တို့ဟာ ဂျာမနီတို့ အသာစီးရယူကာ ဖိအားပေးကစားခဲ့ပါတယ်။ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ဂိုးသမားနူအာ လက်စွမ်းပြခဲ့လို့ ဂိုးစောစော မရခဲ့တာပါ။ ဒီပွဲစဉ်မှာ ဂျပန်အနေနဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ ဦးဆောင်ဂိုး ခွင့်ပြုအပြီးမှာ နောက်ကနေ ပြန်လိုက်ကစားကာ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

စိုးရိမ်ရေမှတ်ရောက်လာခဲ့တဲ့ ဂျာမနီ

Untitled1

ဂျပန်ကို အရေးနိမ့်ခဲ့တာကဂျာမနီတို့အတွက် တကယ့်ကို စိုးရိမ်ရေမှတ်ကို ရောက်ရှိစေခဲ့ပါတယ်။ ဒီအုပ်စုမှာ ဂျာမနီနဲ့ စပိန်တို့ကို အနီးကပ်ခြိမ်းခြော်ကနိုင်တာ ဂျပန်တစ်သင်းတည်းသာ ဂျပန်ကိုအရေးနိမ့်ခဲ့တာက နောက်တစ်ဆင့်အတွက် ဂျာမနီတို့ ရင်လေးစရာပါ။ စပိန်နဲ့ ဂျပန်ဟာ နောက်ဆုံးပွဲမှာမှ ထိပ်တိုက်တွေ့ဆုံရမှာပါ။ ဂျာမနီအနေနဲ့ စပိန်နဲ့ပွဲမှာ ရလဒ်မကောင်းရင် စပိန်ဟာ ဂျပန်နဲ့နောက်ဆုံးပွဲမှာ ရလဒ်ကို ပုံဖော်ကစားနိုင်စွမ်း ရှိသွားပါပြီ။

[ZAWGYI] ဂ်ာမနီကို အသည္းခြဲခဲ့တဲ့ ဂန္းနားတပ္သားေဟာင္း

0-Getty-Images-1443885926

၈၃ မိနစ္မွာ ဂ်ာမနီကို အသည္းခြဲၿပီး ဂ်ပန္အတြက္ အႏုိင္ဂိုးသြင္းေပးခဲ့သူက တျခားမဟုတ္ဘဲ အာဆင္နယ္ ကစားသမားေဟာင္း အဆာနုိပဲ ျဖစ္ပါတယ္။ အဆာနုိဟာ အာဆင္၀င္းဂါးလက္ထက္တုန္းက ၂၀၁၆ ခုနွစ္မွာ အာဆင္နယ္ကိုေရာက္လာခဲ့ပါတယ္။ အဲဒီေနာက္ အငွားေတြ ထြက္ကစားရင္း အဆာင္နယ္မွာ အခြင့္အေရး မရခဲ့ဘဲ လက္ရွိမွာ ဂ်ာမန္ကလပ္ ဘိုခ်မ္မွာ ကစားေနပါတယ္။

အာဂ်င္လမ္းစဥ္ေနာက္ လိုက္တဲ့ ဂ်ာမနီ

Germany-Photo-World-Cup-2022

နာမည္ႀကီး ဂ်ာမနီကေတာ့ အာဂ်င္တီးနားရဲ႕လမ္းစဥ္ေနာက္ကို တစ္ေသြမတိမ္းလိုက္ခဲ့ပါတယ္။ မေန႔ကပြဲမွာ အာဂ်င္ဟာ ပထမပိုင္းမွာ မက္ဆီရဲ႕ ပင္နယ္တီဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာ ေခ်ပဂိုးနဲ႔ အနိုင္ဂိုးေတြ ဆက္တုိက္ေပးခဲ့ရၿပီး အံ့အားသင့္ဖြယ္ ရႈံးပြဲႀကံဳခဲ့ပါတယ္။ ဂ်ာမနီကလညး္ ပထမပိုင္းမွာ ဂန္ဒိုဂန္ရဲ႕ပင္နယ္တီဂိုးနဲ ႔ ဦးေဆာင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဂ်ပန္ကို၈ မိနစ္မွာ နွစ္ဂိုးဆက္တုိက္ခြင့္ျပဳၿပီး အေရးနိမ့္ခဲ့ပါတယ္။

အဆံုးသတ္ညံ့ခဲ့တဲ့ ဂ်ာမနီ

germanyvsjapan

တကယ္ဆုိရင္ ဂ်ာမနီတို႔ဟာ မိနစ္ ၆၀ မွာကတည္းက ၃ ဂိုးေလာက္ ျပတ္ထားနုိ္င္မယ့္ အခြင့္အေရးေတြ ရခဲ့ပါတယ္။ မူဆီယာ၊ ဂနာဘရီတို႔ အပိုင္အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အဆံံုးသတ္ပိုင္းအားနည္းခဲ့ပါတယ္။ ဂန္ဒိုဂန္ကလည္း အခြင့္အေရးေတြ ရခဲ့ေပမယ့္ တစ္ကိုယ္ေကာင္းဆန္ခဲ့မႈက နစ္နာခဲ့ရပါတယ္။ ဒါ့အျပင္ ဂ်ပန္ဂိုးသမားကလည္း လက္စြမ္းျပေနမႈက ဂ်ာမနီကိုရႈံးပြဲႀကံဳေစခဲ့ပါတယ္။

စံထားရတဲ့ ဆာမူရိုင္းစိ္တ္ဓာတ္

Getty-Images-1443882815

ဒီပြဲမွာ ဂ်ပန္တို႔ရဲ႕ ဆာမူရိုင္းစိတ္ဓာတ္ကလည္း ေလးစားစရာေကာ္ငးခဲ့ပါတယ္။ ဂ်ာမနီကို ဦးေဆာင္ဂိုးေပးခဲ့ရေပမယ့္ ဂ်ပန္ဟာ စိတ္ဓာတ္က်သြားျခင္း မရွိပါဘူး။ မိနစ္ ၇၀ ေလာက္မွာကတည္းက ဂ်ပန္တုိ႔ဟာ ဂ်ာမနီတုိ႔ အသာစီးရယူကာ ဖိအားေပးကစားခဲ့ပါတယ္။ အခြင့္အေရးေတြ ရခဲ့ေပမယ့္လည္း ဂိုးသမားႏူအာ လက္စြမ္းျပခဲ့လို႔ ဂိုးေစာေစာ မရခဲ့တာပါ။ ဒီပြဲစဥ္မွာ ဂ်ပန္အေနနဲ႔ ကမၻာ့ဖလားသမုိင္းမွာ ဦးေဆာင္ဂိုး ခြင့္ျပဳအၿပီးမွာ ေနာက္ကေန ျပန္လိုက္ကစားကာ အနုိင္ရရွိခဲ့တဲ့ ပထမဆံဳးပြဲစဥ္လည္း ျဖစ္ခဲ့ပါတယ္။

စိုးရိမ္ေရမွတ္ေရာက္လာခဲ့တဲ့ ဂ်ာမနီ

Untitled1

ဂ်ပန္ကို အေရးနိမ့္ခဲ့တာကဂ်ာမနီတုိ႔အတြက္ တကယ့္ကို စိုးရိမ္ေရမွတ္ကို ေရာက္ရွိေစခဲ့ပါတယ္။ ဒီအုပ္စုမွာ ဂ်ာမနီနဲ႔ စပိန္တုိ႔ကို အနီးကပ္ၿခိမ္းေျခာ္ကနုိင္တာ ဂ်ပန္တစ္သင္းတည္းသာ ဂ်ပန္ကိုအေရးနိမ့္ခဲ့တာက ေနာက္တစ္ဆင့္အတြက္ ဂ်ာမနီတုိ႔ ရင္ေလးစရာပါ။ စပိန္နဲ႔ ဂ်ပန္ဟာ ေနာက္ဆံုးပြဲမွာမွ ထိပ္တိုက္ေတြ႕ဆံုရမွာပါ။ ဂ်ာမနီအေနနဲ႔ စပိန္နဲ႔ပြဲမွာ ရလဒ္မေကာင္းရင္ စပိန္ဟာ ဂ်ပန္နဲ႔ေနာက္ဆံုးပြဲမွာ ရလဒ္ကို ပံုေဖာ္ကစားနုိ္င္စြမ္း ရွိသြားပါၿပီ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!