တိုက်စစ်ချင်း အညံ့ပြိုင်ခဲ့ကြပြီး ဘိုးဘွားရိပ်သာအသင်းဆီကနေ အမှတ်ခွဲယူခဲ့တဲ့ မော်ရိုကို (မော်ရိုကို ဝ-၀ ခရိုအေးရှား ပွဲပြီးသုံးသပ်ချက်)
[ေUNICODE] မာ်ရိုကို ဝ-၀ ခရိုအေးရှား
01gjhzrbdy5fj595hdfe
၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲအထိ တက်ခဲ့တဲ့ ခရိုအေးရှားကတော့ ဒီနေ့ပွဲမှာ တိုက်စစ်ပိုင်းအားနည်းလို့ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ ခရိုအေးရှားဟာ ဒီပွဲမှာ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ပါရီဆစ်၊ ခရာမာရစ်၊ ဗလာဆစ်တို့ကို တွဲပေးခဲ့ပါတယ်။
2022-11-23t101608z-1867712142-up1eibn0siu66-rtrmadp-3-soccer-worldcup-mar-cro-report
ကွင်းလယ်မှာ ကိုဗာဆစ်၊ မိုဒရစ်၊ ဘရိုဇိုဗစ်တို့ကို အသုံးပြုခဲ့ပြီး ခံစစ်မှာတော့ လိုဗရန်၊ ဆိုဆာ၊ ဂျူရာနိုဗစ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ မော်ရိုကိုကလည်း ၄-၃-၃ ကစားကွက်ကိုပဲ ခင်းကျင်းခဲ့ပြီး ဇီးယက်ချ၊် ဟာကီမီ ဦးဆောင်လာကာ သူတို့ရဲ့ အတောင့်တင်းဆုံးလူစာရင်းကိုပဲ အသုံးပြုခဲ့တာပါ။
89322f4e-97b6-4e3c-88d4-6e958f82116d
ပွဲစတယ်ဆိုတာနဲ့ နှစ်သင်းစလုံးက အပြန်အလှန်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ။် မော်ရိုကိုရဲ့ ကစားအားက ထင်မှတ်မထားလောက်အောင် ကောင်းမွန်ခဲ့လို့ ခရိုအေးရှား အခက်တွေ့ခဲ့ရပါတယ်။ မိုဒရစ်၊ ကိုဗာဆစ်တို့ရဲ့ ခရိုအေးရှားကွင်းလယ်က မော်ရိုကိုဘက်ကို လွှမ်းမိုးနိုင်ခခဲ့ပေမယ့် တိုက်စစ်ပျောက်ခဲ့ရပါတယ်။
e36a9d0908670eb16bc2687a9b8fc49e
မော်ရိုကိုကလည်း တန်ပြန်တိုက်စစ်တွေကနေ ခရိုအေးရှားဘက်ကို လျင်လျင်မြန်မြန် တိုက်စစ်ဆင်ပြီး ဖိအားပေးခဲ့ပေမယ့် တိုက်စစ်က အားပျော့လွန်းခဲ့ပါတယ်။ ပွဲချိန် ၁၆ မိနစ်မှာ ခရိုအေးရှားဘက်က ပါရီဆစ်ရဲ့ အဝေးကန်ချက်တစ်ကြိမ်ကောင်းမွန်ပေမယ့် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့ပါတယ်။
photo1669198321977-1669198322051483161462
နှစ်သင်းစလုံးဟာ ကွင်းလယ်မှာသာ အပျက်များနေခဲ့ပြီး ကစားပုံက သိပ်အားရစရာ မရှိခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီးမှာခရိုအေးရှားဘက်က ဗလာဆစ် အပိုင်ပိတ်သွင်းခွင့်ရခဲေ့ပမယ့် မော်ရိုကိုဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။
Untitled
ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးရဲ့ ကစားအားက ထွေထွေထူးထူး ကောင်းမွန်လာခြင်း မရှိခဲ့ဘဲ ပွဲကကွင်းလယ်မှာသာ အိုင်နေခဲ့ပါတယ်။ ခရိုအေးရှားတို့ ကွင်းလယ်ပိုင်း အသာစီးရယူပြီး ပွဲကိုစိုးမိုးထားခဲ့ပေမယ့် တိုက်စစ်မှာ ဦးဆောင်သူပျောက်ဆုံးနေပြီး ဂိုးရခက်နေခဲ့ပါတယ်။
Untitled1
၅၂ မိနစ်မှာလည်း ခရိုအေးရှားဘက်က အခွင့်အရေးကောင်းတစ်ကြိမ် ရခဲ့ပေမယ့် ဒီတစ်ခါမှာလည်း မော်ရိုကို ဂိုးသမားကာကွယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မော်ရိုကိုက ခံစစ်ကိုပိုမိုအာရုံစိုက်ခဲ့ပြီး ခရိုအေးရှားဆီကနေ သရေတစ်မှတ် ခွဲယူခဲ့ပါတယ်။
[ေZAWGYI] မာ္ရိုကို ၀-၀ ခရိုအေးရှား
Untitled
Untitled1
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!