ဆာမူရိုင်းတွေရဲ့ ဓားချက်တွေအောက် ဂျာမန်ဘီလူးကြီးတို့ ရုန်းကန်ရဦးမလား (ဂျာမနီ – ဂျပန် ပွဲကြိုသုံးသပ်ချက်)

ဂျာမနီ – ဂျပန်

65e1e18b-e67f-41ce-8e77-662126c27772

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ အရှိန်အဟုတ်ကောင်းကောင်းနဲ့ ယှဥ်ပြိုင်နေကြပြီလည်း ဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ အုပ်စု အီးက ပွဲစဥ်တွေကို ယှဥ်ပြိုင်သွားကြမှာြဖစ်ပါတယ်။ အုပ်စုအီးပွဲစဥ်တွေမှာ အကြိတ်အနယ်ရှိတဲ့ ပွဲတစ်ပွဲကတော့ နာမည်ကြီး ဂျာမနီဟာ အာရှထိပ်သီးဂျပန်နဲ့ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။

1243906344-5

လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်မယ်ဆိုရ်င မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်နေ်ခဲ့တာကို တွေ့ရမှာပါ။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာလည်း ရေပန်းအစားဆုံး အာဂျင်တီးနားဟာ ဆော်ဒီကို အမှတ်မထင် အရေးနိမ့်ခဲ့ပါတယ်။ နည်းပြဟန်ဆီဖလစ်လက်အောက်မှာ ဂျာမနီရဲ့ခြေစွမ်းပိုင်းက အားရစရာ မရှိသေးဘဲ တစ်ပွဲနဲ့တစ်ပွဲ ခြေစွမ်းမတည်ငြိမ် ဖြစ်နေပါတယ်။

Getty-Images-1427668274

ပြီးခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲပြိုင်ပွဲမှာလည်း ဂျာမနီရဲ့‌ြေခွမ်းပိုင်း အားရစရာမကောင်းခဲ့ဘဲ ၆ ပွဲမှာ ၁ ပွဲသာအ နိုင်ရရှိခဲ့ပြီး ၄ ပွဲသရေ ၁ပွဲအရေးနိမ့်ထားခဲ့ပါတယ်။ ပြီးခဲတဲ့့ အိုမန််နဲ့‌ြေခစမ်းပွဲမှာလည်း ဂျာမနီရဲ့ခြေစွမ်းပိုင်း အားရစရာမကောင်းခဲ့ပါဘူး။ ဂျာမနီရဲ့ တိုက်စစ်စုဖွဲ့မှုမှာ ဆာနေး၊ ဟာဗက်ဇ်၊ မော်ကိုကိုတို့နဲ့ စုဖွဲ့မှုက ကောင်းမွန်ပေမယ့် ကွင်းလယ်ဖန်တီးမှုပိုင်းကတော့ အားနည်းနေပါတယ်။

nba-canada-63d19643-e67e-4cdc-a4f2-babc75ac9de6

ဂျာမနီရဲ့ခံစစ်ပိုင်းကလည်း စိတ်ချရတဲ့ အနေအထားမှာ မရှိဘဲ ပွဲတိုင်းနီးပါးဂိုးပေးထားရတဲ့ အနေအထားကို တွေ့ရပါတယ်။ ဂျပန်ကတော့ ကမ္ဘာ့ဖလားပြု်ငပွဲတွေမှာ စုဖွဲ့မှုကောငး်ကောင်းနဲ့ မာမာထန်ထန် ကစားတတ်တဲ့အသင်းမျိုးပါ။ လက်ရှိရွေးချယ်ထားတဲ့ လူစာရင်းအရကလည်း ဂျပန်ဟာ လူငယ်နဲ့လူကြီး ဟန်ချက်ညီနေပြီး အားရစရာကေ်ာငးတဲ့ စုဖွဲ့မှုမျ်ုးကို တွေ့ရပါတယ်။

နောက်ပြီး ဂျပန်ဟာ အာရှထိပ်သီးအသင်းပီပီ အသင်းကြီးတွေနဲ့ တွေ့ဆုံရတဲ့ပွဲတွေဆိုရင် မရှိန်တတ်ဘဲ အကောင်းဆုံး တုံ့ပြန်ကစားနိုင်တဲ့အသင်းပါ။ ဂျပန်ဟာ အသင်းကြီးတွေဆိုရင်လည်း ခံစစ်ပိတ်မကန်ဘဲ သူတင်ကိုယ်တင် တိုက်စစ်ဖွင့် ကစားတတ်တဲ့အသင်းပါ။ ဒါကြောင့် ပွဲတိုင်းနီးပါးဂိုးပေးထားရတဲ့ ဂျာမနီခံစစ်ကြောင်းအနေနဲ့ ဂျပန်ရဲ့ လျင်မြန်တဲ့တိုက်စစ်ကို ထိန်းနိုင်မှာ မဟုတ်ပါဘူး။

np-file-184986

ဂျာမနီအနေနဲ့ ဒီအုပ်စုမှာ နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုရင် စပိန်နဲ့ပွဲထက် အခုပွဲစဥ်ကပိုပြီးအရေးပါပါတယ်။ ဂျာမနီရဲ့ခြေစွမ်းပိုင်းက အကောင်းကြီး မဟုတ်သေးပေမယ့် ဂျပန်နဲ့ယှဥ်ရင် အဆင့်အတန်းတစ်ခုတော့ ကွာခြားပါသေးတယ်။ အပြန်အလှန်ဂိုးတွေနဲ့ ဂျာမနီတို့ ကပ်အနိုင်ရသွားမယ်ထင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဂျာမနီ ၃-၂ ဂျပန်



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!