မန်ယူအသင်းကနေ တရားဝင်ထွက်ခွာသွားတဲ့ ရော်နယ်ဒို

မန်ယူ နဲ့ ရော်နယ်ဒို တို့က ၂ ဦး ၂ ဖက် သဘောတူညီချက်နဲ့ စာချုပ် ကို ဖျက်သိမ်းသွားပြီဖြစ်ပါတယ်။ ရော်နယ်ဒို က ပီရက်စ် မော်ဂန် နဲ့ အင်တာဗျူး အပြီးမှာ ကလပ်နဲ့ အဆင် မပြေသလို အသင်းဖော်တွေနဲ့ပါ အဆင်ပြေခြင်း မရှိတာကြောင့် ခုလို လမ်းခွဲလိုက်ကြတာပါ။

image
IMAGE: GOAL

ရော်နယ်ဒိုက ကလပ်က သူ့ကို အသင်းကနေ ဖယ်ထုတ်ဖို့ ကြိုးစားနေတာ၊ ကလပ် အနေနဲ့ တိုးတက်မှု မရှိဘူး၊ သူ့အနေနဲ့ တန်းဟဂ်ကို လေးစားခြင်း မပြုနိူင်ဘူးဆိုပြီး အင်တာဗျူးမှာ ဖြေကြားခဲ့တာကြောင့် ကလပ်နဲ့ အဆင် မပြေ ဖြစ်ခဲ့တာပါ။ ရော်နယ်ဒိုက မန်ယူအသင်းနဲ့ စာချုပ် သက်တမ်း ၇ လ ကျန်ရှိနေတာဖြစ်ပြီး မန်ယူ အသင်းဆီကနေ လခ ပေါင် ၁၇ သန်းနီးပါး အဆုံးရှုံးခံလိုက်တာဖြစ်ပါတယ်။

image
IMAGE: GOAL

မန်ယူအသင်းကတော့ တရားဝင် ဝဘ်ဆိုဒ်ကနေ ‘ရော်နယ်ဒိုက မန်ယူအသင်းကနေ ၂ ဦး ၂ ဖက် သဘောတူညီချက်နဲ့ ချက်ချင်း ထွက်ခွာတော့မှာပါ။ ကလပ်အနေနဲ့ သူ အိုးထရက်ဖိုဒ့်မှာ ၂ ကြိမ် ကစားခဲ့ကာ ၃၆၄ ပွဲမှာ ၁၄၅ ဂိုး သွင်းယူခဲ့လို့ ကျေးဇူးတင်ပါတယ်။

image
IMAGE: GOAL

သူနဲ့ သူ့ မိသားစု အနာဂတ် ခရီးလမ်းမှာ သာယာဖြောင့်ဖြူးပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ မန်ယူမှာ ရှိတဲ့ လူတွေ အားလုံး အဲရစ် တန်ဟဂ် ရဲ့ ဦးဆောင် ညွန်ကြားမှုနဲ့ အတူ ကလပ်ကို အောင်မြင်အောင် လက်တွဲလုပ်ဆောင်သွားဖို့ အာရုံစိုက် လျက်ရှိနေပါတယ်။’ ဆိုပြီး ကြေငြာချက်ထုတ်ပြန်သွားပါတယ်။

image
IMAGE: GOAL

ရော်နယ်ဒိုကလည်း ‘ကျွန်တော် မန်ယူ အသင်းနဲ့ စကားပြောပြီးမှာ စာချုပ်ကို စောစောစီးစီး ဖျက်သိမ်းဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ ကျွန်တော် မန်ယူအသင်းကို ချစ်နှစ်သက်သလို ပရိတ်သတ် အပေါ်ချစ်တဲ့ အချစ်ကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။

image
IMAGE: GOAL

ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော့် အနေနဲ့ စိန်ခေါ်မှု အသစ် အတွက် ဖွေရှာရမယ့် အချိန်ရောက်ပါပြီ။ ကျွန်တော့် အနေနဲ့ အသင်း ကို လက်ရှိရာသီရော အနာဂတ်မှာပါ အောင်မြင်ဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။’ ဆိုပြီး ဖြေကြားခဲ့ပါတယ်။

SOURCE: MIRROR



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!