ဘာပေရဲ့လျှပ်စီးကစားဟန်၊ ဂျရူးရဲ့တိကျတဲ့အဆုံးသတ်နဲ့ ဖလားယူဖို့ ဘန်ဇီမာကို မလိုအပ်ခဲ့တဲ့ ပြင်သစ် ( ပြင်သစ် ၄-၁ သြဇီ ပွဲပြီးသုံးသပ်ချက်)
[ြUNICODE] ပင်သစ် ၄-၁ သြစတြေးလျ
637d3d323415d
လက်ရှိချန်ပီယံပြင်သစ်ကတော့ အဖွင့်ပွဲစဉ်မှာ အခက်အခဲမရှိဘဲ ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပြင်သ်စအနေနဲ့ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဂျရူး၊ အမ်ဘာပေ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့ကို အသုံးပြုခဲ့ပါတယ်။
637d4383062d9637d4383062da1669153667637d4383062d4637d4383062d7
ကွင်းလယ်မှာ ရာဘီအော့ဖ်၊ ချူအာမန်နီတို့ကို တွဲပေးခဲ့ပြီး ခံစစ်မှာ ဟာနန်ဒက်ဇ်၊ အူပါမီကာနို၊ ကိုနာတေး၊ ပါဗက်စ်တို့ကို ခင်းကျင်းခဲ့တာပါ။ သြစတြေးလျကလည်း ၄-၁-၄-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီးသူတို့ရဲ့ အတောင့်တင်းဆုံး ပုံစံနဲ့ ပြင်သစ်ကို ရင်ဆိုင်ခဲ့တာပါ။
a1577f926a219290ef28157a3f1e2227
ဘန်ဇီမာ၊ ပေါ့ဂ်ဘာ၊ ကန်တီတို့ မပါဝင်လို့ စိုးရိမ်ခဲ့ကြပေမယ့်လည်း ပြင်သစ်ဟာ သူ့အလုပ်သူ အကောင်းဆုံး လုပ်ပြခဲ့ပါတ်ယ။ပြင်သစ်ရဲ့ တိုက်စစ်ကစားပုံက အားရစရာကောင်းပြီး ဝေ့ဝိုက်မနေကာ မြန်ဆန်ထိရောက်ခဲ့ပါတယ်။
cover
အထူးသဖြင့် အဓိက ချီးကျူးရမှာ ဂျရးူပါ။ ဂျရူးဟာ အေစီမီလန်မှာ ခြေစွမ်းပြနေတဲ့ သူ့ပုံစံကော်းကို ပြင်သစ်ထံ ဆက်လက်သယ်ဆောင်လာခဲ့ပါတယ်။ အမ်ဘာပေကလည်း ပီအက်စ်ဂျီမှာတုန်းကလည်း တစ်ကိုယ်ကောင်းမဆန်ဘဲ အသင်းဖော်တွေနဲ့ လိုက်လျောညီထွေစွာ ကစားခဲ့ပါတယ်။
france-defeats-australia-4-1-in-world-cup-group-stage-match-800x416
အဲဒါကြောင့်လည်း ပြင်သစ်တိုက်စစ်က ကြည့်ရမြိုင်ခဲ့ပြီး အားရစရာကောင်းတဲ့ ပုံစံကို တွေ့မြင်ခဲ့ရပါတယ်။ သြစတြေးလျက ပွဲအစ ၉ မိနစ်မှာ ဦးဆောင်ဂိုးသွင်းနိုင်တာကလွဲရင် ပြင်သစ်ကို ဘယ်အပိုင်းမှ မယှဉ်နိုင်ခဲ့ပါူဘး။ ပြင်သစ်တို့ အထနှေးမှုကို အခွင့်ကောင်းယူပြီး ၉ မိနစ်မှာ ဂွတ်ဝင်းက သြဇီအတွက် ဦးဆော်ငဂိုးသွင်းပေးခဲ့ပါတယ်။
france-v-australia-group-d-fifa-world-cup-qatar-2022-scaled
ဒါပေမယ့် ပြင်သစ်တို့ ပျာယာသွားတာမျိုး မရှိဘဲ ဖြည်းဖြည်းမှန်မှန် တိုက်စစ်ပုံဖော်ရင်း သြဇီဘက်ကို ပြန်လည် ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၇ မိနစ်မှာ ရာအီအော့ဖ်နဲ့ ၃၂ မိနစ်မှာ ဂျရူးတို့က ပြင်သစ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းပေးခဲ့ပြီး ပထမပိုင်းမှာ ၂-၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။
L4-UQVGDVMQ6-IFQSNSLC36-DJXNM
ဒုတိယပိုင်းမှာတော့ ပွဲကပိုမိုတစ်ဖက်သတ်ဆန်သွားခဲ့ပြီး ပြင်သစ်အသင်းက ပွဲကိုစိတ်ကြိုက်စိုးမိုးထိုးဖောက်နေခဲ့ပါတယ်။ သြဇီကတော့ ခံစစ်ကြောင်းမှာပဲ အချိန်ကုန်နေခဲ့ပါတယ်။ ၆၈ မိနစ်မှာ အမ်ဘာပေနဲ့ ၇၁ မိနစ်မှာ ဂျရူးတို့က ပြင်သစ်အတွက် နောက်ထပ်အနိုင်ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ပါတယ်။
[ျZAWGYI] ပင္သစ္ ၄-၁ ၾသစေၾတးလ်
637d3d323415d
cover
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!